သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေပၚ ႐ုရွားက ဆိုက္ဘာတိုက္ခိုက္မႈေတြ က်ဳးလြန္ေၾကာင္း အေနာက္မဟာမိတ္ေတြစြပ္စဲြ 


Russian computers

စစ္ေကာင္စီကို ဖိအားေပးေရး၊ အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ရပ္ကို အျပည့္အ၀ အေကာင္အထည္ ေဖာ္ႏိုင္ေရး အာဆီယံရဲ႕ အေရးေပၚ ႀကိဳးပမ္း ေဆာင္ရြက္မႈေတြ အေပၚမွာ အေမရိကန္က ဆက္လက္ ေထာက္ခံေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရက အဂၤါေန႔မွာ ေျပာဆိုပါတယ္။

ယူကရိန္းအေပၚ ႐ုရွားက ဆိုက္ဘာတိုက္ခိုက္မႈေတြ က်ဳးလြန္ေၾကာင္း အေနာက္မဟာမိတ္ေတြစြပ္စဲြ

{{Zawgyi/Unicode}}
ယူကရိန္းအေပၚ က်ဴးေက်ာ္စစ္ မတိုင္ခင္နဲ႔ က်ဴးေက်ာ္စစ္ အတြင္းမွာပါ ႐ုရွားက ဆိုက္ဘာ တိုက္ခိုက္မႈေတြ က်ဳးလြန္ခဲ့ေၾကာင္း အေမရိကန္ ျပည္ေထာင္စုနဲ႔ မဟာမိတ္ ေတြက အဂၤါေန႔မွာ စြပ္စြဲလိုက္ပါတယ္။

႐ုရွားရဲ႕ တရားမ၀င္ က်ဴးေက်ာ္မႈ မတိုင္ခင္ လပိုင္းေတြ အတြင္းမွာေရာ က်ဴးေက်ာ္မႈ စၿပီးေနာက္မွာေရာ ယူကရိနး္မွာ ဆိုက္ဘာ လုပ္ငန္းေဆာင္တာေတြမွာ ဆက္တိုက္ အဟန္႔အတားေတြ ျဖစ္ခဲ႔ေၾကာင္း၊ ၀က္ဘ္ဆိုက္ေတြ ဖ်က္ဆီးမႈ၊ DDos တိုက္ခိုက္မႈေတြနဲ႔ အေႏွာင့္အယွက္ျပဳမႈေတြ အစိုးရနဲ႔ ပုဂၢလိက လုပ္ငန္းေတြရဲ႕ ေဒတာ အခ်က္အလက္ေတြကို ဖ်က္စီးေရး ဆိုက္ဘာ တိုက္ခိုက္မႈေတြ အားလံုးဟာ ႐ုရွားရဲ႕ လက္ခ်က္ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

ယူကရိန္းရဲ႕ ကြပ္ကဲ ထိန္းခ်ဳပ္မႈ စြမ္းရည္ကို ဖ်က္စီးေရးအတြက္ ၿဂိဳဟ္တု ဆက္သြယ္ေရးကို ပစ္မွတ္ထားတယ္လို႔ ေျပာဆိုၾကတဲ႔ တိုက္ခိုက္မႈေတြဟာ ဇန္နဝါရီလ ကတည္းက စတင္ခဲ႔ေၾကာင္းလည္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Blinken က ေျပာဆိုပါတယ္။ ဒီတိုက္ခိုက္မႈေတြဟာ တျခား ဥေရာပ ႏိုင္ငံေတြ အထိကိုပါ ေက်ာ္လြန္ သက္ေရာက္ေစခဲ႔ေၾကာင္းလည္း သူက ေျပာပါတယ္။ ဒီစြပ္စြဲခ်က္ကို ၿဗိတိန္နဲ႔ ဥေရာပ သမဂၢေတြလည္း ထပ္တူ ေျပာဆိုၾကပါတယ္။

႐ုရွားရဲ႕ ယူကရိန္း အေပၚ ဆိုက္ဘာ တိုက္ခိုက္မႈဟာ ထင္သာ ျမင္သာနဲ႔ သက္ေသ အေထာက္အထားေတြရွိၿပီး ယူကရိန္းနဲ႔ ဥေရာပ တလႊားက သာမန္ လူထုနဲ႔ စီးပြားေရး လုပ္ငန္းေတြ အေပၚမွာ သိသိသာသာ ႐ိုက္ခတ္ သက္ေရာက္မႈေတြရွိခဲ႔ေၾကာင္း ၿဗိတိန္ ႏိုင္ငံျခားေရး ၀န္ႀကီး Liz Truss က ေျပာပါတယ္။ ဥေရာပသမဂၢနဲ႔ အဖြဲ႔၀င္ ႏိုင္ငံေတြဟာလည္း ႏိုင္ငံတကာ မိတ္ဖက္ေတြနဲ႔ အတူ ယူကရိန္း အေပၚ ႐ုရွားရဲ႕ ဆိုက္ဘာ တိုက္ခိုက္မႈေတြကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ပါတယ္။

႐ုရွားရဲ႕ တာ၀န္မဲ႔ လုပ္ရပ္ေတြကို ခုခံ ကာကြယ္တဲ႔ အေနနဲ႔ အေမရိကန္နဲ႔ မဟာမိတ္ေတြက အေရးယူ ေဆာင္ရြက္မႈေတြ လုပ္ေဆာင္ခဲ႔ေၾကာင္း အဲဒီထဲမွာ ဆိုရင္ အစိုးရ တာ၀န္ရွိသူေတြ၊ အေရးႀကီးတဲ႔ ၀န္ေဆာင္မႈ ေပးေနသူေတြ၊ ၿဂိဳဟ္တု ဖုန္းေတြနဲ႔ ေဒတာ အခ်က္အလက္ သိုေလွာင္သိမ္းဆည္းမႈေတြနဲ႔ အေရးႀကီးတဲ႔ အေျခခံ အေဆာက္အဦပိုင္းဆိုင္ရာ စီမံခန္႔ခြဲသူေတြအတြက္ ေဆာင္ရြက္မႈေတြလည္း ပါ၀င္ေၾကာင္း သူက ေျပာပါတယ္။

႐ုရွားဘက္ကေတာ့ မွတ္ခ်က္ေပး ေျပာဆိုမႈ မရွိပါဘူး။ ဆိုက္ဘာ တိုက္ခိုက္မႈေတြ လုပ္တယ္ဆိုတာကိုေတာ့ ႐ုရွား အစိုးရဘက္က အစဥ္တစိုက္ ျငင္းဆိုထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................................

ယူကရိန်းအပေါ် ရုရှားက ဆိုက်ဘာတိုက်ခိုက်မှုတွေ ကျုးလွန်ကြောင်း အနောက်မဟာမိတ်တွေစွပ်စွဲ

{{Zawgyi/Unicode}}
ယူကရိန်းအပေါ် ကျူးကျော်စစ် မတိုင်ခင်နဲ့ ကျူးကျော်စစ် အတွင်းမှာပါ ရုရှားက ဆိုက်ဘာ တိုက်ခိုက်မှုတွေ ကျုးလွန်ခဲ့ကြောင်း အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ် တွေက အင်္ဂါနေ့မှာ စွပ်စွဲလိုက်ပါတယ်။

ရုရှားရဲ့ တရားမဝင် ကျူးကျော်မှု မတိုင်ခင် လပိုင်းတွေ အတွင်းမှာရော ကျူးကျော်မှု စပြီးနောက်မှာရော ယူကရိန်းမှာ ဆိုက်ဘာ လုပ်ငန်းဆောင်တာတွေမှာ ဆက်တိုက် အဟန့်အတားတွေ ဖြစ်ခဲ့ကြောင်း၊ ဝက်ဘ်ဆိုက်တွေ ဖျက်ဆီးမှု၊ DDos တိုက်ခိုက်မှုတွေနဲ့ အနှောင့်အယှက်ပြုမှုတွေ အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေရဲ့ ဒေတာ အချက်အလက်တွေကို ဖျက်စီးရေး ဆိုက်ဘာ တိုက်ခိုက်မှုတွေ အားလုံးဟာ ရုရှားရဲ့ လက်ချက်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ယူကရိန်းရဲ့ ကွပ်ကဲ ထိန်းချုပ်မှု စွမ်းရည်ကို ဖျက်စီးရေးအတွက် ဂြိုဟ်တု ဆက်သွယ်ရေးကို ပစ်မှတ်ထားတယ်လို့ ပြောဆိုကြတဲ့ တိုက်ခိုက်မှုတွေဟာ ဇန်နဝါရီလ ကတည်းက စတင်ခဲ့ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က ပြောဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ တခြား ဥရောပ နိုင်ငံတွေ အထိကိုပါ ကျော်လွန် သက်ရောက်စေခဲ့ကြောင်းလည်း သူက ပြောပါတယ်။ ဒီစွပ်စွဲချက်ကို ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတွေလည်း ထပ်တူ ပြောဆိုကြပါတယ်။

ရုရှားရဲ့ ယူကရိန်း အပေါ် ဆိုက်ဘာ တိုက်ခိုက်မှုဟာ ထင်သာ မြင်သာနဲ့ သက်သေ အထောက်အထားတွေရှိပြီး ယူကရိန်းနဲ့ ဥရောပ တလွှားက သာမန် လူထုနဲ့ စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ သိသိသာသာ ရိုက်ခတ် သက်ရောက်မှုတွေရှိခဲ့ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Liz Truss က ပြောပါတယ်။ ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေဟာလည်း နိုင်ငံတကာ မိတ်ဖက်တွေနဲ့ အတူ ယူကရိန်း အပေါ် ရုရှားရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပါတယ်။

ရုရှားရဲ့ တာဝန်မဲ့ လုပ်ရပ်တွေကို ခုခံ ကာကွယ်တဲ့ အနေနဲ့ အမေရိကန်နဲ့ မဟာမိတ်တွေက အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အဲဒီထဲမှာ ဆိုရင် အစိုးရ တာဝန်ရှိသူတွေ၊ အရေးကြီးတဲ့ ဝန်ဆောင်မှု ပေးနေသူတွေ၊ ဂြိုဟ်တု ဖုန်းတွေနဲ့ ဒေတာ အချက်အလက် သိုလှောင်သိမ်းဆည်းမှုတွေနဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အဦပိုင်းဆိုင်ရာ စီမံခန့်ခွဲသူတွေအတွက် ဆောင်ရွက်မှုတွေလည်း ပါဝင်ကြောင်း သူက ပြောပါတယ်။

ရုရှားဘက်ကတော့ မှတ်ချက်ပေး ပြောဆိုမှု မရှိပါဘူး။ ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်တယ်ဆိုတာကိုတော့ ရုရှား အစိုးရဘက်က အစဉ်တစိုက် ငြင်းဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG