သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် ၂၀၂၄ အသုံးစရိတ် ၅ ဘီလီယံကျော် EU နိုင်ငံခြားရေးအကြီးအကဲအဆိုပြု


Kyiv မြို့မှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell
Kyiv မြို့မှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell

EU ဥရောပသမဂ္ဂအနေနဲ့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ယူကရိန်းအတွက် အသုံးစရိတ် ၅ ဘီလံယံကျော်သုံးစွဲဖို့ အဆိုပြုထားတယ်လို့ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell က တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ ယူကရိန်းနိုင်ငံရောက်နေတဲ့ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲဟာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလို ကြေညာသွားတာပါ။

တချိန်တည်းမှာပဲ ယူကရိန်းကို ထောက်ခံမှုပြတဲ့အနေနဲ့ EU နိုင်ငံခြားရေးဝန်ကြီးတွေကလည်း ယူကရိန်းမှာ ပထမဆုံးအကြိမ် စုဝေးနေကြချိန်လည်းဖြစ်ပါတယ်။ EU အကြီးအကဲနဲ့ EU နိုင်ငံခြားရေးဝန်ကြီးတွေ ယူကရိန်းကို စုဝေးရောက်ရှိနေချိန်မှာပဲ ယူကရိန်းထောက်ခံတဲ့ အနောက်မဟာမိတ်တွေအတွက် ကသိကအောင့်ဖြစ်စရာအခြေအနေတွေလည်းရှိနေပါတယ်။ EU နဲ့ NATO အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ ဆလိုဗက်ကီးယားရွေးကောက်ပွဲမှာ ရုရှားလိုလားသူဦးဆောင်တဲ့ပါတီ အနိုင်ရတာနဲ့ အမေရိကန်ပြည်ထောင်စုမှာလည်း လွှတ်တော်ကပြဌာန်းတဲ့အစိုးရယာယီအသုံးစရိတ်မှာ ယူကရိန်းအကူအညီတွေ ဖယ်ထုတ်ထားတာတွေ ကြုံနေရပါတယ်။

တချိန်တည်းမှာလည်း ယူကရိန်းဖက်က တန်ပြန်ထိုးစစ်ဟာ အနောက်နိုင်ငံတွေက ပုံအောမျှော်လင့်ထားသလောက်မဟုတ်ဘဲ နှေးကွေးနေပါတယ်။ ယူကရိန်းသမ္မတ ဇာလန်းစကီးကတော့ ယူကရိန်းရဲ့အောင်ပွဲဟာ အားလုံးပူးပေါင်းဆောင်ရွက်မှုအပေါ်မူတည်နေပြီး စစ်မြန်မြန်ပြီးဖို့ဆိုရင် ပိုပြီး အားကောင်းကောင်းနဲ့ အတူတကွဆောင်ရွက်ကြဖို့ EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အစည်းအဝေးမှာ တိုက်တွန်းပြောဆိုပါတယ်။

ဆုံးရှုံးခဲ့တဲ့နယ်မြေတွေ ပြန်ရဖို့ တန်ပြန်ထိုးစစ်ဟာ ဖြည်းဖြည်းချင်းအောင်မြင်မှုရှိနေပြီး ဒီ ရည်မှန်းချက်အောင်မြင်ဖို့အတွက် ရန်ပုံငွေကြေး၊ လက်နက်၊ စစ်ရေးသင်တန်း စတာတွေ ပိုပြီး ထောက်ပံ့ပေးဖို့ကိုလည်း EU ခေါင်းဆောင်တွေကို ယူကရိန်းသမ္မတက တောင်းဆိုပါတယ်။ ရုရှားကို ပိုပြီးပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG