သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အပစ္ရပ္အဖဲြ႕ ေခါင္းေဆာင္ေတြ ထိုင္းႏိုင္ငံမွာ ေဆြးေႏြး


အပစ္ရပ္ တိုင္းရင္းသား ၁၀ ဖဲြ႔ရဲ႕ ရဲ့ စတုတၳအၾကိမ္ ထိပ္သီးေခါင္းေဆာင္မ်ား ညီလာခံ (Photo- NCA-S EAO)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာျဖစ္ေနတ့ဲ ႏုိင္ငံေရးျပႆနာေတြကို ႏိုင္ငံေရးအစီအစဥ္တခု လုပ္သြားႏိုင္ဖို႔ NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္ ၁၀ ဖဲြ႔ ထိုင္းႏိုင္ငံမွာ ေဆြးေႏြးေနၾကပါတယ္။ အပစ္ရပ္ တိုင္းရင္းသား ၁၀ ဖဲြ႔ရဲ႕ ရဲ့ စတုတၳအၾကိမ္ ထိပ္သီးေခါင္းေဆာင္မ်ား ညီလာခံ ဒုတိယပိုင္းမွာ ေဆြးေႏြးေနၾကတာပါ။ မတ္လ ၂၉ ရက္ကေန ဧၿပီ ၂ ရက္အထိ ထိုင္းႏုိင္ငံမွာ က်င္းပေနတဲ့ ညီလာခံအေၾကာင္း ရန္ကုန္က ေပးပို႔လာတဲ့ ဒီသတင္းအျပည့္အစံုကို ကိုခင္ေမာင္စိုးမင္း က တင္ျပထားပါတယ္။

အပစ္ရပ္ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြရဲ့ စတုတၳအၾကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား ညီလာခံ ဒုတိယပိုင္းကို ထိုင္းႏိုင္ငံခ်င္းမိုင္ၿမိဳ႔မွာ မတ္လ ၂၉ ရက္ကေန႔က စတင္က်င္းပေနပါတယ္။ ဒီညီလာခံကေန ႏို္င္ငံေရးလုပ္ငန္းစဥ္တစ္ရပ္ ဒါမွမဟုတ္ ႏိုင္ငံေရး လမ္းျပေျမပံုတစ္ရပ္ကို ခ်မွတ္ဖို႔ ရည္ရြယ္ထားေၾကာင္း NCA လက္မွတ္ထိုး အဖဲြ႔ေတြရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ေျပာေရးဆုိခြင့္ရိွသူ ရဲေဘာ္မ်ိဳး၀င္းက ဗီြအိုေအ ကို အခုလို ေျပာပါတယ္။

“လက္ရိွ ႏိုင္ငံေရးအေျခအေန ေအာက္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အေကာင္အထည္ေဖာ္မႈ ရပ္နားထားတဲ့ အေျခအေနေအာက္မွာ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ အေျဖရွာႏိုင္ဖုိ႔ အတြက္ကို PPST အေနနဲ႔ ႏိုင္ငံေရး ရည္မွန္းခ်က္ ၇ ရပ္ကို ခ်မွတ္ထားတာေပါ့ေနာ္။ အဲဒီႏိုင္ငံေရးရည္မွန္းခ်က္ ခ်မွတ္ႏိုင္ဖုိ႔အတြက္၊ လက္ရိွ ႏိုင္ငံေရးအက်ပ္အတည္းေျဖရွင္းဖုိ႔ ဆုိရင္ ႏိုင္ငံေရးအစီအစဥ္တစ္ခု ေဖာ္ထုတ္ႏိုင္ဖုိ႔အတြက္ကို က်ေနာ္တုိ႔အတြင္းမွာ ညိွႏိႈင္းေနတာ ၾကာၿပီေပါ့ေနာ္။ အဲဒီအစဥ္အစဥ္တစ္ခုကို Summit မွာ တင္သြင္းၿပီးေတာ့ အတည္ျပဳခ်က္ ယူႏိုင္ဖုိ႔အတြက္ ၾကိဳးစားသြားမယ္။ ဒါ တစ္ခ်က္ေပါ့။ ”

စစ္တပ္အာဏာသိမ္းၿပီးေနာက္ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖဲြ႔က NCA လုပ္ငန္းစဥ္ေတြကို ရပ္တန္႔ထားခဲ့ပါတယ္။ PPST လက္႐ွိ ခ်မွတ္ထားတဲ့ ႏိုင္ငံေရးရည္မွန္းခ်က္ ၇ ရပ္မွာ အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးေခါင္းေဆာင္ေတြ အပါအ၀င္ ပုဂိၢဳလ္အားလံုး လႊတ္ေပးၿပီး ေဆြးေႏြးအေျဖရွာဖို႔၊ သက္ဆုိင္သူေတြအားလံုးပါ၀င္ဖို႔ ဆိုတဲ့အခ်က္ေတြ ပါ၀င္တာျဖစ္ပါတယ္။

ဒီရည္မွန္းခ်က္ ၇ ခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ လက္ရိွအေျခအေနနဲ႔ ကိုက္ညီတဲ့ စုဖဲြ႔မႈေတြ ေဆာင္ရြက္ဖုိ႔၊ ဒီလို ေဆာင္ရြက္ရာမွာ NCA လက္မွတ္ မထုိးတဲ့ အဖဲြ႔ေတြပါ ပါ၀င္ႏိုင္ဖုိ႔ စတာေတြကိုလည္း ညီလာခံမွာ ေဆြးေႏြးဆံုးျဖတ္ဖို႔ ရိွေနပါတယ္။ ဒီညီလာခံမွာ ကရင္အမ်ိဳးသားအစည္းအရံုး KNU ဥကၠဌ ဗိုလ္ခ်ဳပ္ၾကီး ေစာမူတူးေဆးဖုိးနဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္ၾကီး ယြက္စစ္ တို႔ကိုလည္းအထူးဖိတ္ၾကားသူအျဖစ္ ဖိတ္ၾကားခဲ့ပါတယ္။

KNU ဥကၠဌ ဗိုလ္ခ်ဳပ္ၾကီး ေစာမူတူးေဆးဖုိးက ညီလာခံအဖြင့္အမွာစကားေျပာၾကားရာမွာ ျမန္မာႏိုင္ငံမွာ လက္ရိွျဖစ္ပ်က္ေနတဲ့ အေျခအေနေတြဟာ အခ်င္းခ်င္း အျပန္အလွန္သတ္ျဖတ္ေနတယ္။ ဒီျပႆနာကို စားပဲြ၀ိုင္းမွာ နည္းလမ္းရွာၿပီး ေျဖရွင္းဖို႔ လိုအပ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။
ညီလာခံကို ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႔မွာ မ်က္ႏွာခ်င္းဆိုင္ေရာ Video Conferencing နည္းနဲ႔ပါက်င္းပေနတဲ့ ညီလာခံ ပထမေန႔မွာ တိုင္းရင္းသားေခါင္းေဆာင္ေတြ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) အဖြဲ႕ဝင္ ေခါင္းေဆာင္ေတြ၊ အလုပ္အဖဲြ႔၀င္ေတြ၊ အၾကံေပးအဖဲြ႔၀င္ေတြ၊ ၾသစေၾတးလ် ၊ ကေနဒါ အပါအဝင္ အေနာက္ႏိုင္ငံ ႏိုင္ငံ ၆ ႏိုင္ငံက သံတမန္ေတြအျပင္ အေမရိကန္အစိုးရရဲ႕ ႏိုင္ငံတကာဖြံ႔ၿဖိဳးေရးေအဂ်င္စီ
USAID မွ ယာယီဌာေနကိုယ္စားလွယ္လည္း ပါ၀င္ တက္ေရာက္ခဲ့ပါတယ္။

စစ္ေကာင္စီရဲ့ အမ်ိဳးသား စည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ေကာ္မတီ (NSPNC) နဲ႔ တပ္မေတာ္ေန႔ အခမ္းအနားကို တက္ေရာက္လာတဲ့ NCA လက္မွတ္ထိုးထားတဲ့ အဖြဲ႕ (၅) ဖြဲ႕ တို႔ဟာလည္း မတ္လ ၂၈ ရက္ တနလၤာေန႔က ေနျပည္ေတာ္မွာ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။
ဒီေဆြးေႏြးပဲြမွာ NSPNC ဥကၠဌ ဒုဗိုလ္ခ်ဳပ္ၾကီး ရာျပည့္က စစ္ေကာင္စီဘက္က ၿငိမ္းခ်မ္းေရး ဖိတ္ေခၚမႈအေျခအေန၊ ပဋိပကၡ ေလွ်ာ့ခ်ႏိုင္ေရး၊ ယံုၾကည္မႈတည္ေဆာက္ေရး၊ ႏိုင္ငံေရးေဆြးေႏြးပဲြေတြ က်င္းပႏိုင္ေရး၊ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး၊ ေဒသဖံြ႔ျဖိဳးေရးနဲ႔ လက္ရိွ ၿငိမ္းခ်မ္းေရး အေျခအေနေတြကို ရွင္းလင္း ေျပာၾကားခဲ့ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြဘက္ကလည္း တစ္ဖဲြ႔ျခင္းစီရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ပတ္သက္တဲ့ သေဘာထားေတြကို အလြတ္သေဘာေဆြးေႏြးခဲ့ေၾကာင္း စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO)က ကိုယ္စားလွယ္အဖဲြ႔ကေတာ့ ေဒသတြင္း ဖံြ႔ျဖိဳးေရးကိစၥေတြကို အဓိက ေဆြးေႏြးျဖစ္ခဲ့ေၾကာင္း အဖဲြ႔ ေျပာေရးဆိုခြင့္ရိွ ခြန္ထြန္းတင္က ေျပာပါတယ္။

“ အဓိကက က်ေနာ္တို႔ အေျခအေနေပါ့။ ေဒသဖံြ႔ျဖိဳးေရးတို႔ ဘာတုိ႔ သူတို႔ ျပန္လည္ ေဆြးေႏြးတာေတာ့ ရိွတာေပ့ါ။ သူတုိ႔လည္း ေမးတာေပါ့။ ၿပီးခဲ့တဲ့ ျပည္ေထာင္စုမွာလည္း က်ေနာ္တုိ႔ မတက္ႏိုင္ဘူး။ အဲဒါက် က်ေနာ္တုိ႔ ေတာ္ေတာ္မ်ားမ်ား Covid ျဖစ္ေနၾကေတာ့ မသြားလုိက္ဘူးေပါ့။ ရက္ကပ္တဲ့အခ်ိန္မွာ Covid ကူးခံၾကေတာ့ အဲဒီကိစၥေတာ့ သူတို႔ကို ရွင္းျပတယ္။ ”

ဒီေဆြးေႏြးပဲြကို ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS/SSA)၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP)၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/KNLA) (PC) ၊ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ (DKBA) ၊ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO)တို႔ တက္ေရာက္ခဲ့တာပါ။

စစ္ေကာင္စီဘက္က ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈေတြဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔သာ အဓိက လုပ္ေဆာင္ေနတာေၾကာင့္ ၂၀၂၁ ခုႏွစ္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျဖစ္ေပၚလာတဲ့ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ PDF ၿငိမ္းခ်မ္းေရးေဆြးေႏြးမွ ျမန္မာျပည္ရဲ့ ျပႆနာေတြ ေျပလည္ႏိုင္မယ္လုိ႔ ေထာက္ျပမႈေတြလည္း ရိွေနပါတယ္။ စစ္ေကာင္စီဘက္က NUG ၊ PDF စတဲ့ အဖဲြ႔အစည္းေတြကို အၾကမ္းဖက္အဖဲြ႔အျဖစ္ ေၾကညာထားသလို ဒီလ ၂၇ရက္ေန႔ တပ္မေတာ္ေန႔အခမ္းအနားမွာ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႈးၾကီး မင္းေအာင္လိႈင္က အၾကမ္းဖက္ အဖြဲ႕ေတြနဲ႔ သူတို႔ကို ေထာက္ခံပံ့ပိုးေနသူေတြကို အျမစ္ျပတ္ ေခ်မႈန္းသြားမယ္လို႔ မိန္႔ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ့အရေး အပစ်ရပ်အဖွဲ့ ခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ ဆွေးနွေး

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအစီအစဉ်တခု လုပ်သွားနိုင်ဖို့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ထိုင်းနိုင်ငံမှာ ဆွေးနွေးနေကြပါတယ်။ အပစ်ရပ် တိုင်းရင်းသား ၁၀ ဖွဲ့ရဲ့ ရဲ့ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များ ညီလာခံ ဒုတိယပိုင်းမှာ ဆွေးနွေးနေကြတာပါ။ မတ်လ ၂၉ ရက်ကနေ ဧပြီ ၂ ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ညီလာခံအကြောင်း ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံ ဒုတိယပိုင်းကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ မတ်လ ၂၉ ရက်ကနေ့က စတင်ကျင်းပနေပါတယ်။ ဒီညီလာခံကနေ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ဒါမှမဟုတ် နိုင်ငံရေး လမ်းပြမြေပုံတစ်ရပ်ကို ချမှတ်ဖို့ ရည်ရွယ်ထားကြောင်း NCA လက်မှတ်ထိုး အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“လက်ရှိ နိုင်ငံရေးအခြေအနေ အောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု ရပ်နားထားတဲ့ အခြေအနေအောက်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာနိုင်ဖို့ အတွက်ကို PPST အနေနဲ့ နိုင်ငံရေး ရည်မှန်းချက် ၇ ရပ်ကို ချမှတ်ထားတာပေါ့နော်။ အဲဒီနိုင်ငံရေးရည်မှန်းချက် ချမှတ်နိုင်ဖို့အတွက်၊ လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့ ဆိုရင် နိုင်ငံရေးအစီအစဉ်တစ်ခု ဖော်ထုတ်နိုင်ဖို့အတွက်ကို ကျနော်တို့အတွင်းမှာ ညှိနှိုင်းနေတာ ကြာပြီပေါ့နော်။ အဲဒီအစဉ်အစဉ်တစ်ခုကို Summit မှာ တင်သွင်းပြီးတော့ အတည်ပြုချက် ယူနိုင်ဖို့အတွက် ကြိုးစားသွားမယ်။ ဒါ တစ်ချက်ပေါ့။ ”

စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က NCA လုပ်ငန်းစဉ်တွေကို ရပ်တန့်ထားခဲ့ပါတယ်။ PPST လက်ရှိ ချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက် ၇ ရပ်မှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ပုဂ္ဂိုလ်အားလုံး လွှတ်ပေးပြီး ဆွေးနွေးအဖြေရှာဖို့၊ သက်ဆိုင်သူတွေအားလုံးပါဝင်ဖို့ ဆိုတဲ့အချက်တွေ ပါဝင်တာဖြစ်ပါတယ်။
ဒီရည်မှန်းချက် ၇ ချက်ကို အကောင်အထည်ဖော်ဖို့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ စုဖွဲ့မှုတွေ ဆောင်ရွက်ဖို့၊ ဒီလို ဆောင်ရွက်ရာမှာ NCA လက်မှတ် မထိုးတဲ့ အဖွဲ့တွေပါ ပါဝင်နိုင်ဖို့ စတာတွေကိုလည်း ညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ဒီညီလာခံမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ကိုလည်းအထူးဖိတ်ကြားသူအဖြစ် ဖိတ်ကြားခဲ့ပါတယ်။ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက ညီလာခံအဖွင့်အမှာစကားပြောကြားရာမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ အချင်းချင်း အပြန်အလှန်သတ်ဖြတ်နေတယ်။ ဒီပြဿနာကို စားပွဲဝိုင်းမှာ နည်းလမ်းရှာပြီး ဖြေရှင်းဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မျက်နှာချင်းဆိုင်ရော Video Conferencing နည်းနဲ့ပါကျင်းပနေတဲ့ ညီလာခံ ပထမနေ့မှာ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ခေါင်းဆောင်တွေ၊ အလုပ်အဖွဲ့ဝင်တွေ၊ အကြံပေးအဖွဲ့ဝင်တွေ၊ သြစတြေးလျ ၊ ကနေဒါ အပါအဝင် အနောက်နိုင်ငံ နိုင်ငံ ၆ နိုင်ငံက သံတမန်တွေအပြင် အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ
USAID မှ ယာယီဌာနေကိုယ်စားလှယ်လည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) နဲ့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ (၅) ဖွဲ့ တို့ဟာလည်း မတ်လ ၂၈ ရက် တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ NSPNC ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအခြေအနေ၊ ပဋိပက္ခ လျှော့ချနိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ လက်ရှိ ငြိမ်းချမ်းရေး အခြေအနေတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း တစ်ဖွဲ့ခြင်းစီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သဘောထားတွေကို အလွတ်သဘောဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)က ကိုယ်စားလှယ်အဖွဲ့ကတော့ ဒေသတွင်း ဖွံ့ဖြိုးရေးကိစ္စတွေကို အဓိက ဆွေးနွေးဖြစ်ခဲ့ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိ ခွန်ထွန်းတင်က ပြောပါတယ်။

“ အဓိကက ကျနော်တို့ အခြေအနေပေါ့။ ဒေသဖွံ့ဖြိုးရေးတို့ ဘာတို့ သူတို့ ပြန်လည် ဆွေးနွေးတာတော့ ရှိတာပေ့ါ။ သူတို့လည်း မေးတာပေါ့။ ပြီးခဲ့တဲ့ ပြည်ထောင်စုမှာလည်း ကျနော်တို့ မတက်နိုင်ဘူး။ အဲဒါကျ ကျနော်တို့ တော်တော်များများ Covid ဖြစ်နေကြတော့ မသွားလိုက်ဘူးပေါ့။ ရက်ကပ်တဲ့အချိန်မှာ Covid ကူးခံကြတော့ အဲဒီကိစ္စတော့ သူတို့ကို ရှင်းပြတယ်။ ”

ဒီဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) (PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့ တက်ရောက်ခဲ့တာပါ။
စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့သာ အဓိက လုပ်ဆောင်နေတာကြောင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ငြိမ်းချမ်းရေးဆွေးနွေးမှ မြန်မာပြည်ရဲ့ ပြဿနာတွေ ပြေလည်နိုင်မယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီဘက်က NUG ၊ PDF စတဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသလို ဒီလ ၂၇ရက်နေ့ တပ်မတော်နေ့အခမ်းအနားမှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အကြမ်းဖက် အဖွဲ့တွေနဲ့ သူတို့ကို ထောက်ခံပံ့ပိုးနေသူတွေကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG