သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲရပ်အောင် နိုင်ငံတကာကကြိုးပမ်းပေးဖို့ အီဂျစ်သမ္မတတောင်းဆို


ဂါဇာဒေသ Jabalia မြို့မှာတွေ့ရတဲ့ အစ္စရေးတင့်ကားတစီး (မေ ၃၀၊ ၂၀၂၄)
ဂါဇာဒေသ Jabalia မြို့မှာတွေ့ရတဲ့ အစ္စရေးတင့်ကားတစီး (မေ ၃၀၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲတွေရပ်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းပေးကြဖို့ အီဂျစ်သမ္မတ Abdel Fattah el-Sissi က တောင်းဆိုလိုက်ပါတယ်။ အီဂျစ်၊ အာရပ်စောဘွားများပြည်ထောင်စု UAE၊ ဘာရိန်းအပါအဝင် အာရပ်နိုင်ငံခေါင်းဆောင်တွေ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ပြုလုပ်ကြတဲ့ တရုတ် အာရပ်ထိပ်သီးအစည်းအဝေးမှာ ဒီနေ့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပါလက်စတိုင်းအပေါ်ထားတဲ့ တရုတ်ရဲ့ မူဝါဒကို အာရပ်နိုင်ငံတွေ အသိအမှတ်ပြုကြောင်း အီဂျစ်သမ္မတက မိန့်ခွန်းထဲမှာ ပြောကြားခဲ့သလို ဂါဇာစစ်ပွဲရပ်အောင်နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အချိန်မဆိုင်းဘဲ ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ တရုတ်သမ္မတ Xi Jinping ကလည်း လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံပေါ်ပေါ်ရေးကို တောင်းဆိုခဲ့သလို၊ ဂါဇာဒေသအတွက် လူသားချင်းစာနာတဲ့ အကူအညီ ဒေါ်လာ ၆၉ သန်း၊ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် အကူအညီပေးနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေအတွက် ဒေါ်လာ ၃ သန်း ပေးမယ်လို့ သမ္မတ Xi Jinping က ကြေညာခဲ့ပါတယ်။

အဆုံးမရှိတဲ့ စစ်ပွဲမျိုး ဆက်မဖြစ်သင့်ကြောင်းနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ၂ နိုင်ငံ အတူတည်ရှိဖို့ လိုအပ်တယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ မူကို တရုတ်သမ္မတက ထပ်မံပြောကြားသွားခဲ့ပါတယ်။ အခုလို တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဂါဇာဒေသအရေး ဆွေးနွေးနေချိန်မှာပဲ ဂါဇာကမ်းမြောင်ဒေသထဲက ပစ်မှတ်ပေါင်း ၅၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

ဂါဇာတောင်ပိုင်းက Rafah မြို့၊ မြောက်ပိုင်းက Jabaliya ဒေသနဲ့ ဂါဇာအလယ်ပိုင်းနေရာတွေအပေါ် မြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အစ္စရေးအနေနဲ့ စစ်ပွဲလွန်အစီအစီအစဉ်လုပ်ဖို့ လိုအပ်နေပြီး ဒီအစီအစဉ်မရှိရင် ကမောက်ကမအခြေအနေဆီ ဦးတည်သွားလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG