သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စေ့စပ်တဲ့ ပါလက်စတိုင်းညီညွတ်ရေးသဘောတူညီမှု အီးယူထောက်ခံ

ပါလက်စတိုင်းညီညွတ်ရေးအစိုးရဖွဲ့ဖို့ တရုတ်ကြားဝင်ညှိနှိုင်းမှုကို ထောက်ခံကြောင်း အီးယူနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပရာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ သတင်းထောက်တွေကို ပြောလိုက်တဲ့ အီးယူ-နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell (ဇူလိုင် ၂၂၊ ၂၀၂၄)

ညီညွတ်ရေးအစိုးရတရပ်ဖွဲ့စည်းဖို့ တရုတ်ကြားဝင်ညှိနှိုင်းတဲ့ ဟာမတ်စ် ဖာတာ ပါလက်စတိုင်း အဖွဲ့ ၂ ဖွဲ့ သဘောတူညီချက်တရပ်ကို ဥရောပသမဂ္ဂ (အီးယူ)ကထောက်ခံလိုက်ပါတယ်။ “သူတို့အချင်းချင်း ကြား ညီညွတ်ရေးဖြစ်စဥ်ကိုကျနော်တို့ထောက်ခံကြရမှာပါ” လို့ အီးယူ-နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell က အင်္ဂါနေ့ မှာ သတင်းထောက်တွေကို ဘရပ်ဆဲလ်မှာ ပြောပါတယ်။

ပါလက်စတိုင်းတွေကြား ကွဲနေတာတွေ အဆုံးသတ်ပြီး ညီညွတ်ရေး ခိုင်မာအောင်တည်ဆောက်ဖို့ သဘောတူကြ‌ကြောင်း တရုတ်နိုင်ငံတော်ပိုင်သတင်းဌာန CCTV က ကြေညာပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက ဟာမတ်စ်နဲ့ဖာတာအဖွဲ့ ၂ ဖွဲ့ ညီညွတ်ဖို့ ပထမဆုံးကြေညာခဲ့ပြီး အကြိမ်ကြိမ် အားထုတ်ခဲ့ကြပေမဲ့ မညီညွတ်နိုင်ခဲ့ကြတာပါ။

ဒါပေမဲ့ အနောက်ဘက်ကမ်းနဲ့ဂါဇာမှာ ဟာမတ်စ်တို့ အစိုးရအဖွဲ့ထဲပါလာမှာကို အစ္စရေးက ငြင်းထားပါတယ်။ အလားတူပဲ အမေရိကန်ကျောထောက်နောက်ခံရထားတဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က စစ်ပြီးသွားတဲ့အခါ ဂါဇာမှာအုပ်ချုပ်ဖို့ကိုလည်း အစ္စရေးကပယ်ချထားတာပါ။ အစိုးရထဲမှာ ဟာမတ်စ်ရဲ့ အခန်းကဏ္ဍကို လက်မခံဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller ဝါရှင်တန်ဒီစီမှာ အင်္ဂါနေ့က တုံ့ပြန်လိုက်ပါတယ်။

ဟာမတ်စ်အဖွဲ့ကိုအကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်ထားပါတယ်။ စစ်မဖြစ်ခင်တုန်းကလို အုပ်ချုပ်ရေး ပြန်မလုပ်လိုတော့ဘဲ ပါလက်စတိုင်းအဖွဲ့အသီးသီးက သဘောတူကြတဲ့ ကျွမ်းကျင်သူ တက္ခနိုခရက်တွေနဲ့သာ အစိုးရဖွဲ့စည်းဖို့ စစ်စဖြစ်ခါစမှာ ဟာမတ်စ် တာဝန်ရှိသူတွေက ပြောခဲ့ကြဖူးပါတယ်။

တရုတ်စေ့စပ်တဲ့ ပါလက်စတိုင်းညီညွတ်ရေးသဘောတူညီမှု အီးယူထောက်ခံ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG