သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဲလာ႐ုစ္အေပၚ ဥေရာပသမဂၢ ဒဏ္ခတ္အေရးယူ


EU ဥေရာေကာင္စီ ဥကၠ႒ Charles Michel (ဝဲ) နဲ႔ ဆိုက္ပရပ္စ္ ႏုိင္ငံ သမၼတ Nicos Anastasiades (ညာ) တို႔ စကားေျပာေနၾကတဲ့ ျမင္ကြင္း။ (ေအာက္တုိဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

ဘဲလာ႐ုစ္ႏုိင္ငံက အစိုးရအရာရွိ တခ်ိဳ ႔အေပၚ အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔ ဥေရာပသမဂၢ EU ေခါင္းေဆာင္ေတြ ေသာၾကာေန႔မွာ အႀကိတ္အနယ္ေဆြးေႏြးၿပီး သေဘာတူညီခဲ့ၾကပါတယ္။ ေျမထဲပင္လယ္ေဒသမွာ ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႔ေတြ တူးေဖာ္ေနတဲ့ တူရကီႏုိင္ငံကိုလည္း အခုိင္အမာ ရင္ဆိုင္သြားမယ္လို႔ EU က ဆုိက္ပရပ္စ္ႏုိင္ငံကို ကတိျပဳေျပာဆိုခဲ့ပါတယ္။

ၾသဂုတ္လ ၉ ရက္ေန႔ကက်င္းပတဲ့ ဘဲလာရုစ္ေရြးေကာက္ပြဲမွာ မ႐ိုးမသားလုပ္ကိုင္ခဲ့တယ္ဆိုၿပီး စြပ္စြဲခံထားရတဲ့ အရာရွိအေယာက္ ၄၀ ကိုအေရးယူဒဏ္ခတ္ဖို႔ ခုလိုသေဘာတူညီမႈရလိုက္တာေၾကာင့္ ဒီမိုကေရစီအေရး ဘဲလာရုစ္ၿမိဳ ႔ေတာ္ Minsk က ဆႏၵျပေတာင္းဆိုသူေတြကို ေပးထားတဲ့ EU ရဲ ႔ ကတိ တည္ရာလည္းေရာက္ေစပါတယ္။

ဘဲလာရုစ္ ဒီမိုကေရစီအေရး ေဆာင္ရြက္မယ္ဆိုၿပီး EU က သီတင္းပတ္ေတြနဲ႔ခ်ီေျပာဆိုထားတာပါ။ ဘယ္္လိုအေရးယူဒဏ္ခတ္မႈမ်ိဳးေတြျဖစ္မလဲဆိုတာကိုေတာ့ EU သံတမန္ေတြကမေျပာေသးပါဘူး။ ဘဲလာရုစ္ႏုိင္ငံက ဒီမိုကေရစီေရး ေတာင္းဆိုဆႏၵျပသူေတြကိုေထာက္ခံတဲ့အေနနဲ႔ တာ၀န္ရွိသူေတြကို ၿဗိတိန္န႔ဲ ကေနဒါႏုိင္ငံက အေရးယူဒဏ္ခတ္မႈေတြခ်မွတ္ထားၿပီးပါၿပီ။

အဖြဲ႔၀င္ ၂၇ ႏိုင္ငံရွိတဲ့ EU မွာ ဆံုးျဖတ္ခ်က္ေတြကို ကန္႔ကြက္သူမရွိ တညီတၫြတ္ထဲ ခ်မွတ္ၾကရတာျဖစ္ၿပီး ဘဲလာ႐ုစ္အေပၚ အေရးယူ ဒဏ္ခတ္ဖို႔ကိစၥ ဆံုးျဖတ္ခ်က္မခ်ႏုိင္ျဖစ္ခဲ့တာက EU အေပၚ ယံုၾကည္ကိုးစားမႈကို ထိခိုက္ေစတယ္လို႔ သံတမန္ေတြကေျပာပါတယ္။

ဘဲလာရုစ္ကို အေရးယူဒဏ္ခတ္ရင္ တူရကီႏုိင္ငံကိုလည္း တင္းတင္းမာမာ ရင္ဆိုင္ဖို႔ ဆုိက္ပရပ္စ္ႏုိ္င္ငံ ကေတာင္းဆိုခဲ့ပါတယ္။ ဆုိက္ပရပ္စ္နဲ႔ တူရကီႏွစ္နုိင္ငံၾကား ကာလၾကာရွည္အျငင္းပြါးေနတ့ဲ ေရျပင္နယ္နိမိတ္ထဲ တူရကီႏုိင္ငံက သယံဇာတ တူးေဖာ္ေနတဲ့အတြက္ႏွစ္ႏုိင္ငံၾကား တင္းမာမႈေတြ တိုးလာေနတာျဖစ္ပါတယ္။ ေျမထဲပင္လယ္ကမ္း႐ိုးတန္းတေလ ွ်ာက္ ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႔တူးေဖာ္တာကို လက္မခံႏုိ္င္ဘူးလို႔ တူရကီကို EU ဘက္က အေၾကာင္ၾကားဖို႔ ဆုိက္ပရပ္စ္ႏုိင္ငံက လိုလားေနတာလည္းျဖစ္ပါတယ္။

ဘဲလာ႐ုစ္အေပၚ ဥေရာပသမဂၢ ဒဏ္ခတ္အေရးယူ
please wait

No media source currently available

0:00 0:01:33 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘဲလာရုစ်အပေါ် ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူ

ဘဲလာရုစ်နိုင်ငံက အစိုးရအရာရှိ တချို့အပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဥရောပသမဂ္ဂ EU ခေါင်းဆောင်တွေ သောကြာနေ့မှာ အကြိတ်အနယ်ဆွေးနွေးပြီး သဘောတူညီခဲ့ကြပါတယ်။ မြေထဲပင်လယ်ဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တူးဖော်နေတဲ့ တူရကီနိုင်ငံကိုလည်း အခိုင်အမာ ရင်ဆိုင်သွားမယ်လို့ EU က ဆိုက်ပရပ်စ်နိုင်ငံကို ကတိပြုပြောဆိုခဲ့ပါတယ်။

သြဂုတ်လ ၉ ရက်နေ့ကကျင်းပတဲ့ ဘဲလာရုစ်ရွေးကောက်ပွဲမှာ မရိုးမသားလုပ်ကိုင်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အရာရှိအယောက် ၄၀ ကိုအရေးယူဒဏ်ခတ်ဖို့ ခုလိုသဘောတူညီမှုရလိုက်တာကြောင့် ဒီမိုကရေစီအရေး ဘဲလာရုစ်မြို့တော် Minsk က ဆန္ဒပြတောင်းဆိုသူတွေကို ပေးထားတဲ့ EU ရဲ့ ကတိ တည်ရာလည်းရောက်စေပါတယ်။

ဘဲလာရုစ် ဒီမိုကရေစီအရေး ဆောင်ရွက်မယ်ဆိုပြီး EU က သီတင်းပတ်တွေနဲ့ချီပြောဆိုထားတာပါ။ ဘယ်လိုအရေးယူဒဏ်ခတ်မှုမျိုးတွေဖြစ်မလဲဆိုတာကိုတော့ EU သံတမန်တွေကမပြောသေးပါဘူး။ ဘဲလာရုစ်နိုင်ငံက ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေကိုထောက်ခံတဲ့အနေနဲ့ တာဝန်ရှိသူတွေကို ဗြိတိန်နဲ့ ကနေဒါနိုင်ငံက အရေးယူဒဏ်ခတ်မှုတွေချမှတ်ထားပြီးပါပြီ။

အဖွဲ့ဝင် ၂၇ နိုင်ငံရှိတဲ့ EU မှာ ဆုံးဖြတ်ချက်တွေကို ကန့်ကွက်သူမရှိ တညီတညွတ်ထဲ ချမှတ်ကြရတာဖြစ်ပြီး ဘဲလာရုစ်အပေါ် အရေးယူ ဒဏ်ခတ်ဖို့ကိစ္စ ဆုံးဖြတ်ချက်မချနိုင်ဖြစ်ခဲ့တာက EU အပေါ် ယုံကြည်ကိုးစားမှုကို ထိခိုက်စေတယ်လို့ သံတမန်တွေကပြောပါတယ်။

ဘဲလာရုစ်ကို အရေးယူဒဏ်ခတ်ရင် တူရကီနိုင်ငံကိုလည်း တင်းတင်းမာမာ ရင်ဆိုင်ဖို့ ဆိုက်ပရပ်စ်နိုင်ငံ ကတောင်းဆိုခဲ့ပါတယ်။ ဆိုက်ပရပ်စ်နဲ့ တူရကီနှစ်နိုင်ငံကြား ကာလကြာရှည်အငြင်းပွါးနေတဲ့ ရေပြင်နယ်နိမိတ်ထဲ တူရကီနိုင်ငံက သယံဇာတ တူးဖော်နေတဲ့အတွက်နှစ်နိုင်ငံကြား တင်းမာမှုတွေ တိုးလာနေတာဖြစ်ပါတယ်။ မြေထဲပင်လယ်ကမ်းရိုးတန်းတလေ ျှာက် ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်တာကို လက်မခံနိုင်ဘူးလို့ တူရကီကို EU ဘက်က အကြောင်ကြားဖို့ ဆိုက်ပရပ်စ်နိုင်ငံက လိုလားနေတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG