သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုရွားသမၼတနဲ႔ ထိပ္သီးေတြ႕ဆုံေရး EU အဖဲြ႕၀င္ေတြၾကား သေဘာထားကဲြ


[ Zawgyi ]

အဖဲြ႕၀င္ ၂၇ ႏိုင္ငံ ပါ၀င္တဲ့ ဥေရာပသမဂၢ (EU) ရဲ႕ ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ၿမိဳ႕က ထိပ္သီး အစည္းအေ၀း ပထမေန႔မွာပဲ ႐ုရွားသမၼတနဲ႔ ေတြ႕ဆုံမယ့္ အစီအစဥ္အေပၚ သေဘာတူညီမႈ မရခဲ့ၾကသလို၊ ဟန္ေဂရီႏိုင္ငံရဲ႕ လိင္စိတ္ကဲြျပားသူေတြအတြက္ ဥပေဒသစ္နဲ႔ ပတ္သက္လို႔လည္း အေျခအတင္ ေဆြးေႏြးခဲ့ၾကပါတယ္။

ျပင္သစ္နဲ႔ ဂ်ာမနီႏိုင္ငံတို႔က အဆိုျပဳခဲ့ၾကတဲ့ ႐ုရွားသမၼတနဲ႔ ထိပ္သီးေတြ႕ဆုံမယ့္ အစီအစဥ္ကိုေတာ့ ဆိုက္ဘာတိုက္ခိုက္မႈေတြ ယူကရိန္းနယ္စပ္မွာ တပ္အင္အားေတြ တိုးျမႇင့္ခဲ့တာေတြလို မၾကာေသးခင္က ရန္လိုတဲ့ လုပ္ရပ္ေတြ လုပ္ခဲ့တဲ့အေပၚ ႐ုရွားသမၼတ Vladimir Putin ကို ဆုခ်ရာ ေရာက္လိမ့္မယ္ဆိုၿပီး အေရွ႕ဥေရာပ ႏိုင္ငံ အမ်ားစုက ကန္႔ကြက္ခဲ့ၾကတာပါ။

႐ုရွားနဲ႔ ထိပ္သီးေတြ႕ဆုံမယ့္ အစီအစဥ္အတြက္ သေဘာတူညီခ်က္ မရႏိုင္ခဲ့တဲ့အေပၚ စိတ္မေကာင္း ျဖစ္ရေၾကာင္း ဒုတိယေန႔ ေဆြးေႏြးပဲြ မတိုင္ခင္မွာပဲ ဂ်ာမန္၀န္ႀကီးခ်ဳပ္ Angela Merkel ကေျပာဆိုခဲ့ပါတယ္။ ဂ်ာပန္၀န္ႀကီးခ်ဳပ္ကေတာ့ ႐ုရွားနဲ႔ ျဖစ္ေနတဲ့ ျပႆနာေတြအတြက္ ေတြ႕ဆုံေဆြးေႏြးဖို႔ လိုအပ္ေၾကာင္းနဲ႔ ေနာင္တခ်ိန္ ထိပ္သီးေတြ႕ဆုံတဲ့အခါ ဘယ္လိုသတ္မွတ္ခ်က္ ပုံစံမ်ဳိးနဲ႔ ေတြ႕ဆုံမယ္ ဆိုတာကို EU အဖဲြ႕၀င္ေတြ သေဘာတူ ဆုံးျဖတ္ဖို႔လည္း ေျပာဆိုခဲ့တာပါ။

အဖဲြ႕၀င္ ႏိုင္ငံေတြ အေနနဲ႔ တႏိုင္ငံခ်င္း တုန္႔ျပန္တာမ်ဳိးထက္ စုေပါင္းေဆာင္ရြက္ဖို႔ အေရးႀကီးေၾကာင္းလည္း ေျပာပါတယ္။ ျပင္သစ္သမၼတ Emmanuel Macron ကလည္း အဖဲြ႕၀င္ ႏိုင္ငံေတြၾကား ညီၫြတ္ဖို႔ အေရးႀကီးေၾကာင္း လက္ခံေျပာဆိုခဲ့တာပါ။ ဒါေပမဲ့လည္း ဒီလဆန္းပိုင္းက အေမရိကန္သမၼတ Joe Biden နဲ႔ ႐ုရွားသမၼတတို႔ ထိပ္သီးေတြ႕ဆုံရာမွာ အေရွ႕ဥေရာပ ႏိုင္ငံေတြ ဘာေၾကာင့္ မကန္႔ကြက္ခဲ့ၾကသလဲ ဆိုတာကိုလည္း သမၼတ Macron က ေမးခြန္းထုတ္ခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ အသက္ ၁၈ ႏွစ္ေအာက္အရြယ္ လူငယ္ေတြကို လိင္စိတ္ကဲြျပားသူေတြနဲ႔ ပတ္သက္လို႔ အားေပးရာ ေရာက္ေစတဲ့ လုပ္ရပ္ေတြကို တားျမစ္လိုက္တဲ့ ဥပေဒသစ္ကို မၾကာေသးခင္ကပဲ ဟန္ေဂရီႏိုင္ငံမွာ ျပဌာန္းလိုက္တာဟာ ဥေရာပရဲ႕ စံတန္ဘိုးေတြကို ဆန္႔က်င္ရာ ေရာက္တာေၾကာင့္ ကန္႔ကြက္ၾကဖို႔ ဂ်ာမန္၀န္ႀကီးခ်ဳပ္နဲ႔ ျပင္သစ္သမၼတို႔က EU အဖဲြ႕၀င္ေတြကို တိုက္တြန္းထားပါတယ္။

[ Unicode ]

ရုရှားသမ္မတနဲ့ ထိပ်သီးတွေ့ဆုံရေး EU အဖွဲ့ဝင်တွေကြား သဘောထားကွဲ

အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က ထိပ်သီး အစည်းအဝေး ပထမနေ့မှာပဲ ရုရှားသမ္မတနဲ့ တွေ့ဆုံမယ့် အစီအစဉ်အပေါ် သဘောတူညီမှု မရခဲ့ကြသလို၊ ဟန်ဂေရီနိုင်ငံရဲ့ လိင်စိတ်ကွဲပြားသူတွေအတွက် ဥပဒေသစ်နဲ့ ပတ်သက်လို့လည်း အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။

ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့က အဆိုပြုခဲ့ကြတဲ့ ရုရှားသမ္မတနဲ့ ထိပ်သီးတွေ့ဆုံမယ့် အစီအစဉ်ကိုတော့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ယူကရိန်းနယ်စပ်မှာ တပ်အင်အားတွေ တိုးမြှင့်ခဲ့တာတွေလို မကြာသေးခင်က ရန်လိုတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တဲ့အပေါ် ရုရှားသမ္မတ Vladimir Putin ကို ဆုချရာ ရောက်လိမ့်မယ်ဆိုပြီး အရှေ့ဥရောပ နိုင်ငံ အများစုက ကန့်ကွက်ခဲ့ကြတာပါ။

ရုရှားနဲ့ ထိပ်သီးတွေ့ဆုံမယ့် အစီအစဉ်အတွက် သဘောတူညီချက် မရနိုင်ခဲ့တဲ့အပေါ် စိတ်မကောင်း ဖြစ်ရကြောင်း ဒုတိယနေ့ ဆွေးနွေးပွဲ မတိုင်ခင်မှာပဲ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ကပြောဆိုခဲ့ပါတယ်။ ဂျာပန်ဝန်ကြီးချုပ်ကတော့ ရုရှားနဲ့ ဖြစ်နေတဲ့ ပြဿနာတွေအတွက် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်းနဲ့ နောင်တချိန် ထိပ်သီးတွေ့ဆုံတဲ့အခါ ဘယ်လိုသတ်မှတ်ချက် ပုံစံမျိုးနဲ့ တွေ့ဆုံမယ် ဆိုတာကို EU အဖွဲ့ဝင်တွေ သဘောတူ ဆုံးဖြတ်ဖို့လည်း ပြောဆိုခဲ့တာပါ။

အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ တနိုင်ငံချင်း တုန့်ပြန်တာမျိုးထက် စုပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron ကလည်း အဖွဲ့ဝင် နိုင်ငံတွေကြား ညီညွတ်ဖို့ အရေးကြီးကြောင်း လက်ခံပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း ဒီလဆန်းပိုင်းက အမေရိကန်သမ္မတ Joe Biden နဲ့ ရုရှားသမ္မတတို့ ထိပ်သီးတွေ့ဆုံရာမှာ အရှေ့ဥရောပ နိုင်ငံတွေ ဘာကြောင့် မကန့်ကွက်ခဲ့ကြသလဲ ဆိုတာကိုလည်း သမ္မတ Macron က မေးခွန်းထုတ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ အသက် ၁၈ နှစ်အောက်အရွယ် လူငယ်တွေကို လိင်စိတ်ကွဲပြားသူတွေနဲ့ ပတ်သက်လို့ အားပေးရာ ရောက်စေတဲ့ လုပ်ရပ်တွေကို တားမြစ်လိုက်တဲ့ ဥပဒေသစ်ကို မကြာသေးခင်ကပဲ ဟန်ဂေရီနိုင်ငံမှာ ပြဌာန်းလိုက်တာဟာ ဥရောပရဲ့ စံတန်ဘိုးတွေကို ဆန့်ကျင်ရာ ရောက်တာကြောင့် ကန့်ကွက်ကြဖို့ ဂျာမန်ဝန်ကြီးချုပ်နဲ့ ပြင်သစ်သမ္မတို့က EU အဖွဲ့ဝင်တွေကို တိုက်တွန်းထားပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG