သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်း ငွေသန်းပေါင်းများစွာ ငွေညစ်တဲ့ဂိုဏ်း ဖြိုခွဲ 


ကုမ္ပဏီကြီးတွေနဲ့ အဖွဲ့အစည်းတွေကို နှစ်ပေါင်းများစွာ အင်တာနက်ကနေ ခြိမ်းခြောက်ငွေညှစ်ပြီး ယူရိုငွေသန်းနဲ့ချီ တောင်းယူခဲ့တဲ့ နိုင်ငံတကာ ဆိုင်ဘာရာဇဝတ်မှု ကျူးလွန်တဲ့ ဂိုဏ်းတဂိုဏ်းကို ဖြိုခွင်းလိုက်ကြောင်း ဂျာမန်ရဲတပ်ဖွဲ့က မတ်လ ၆ ရက် တနင်္လာနေ့က ပြောကြားသွားပါတယ်။ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို FBI နဲ့ ယူကရိန်းအာဏာပိုင်တွေဟာ ဥရောပရဲတပ်ဖွဲ့ Europol အပါအဝင်တခြား မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ အတူပူးပေါင်း ပြီး အနည်းဆုံး ၂ဝ၁၀ ခုနှစ်လောက် ကတည်းက အသွင်အမျိုးမျိုးနဲ့ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်နေကြတဲ့ အဖွဲ့အစည်းတခုနဲ့ ဆက်နွယ်သူ လူ ၁၁ ဦးကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း ဒူဆဲလ်ဒေါ့ဖ် ဂျာမန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ထင်ရှားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေထဲ ၂၀၂၀ တုန်းက ဒူဆလ်ဒေါ့ဖ် တက္ကသိုလ်ဆေးရုံ ကွန်ပြူတာတွေမှာ DoppelPaymer လို့ခေါ်တဲ့ အင်တာနက်ကနေ ငွေညှစ်တဲ့ တိုက်ခိုက်မှုလည်း ပါဝင်ပါတယ်။ တိုက်ခိုက်မှုကြောင့် ကွန်ပြူတာစနစ်တွေထိခိုက်ခဲ့ရပြီး အရေးပေါ်ဆေးကုသမှုခံဖို့ လိုအပ်နေတဲ့ အမျိုးသမီးတဦးကို နောက်ဆေးရုံတခုကို ပို့ဆောင်ပေးချိန်မှာ သေဆုံးခဲ့ရပါတယ်။ ဒီလို တိုက်ခိုက်ခံရမှုတွေနဲ့ ဆက်စပ်ပြီး ကွန်ပြူတာစနစ်တွေထိခိုက်ခဲ့တာကြောင့် ဂျာမနီမှာ လူ ၃၇ ဦး အပါအဝင် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၆၀၁ ဦးရှိတာပါ။ ၂၀၁၉ မေလကနေ ၂၀၂၁ မတ်လအတွင်း ဒီဆိုက်ဘာရာဇဝတ်ဂိုဏ်းက အမေရိကန်တလွှား ခြိမ်းခြောက်ငွေညှစ်ခံရသူတွေ ဒီဂိုဏ်းကို အနည်းဆုံး အမေရိကန် ဒေါ်လာ ၄၂ သန်းခွဲ ပေးခဲ့ရတယ်လို့ ဥရောပရဲတပ်ဖွဲ့ Europol က ပြောပါတယ်။

အွန်လိုင်း ငွေသန်းပေါင်းများစွာ ငွေညစ်တဲ့ဂိုဏ်း ဖြိုခွဲ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG