သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚလာ ၂ ထရီလီယံ ရန္ပံုေငြရေရး ဥေရာပေခါင္းေဆာင္ေတြ အႀကိတ္အနယ္ ေဆြးေႏြး


ဘရပ္ဆဲလ္ၿမိဳ႕မွာ ေဆြးေႏြးေနတဲ့ အီးယူထိပ္တန္းေခါင္းေဆာင္မ်ား။ (ဇူလုိင္ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ဥေရာပမွာ ကို႐ုိနာဗိုင္းရပ္စ္ ကမၻာ့ကပ္ေရာဂါကေန စီးပြားေရး ျပန္လည္ႏိုးထေရး အစီအစဥ္ႀကီးနဲ႔ ေဒၚလာ ၂ ထရီလီယံ ရန္ပံုေငြရရွိေရး ထိပ္သီးေခါင္းေဆာင္ေတြ တနဂၤေႏြေန႔မွာ တတိယေျမာက္ေန႔အျဖစ္ ဘရပ္ဆဲလ္ၿမိဳ႕ေတာ္မွာ ေဆြးေႏြးၾကပါတယ္။

ေခါင္းေဆာင္ ၂၇ ဦးရဲ႕ ထိပ္သီးေဆြးေႏြးပြဲက သေဘာတူညီခ်က္မရဘဲ အဆံုးသတ္သြားႏုိင္တယ္လို႔ ဂ်ာမနီ၀န္ႀကီးခ်ဳပ္ Angela Merkel က သတိေပးထားပါတယ္။

ေသာၾကာနဲ႔ စေန ၂ ရက္တာ ေဆြးေႏြးဖို႔ စီစဥ္ထားတဲ့ ထိပ္သီးေဆြးေႏြးပြဲက ရလဒ္မထြက္တာေၾကာင့္ တနဂၤေႏြ တရက္ထပ္တိုး ေဆြးေႏြးတာပါ။ တနဂၤေႏြေန႔ ေဆြးေႏြးပြဲတက္ဖို႔ ေရာက္လာခ်ိန္မွာပဲ ဂ်ာမနီ၀န္ႀကီးခ်ဳပ္ Markel က သေဘာတူညီခ်က္တရပ္ ထြက္လာမလားဆိုတာ မေသခ်ာဘူးလုိ႔ ေျပာခဲ့တာပါ။

စီးပြားေရးက်မႈနဲ႔ ရင္ဆိုင္ေနရၿပီး အမ်ားစု ထိခိုက္ေနရတဲ့ ႏုိင္ငံေတြကို ကူညီေရး အစီအစဥ္ႀကီးအေပၚ သေဘာတူညီခ်က္မရ ျဖစ္ေနခ်ိန္မွာပဲ ဥေရာပေခါင္းေဆာင္ေတြ အေနနဲ႔ကေတာ့ စီးပြားေရး ျပန္လည္ဦးေမာ့ေရးကို ထိပ္တန္းဦးစားေပးအျဖစ္ ထားရွိ သံုးသပ္ေနၾကတာပါ။

ဥေရာပေခါင္းေဆာင္ ၂၇ ဦးရဲ႕ ထိပ္သီးေဆြးေႏြးပြဲမွာ စီးပြားေရး ျပန္လည္ကယ္တင္ေရး အစီအစဥ္အတြက္ စည္းမ်ဥ္းစည္းကမ္း သတ္မွတ္ဖို႔ ျဖစ္ေပမယ့္လည္း နယ္သာလန္ ဦးေဆာင္တဲ့ ႏုိင္ငံ ၅ ႏိုင္ငံကေတာ့ စပိန္နဲ႔ အီတလီလို ႏုိင္ငံေတြအေပၚ ေငြေၾကးပမာဏ အမ်ားအျပား လႊဲေျပာင္းေပးဖို႔ လက္တြန္႔ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ဒေါ်လာ ၂ ထရီလီယံ ရန်ပုံငွေရရေး ဥရောပခေါင်းဆောင်တွေ အကြိတ်အနယ် ဆွေးနွေး

ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကနေ စီးပွားရေး ပြန်လည်နိုးထရေး အစီအစဉ်ကြီးနဲ့ ဒေါ်လာ ၂ ထရီလီယံ ရန်ပုံငွေရရှိရေး ထိပ်သီးခေါင်းဆောင်တွေ တနင်္ဂနွေနေ့မှာ တတိယမြောက်နေ့အဖြစ် ဘရပ်ဆဲလ်မြို့တော်မှာ ဆွေးနွေးကြပါတယ်။

ခေါင်းဆောင် ၂၇ ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲက သဘောတူညီချက်မရဘဲ အဆုံးသတ်သွားနိုင်တယ်လို့ ဂျာမနီဝန်ကြီးချုပ် Angela Merkel က သတိပေးထားပါတယ်။

သောကြာနဲ့ စနေ ၂ ရက်တာ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲက ရလဒ်မထွက်တာကြောင့် တနင်္ဂနွေ တရက်ထပ်တိုး ဆွေးနွေးတာပါ။ တနင်္ဂနွေနေ့ ဆွေးနွေးပွဲတက်ဖို့ ရောက်လာချိန်မှာပဲ ဂျာမနီဝန်ကြီးချုပ် Markel က သဘောတူညီချက်တရပ် ထွက်လာမလားဆိုတာ မသေချာဘူးလို့ ပြောခဲ့တာပါ။

စီးပွားရေးကျမှုနဲ့ ရင်ဆိုင်နေရပြီး အများစု ထိခိုက်နေရတဲ့ နိုင်ငံတွေကို ကူညီရေး အစီအစဉ်ကြီးအပေါ် သဘောတူညီချက်မရ ဖြစ်နေချိန်မှာပဲ ဥရောပခေါင်းဆောင်တွေ အနေနဲ့ကတော့ စီးပွားရေး ပြန်လည်ဦးမော့ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ထားရှိ သုံးသပ်နေကြတာပါ။

ဥရောပခေါင်းဆောင် ၂၇ ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ စီးပွားရေး ပြန်လည်ကယ်တင်ရေး အစီအစဉ်အတွက် စည်းမျဉ်းစည်းကမ်း သတ်မှတ်ဖို့ ဖြစ်ပေမယ့်လည်း နယ်သာလန် ဦးဆောင်တဲ့ နိုင်ငံ ၅ နိုင်ငံကတော့ စပိန်နဲ့ အီတလီလို နိုင်ငံတွေအပေါ် ငွေကြေးပမာဏ အများအပြား လွှဲပြောင်းပေးဖို့ လက်တွန့်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG