သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Belarus မွာ ၂ ရက္အတြင္း ဆႏၵျပသူေပါင္း ၅၀၀ အစိုးရ ဖမ္းဆီး


စက္တင္ဘာ ၂၇ တုန္းက Belarus ျပည္သူမ်ား ဆႏၵျပေန

(Zawgyi/Unicode)

Belarus ႏိုင္ငံမွာ သမၼတ Alexander Lukashenko ကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ ဆက္လက္ျဖစ္ပြါး ေနၿပီး အခုသီတင္းပတ္ကုန္ စေန၊ တနဂၤေႏြမွာ ဆႏၵျပသူ ၅၀၀ ေလာက္ ကို ရဲကဖမ္းဆီးခဲ့ပါတယ္။၂၆ ႏွစ္ၾကာ အုပ္ခ်ဳပ္ေနတဲ့ Lukashenko က ၾသဂုတ္လ ၉ ရက္ေရြးေကာက္ပြဲမွာ မဲအားလံုးရဲ႕ ၈၀ ရာခိုင္ႏႈန္းနဲ႔ အႏိုင္ရတယ္လို႔ ေၾကညာၿပီး ဆဌမေျမာက္ သမၼတသက္တမ္းကို ဆက္လက္ရယူထားတာပါ။ ဒါေပမယ့္ Belarus ျပည္သူအမ်ားအျပားကေတာ့ ဒီေရြးေကာက္ပြဲဟာ မဲမသမာမႈေတြ ရွိတယ္လို႔ ခံယူထားၾကပါတယ္။

ျပည္ထဲေရးဝန္ႀကီးဌာနထုတ္ျပန္ခ်က္အရ စေနေန႔ဆႏၵျပပြဲေတြမွာ ရဲအဖမ္းခံရသူ ၁၅၀ ေလာက္ရွိသလို တနဂၤေႏြေန႔က ၿမိဳ႕ႀကီး ၂၂ ၿမိဳ႕မွာ ျပဳလုပ္တဲ့ ဆႏၵျပပြဲေတြ အတြင္း အဖမ္းခံရသူ ၃၅၀ ေလာက္ရွိတယ္လုိ႔ AP သတင္းမွာ ေဖၚျပထားပါတယ္။ ၿမိဳ႕ေတာ္ Minsk မွာ လမ္းမေတြေပၚထြက္ ဆႏၵျပသူက တေသာင္းေလာက္ ရွိပါတယ္။ ဒါေပမယ့္ အရင္ဆႏၵျပပြဲေတြတုန္းကေလာက္ ရဲက ျပင္းျပင္းထန္ထန္ ႏိွမ္းနင္းတာ မေတြ႔ရဘူးလို႔ လူ႔အခြင့္ေရး အဖြဲ႔တဖြဲ႔က ေျပာပါတယ္။

ေအးခ်မ္းစြာ အာဏာလႊဲအပ္ေရးကို အေထာက္အကူျဖစ္ေစဖုိ႔ အတိုက္အခံေတြ တည္ေထာင္ဖြဲ႔စည္းတဲ့ ညွိႏႈိင္းေဆာင္ရြက္ေရးေကာင္စီ က အဖြဲ႔ဝင္ေတြနဲ႔ပတ္သက္ၿပီး စံုစမ္းစစ္ေဆးမႈေတြကို Belarus အာဏာပိုင္ေတြ စတင္လုပ္ေဆာင္လာပါတယ္။ဒီအဖြဲ႔ဝင္ အမ်ားအျပားဟာ အဖမ္းခံရတာ ဒါမွမဟုတ္ ႏုိင္ငံကေန ထြက္သြားဖုိ႔ ႏွင္အထုတ္ခံရတာေတြ ရွိေနတယ္လို႔ သတင္းေတြမွာ ေဖၚျပပါတယ္။

တနလၤာေန႔ကေတာ့ ၂၀၁၅ ႏိုဘယ္လ္ဆုရွင္တဦးျဖစ္တဲ့ Svetlana Alexievich ဂ်ာမဏီႏုိင္ငံကို ထြက္ခြာသြားရသလို စက္တင္ဘာလ ၁၈ ရက္ေန႔ ကတည္းက အစာငတ္ခံ ဆႏၵျပေနတဲ့ ေကာင္စီအဖြဲ႔ဝင္ Maxim Znak ကေတာ့ ဒီလအေစာပိုင္းမွာပဲ ေထာင္အခ်ခံခဲ့ရပါတယ္။

ဒီ Belarus ေရြးေကာက္ပြဲဟာ လြတ္လပ္မႈ တရားမွ်တမႈ မရွိဘူးလို႔ အေမရိကန္နဲ႔ အီးယူဥေရာပ သမဂၢတို႔က ေျပာၾကားသလို ဒီသီတင္းပတ္အေစာပိုင္းမွာ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့တဲ့ Lukashenko ကိုလည္း ဥေရာပႏိုင္ငံ အေတာ္မ်ားမ်ားက သမၼတ အျဖစ္ အသိမွတ္မျပဳၾကပါဘူး။

တိုက္႐ိုက္ လင့္ခ္


.............

Belarus မှာ ၂ ရက်အတွင်း ဆန္ဒပြသူပေါင်း ၅၀၀ အစိုးရ ဖမ်းဆီး

(Unicode)

Belarus နိုင်ငံမှာ သမ္မတ Alexander Lukashenko ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွါး နေပြီး အခုသီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေမှာ ဆန္ဒပြသူ ၅၀၀ လောက် ကို ရဲကဖမ်းဆီးခဲ့ပါတယ်။၂၆ နှစ်ကြာ အုပ်ချုပ်နေတဲ့ Lukashenko က သြဂုတ်လ ၉ ရက်ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ အနိုင်ရတယ်လို့ ကြေညာပြီး ဆဌမမြောက် သမ္မတသက်တမ်းကို ဆက်လက်ရယူထားတာပါ။ ဒါပေမယ့် Belarus ပြည်သူအများအပြားကတော့ ဒီရွေးကောက်ပွဲဟာ မဲမသမာမှုတွေ ရှိတယ်လို့ ခံယူထားကြပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ စနေနေ့ဆန္ဒပြပွဲတွေမှာ ရဲအဖမ်းခံရသူ ၁၅၀ လောက်ရှိသလို တနင်္ဂနွေနေ့က မြို့ကြီး ၂၂ မြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေ အတွင်း အဖမ်းခံရသူ ၃၅၀ လောက်ရှိတယ်လို့ AP သတင်းမှာ ဖေါ်ပြထားပါတယ်။ မြို့တော် Minsk မှာ လမ်းမတွေပေါ်ထွက် ဆန္ဒပြသူက တသောင်းလောက် ရှိပါတယ်။ ဒါပေမယ့် အရင်ဆန္ဒပြပွဲတွေတုန်းကလောက် ရဲက ပြင်းပြင်းထန်ထန် နှိမ်းနင်းတာ မတွေ့ရဘူးလို့ လူ့အခွင့်ရေး အဖွဲ့တဖွဲ့က ပြောပါတယ်။

အေးချမ်းစွာ အာဏာလွှဲအပ်ရေးကို အထောက်အကူဖြစ်စေဖို့ အတိုက်အခံတွေ တည်ထောင်ဖွဲ့စည်းတဲ့ ညှိနှိုင်းဆောင်ရွက်ရေးကောင်စီ က အဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို Belarus အာဏာပိုင်တွေ စတင်လုပ်ဆောင်လာပါတယ်။ဒီအဖွဲ့ဝင် အများအပြားဟာ အဖမ်းခံရတာ ဒါမှမဟုတ် နိုင်ငံကနေ ထွက်သွားဖို့ နှင်အထုတ်ခံရတာတွေ ရှိနေတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

တနင်္လာနေ့ကတော့ ၂၀၁၅ နိုဘယ်လ်ဆုရှင်တဦးဖြစ်တဲ့ Svetlana Alexievich ဂျာမဏီနိုင်ငံကို ထွက်ခွာသွားရသလို စက်တင်ဘာလ ၁၈ ရက်နေ့ ကတည်းက အစာငတ်ခံ ဆန္ဒပြနေတဲ့ ကောင်စီအဖွဲ့ဝင် Maxim Znak ကတော့ ဒီလအစောပိုင်းမှာပဲ ထောင်အချခံခဲ့ရပါတယ်။

ဒီ Belarus ရွေးကောက်ပွဲဟာ လွတ်လပ်မှု တရားမျှတမှု မရှိဘူးလို့ အမေရိကန်နဲ့ အီးယူဥရောပ သမဂ္ဂတို့က ပြောကြားသလို ဒီသီတင်းပတ်အစောပိုင်းမှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ Lukashenko ကိုလည်း ဥရောပနိုင်ငံ အတော်များများက သမ္မတ အဖြစ် အသိမှတ်မပြုကြပါဘူး။

XS
SM
MD
LG