သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားရေဘေးကြောင့် သေဆုံးသူ ၂၀၀၀၀ ခန့်ရှိနိုင်ကြောင်းခန့်မှန်း


လစ်ဗျားနိုင်ငံ Derna မြို့မှာ ရေဘေးကနေ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြသူများ (စက်တင်ဘာ ၁၃၊ ၂၀၂၃)
လစ်ဗျားနိုင်ငံ Derna မြို့မှာ ရေဘေးကနေ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြသူများ (စက်တင်ဘာ ၁၃၊ ၂၀၂၃)

ပြီးခဲ့တဲ့ တနင်္လာနေ့ညက အာဖရိကတိုက် မြောက်ပိုင်း လစ်ဗျားနိုင်ငံ Derna မြို့မှာ အင်အားပြင်းမုန်တိုင်းတိုက်ခတ်ပြီး၊ ရေကာတာတွေကျိုးပေါက်ပြီး ရေလွှမ်းမိုးခဲ့တာကြောင့် သေဆုံး၊ ပျောက်ဆုံးနေသူ ထောင်နဲ့ချီကို ကယ်ဆယ်ရေးသမားတွေ ဆက်ပြီးရှာဖွေနေကြပါတယ်။ ရေကာတာကျိုးပေါက်ရေလျှံတာကြောင့် အနည်းဆုံး လူ ၆၀၀၀ ကျော်သေဆုံးပြီး၊ ၁၀၀၀၀ လောက်ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ သေဆုံးသူဦးရေ ၂၀၀၀၀ လောက်ထိတိုးလာနိုင်တယ်လို့လည်း Derna မြို့တော်ဝန်ကပြောပါတယ်။

ပျောက်ဆုံးနေသူတွေဟာ မြေထဲပင်လယ်ထဲ မျောပါသွားတာ ဒါမှမဟုတ် အပျက်အစီးပုံတွေကြားအောက်မှာ ပိတ်မိနေတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ရေထဲသေဆုံး ပုပ်ပွနေတဲ့ အလောင်းတွေကြောင့် ရောဂါကူးစက်မှုတွေဖြစ်ပွါးမှာကိုလည်း အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေတဲ့သူတွေ စိုးရိမ်နေကြတာပါ။

ရေဘေးသင့်သူတွေ အတွက် ဆေးဝါးနဲ့ အခြား အရေးပေါ် အကူအညီတွေလိုအပ်နေကြောင်း ဒေသခံတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေက ပြောဆိုပါတယ်။ ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ရဲ့ ထုတ်ပြန်ချက်မှာတော့ လစ်ဗျားအရှေ့ခြမ်းက ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၃၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG