သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ် ထောင်ဒဏ်ချမှတ်မှု EU ရှုတ်ချ


(Zawgyi / Unicode)

စစ်အာဏာသိမ်းပြီး ဖြုတ်ချခံရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်တဲ့ ကိစ္စကို ဥရောပ သမဂ္ဂ EU က တနင်္ဂနွေနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမသမာမှု အတွက် ဆိုကာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် နေပြည်တော် အကျဉ်းထောင်တရားရုံးက သောကြာနေ့မှာ ချမှတ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို တရားနည်းလမ်းမကျစွာနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ထပ်ပြီး ချမှတ်တဲ့ ကိစ္စကို EU က ရှုတ်ချကြောင်း၊ အခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၁ ခု အတွက် ထောင်ဒဏ် နှစ် ၂၀ ရင်ဆိုင်နေရပြီး နောက်ထပ် စွဲချက် အများအပြား ကျန်ရှိနေသေးကြောင်းလည်း EU ရဲ့ ထိပ်တန်း သံတမန် Josep Borrell က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း စစ်ကောင်စီကို EU က တောင်းဆိုကြောင်းလည်း သူက ပြောဆိုထားပါတယ်။ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု၊ အဂတိလိုက်စားမှု အမှုအတော်များများနဲ့ တရားစွဲဆိုထားပြီး အရင်က ၁၇ နှစ် ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ တရားရုံး ကြားနာမှုတွေကို သတင်းထောက်တွေ လာရောက်ခွင့် မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)





XS
SM
MD
LG