သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဥမင်လှိုဏ်ခေါင်းအတွင်း ပိတ်မိနေသူ ၄၁ ဦးကို စတင် ကယ်ထုတ်


အိန္ဒိယနိုင်ငံ Uttarakhand ပြည်နယ်တောင်ပိုင်းက ဥမင်လှိုဏ်ခေါင်းတခုအတွင်း ပိတ်မိနေတဲ့ ဆောက်လုပ်ရေးဝန်ထမ်းများထဲက တဉီးကို တွေ့ဆုံကြိုဆိုနေကြစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၂၃)
အိန္ဒိယနိုင်ငံ Uttarakhand ပြည်နယ်တောင်ပိုင်းက ဥမင်လှိုဏ်ခေါင်းတခုအတွင်း ပိတ်မိနေတဲ့ ဆောက်လုပ်ရေးဝန်ထမ်းများထဲက တဉီးကို တွေ့ဆုံကြိုဆိုနေကြစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၂၃)

အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်ကြောမှာ ဥမင်လှိုဏ်ခေါင်းတူးရင်း ၁၇ ရက်ကြာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေးဝန်ထမ်း ၄၁ ဦးကို စတင် ကယ်ထုတ်နေပါပြီ။ သူတို့ကို ကယ်ထုတ်နိုင်ရေးအတွက် ကယ်ဆယ်ရေးဝန်ထမ်းတွေ ဒီကနေ့နှောင်းပိုင်းမှာ ပိုက်လိုင်းထည့်ပေးနိုင်ပြီးတဲ့နောက် ကယ်ဆယ်ရေးအစီအစဉ်ကို စတင်တာပါ။

မြေကြီးတွေ၊ ကျောက်ဆောင်တွေကို သီတင်း ၂ ပတ်ကျော်ကြာ တူးဖောက်ပြီး သူတို့ကို ကယ်ထုတ်ယူမယ့် ပိုက်လိုင်းတပ်ဆင်တဲ့ လုပ်ငန်း ပြီးမြောက် အောင်မြင်သွားပြီဖြစ်တဲ့အတွက် မကြာခင်မှာ ကယ်ထုတ်နိုင်တော့မယ်လို့ Uttarakhand ပြည်နယ်၊ အုပ်ချုပ်ရေးမှူး Pushkar Singh Dhami က ပြောပါတယ်။ ၃ ပေကျယ်တဲ့ ပိုက်လိုင်းကတဆင့် သူတို့ကို တယောက်ချင်းစီ ကြိုးနဲ့ဆွဲထုတ် ကယ်တင်တဲ့အစီအစဉ်ကို မကြာခင်မှာ စတင်မယ်လို့ ပြောပါတယ်။

နာရီပေါင်း ၄၀၀ ကျော်ကြာ တူးဖော်ခဲ့ပြီးတဲ့နောက် လူ ၄ ယောက်စီပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ ၃ ဖွဲ့က ဒီ ဆောက်လုပ်ရေးဝန်ထမ်း ၄၁ ယောက် ပိတ်မိနေတဲ့ ဥမင်လိုဏ်ခေါင်းထဲကို အရင်ဝင်သွားပြီး ကယ်ဆယ်ရေးအစီအစဉ်ကို စတင်မှာဖြစ်ကြောင်း အမျိုးသားကယ်ဆယ်ရေးဌာန အဖွဲ့ဝင်တဦးဖြစ်သူ Syed Ata Hasnain က နယူးဒေလီမြို့မှာ သတင်းထောက်ကို တွေကိုပြောပါတယ်။

ပိတ်မိနေသူတွေကို ကယ်ထုတ်တဲ့နေရာမှာ တယောက်ကို ၃ မိနစ်ကနေ ၅ မိနစ်အကြား ကြာနိုင်တယ်လို့ ဆိုပါတယ်။ ဥမင်လှိုဏ်ခေါင်းတည်ရှိရာ နေရာမှာ လူနာတင်ယာဉ်တွေ အင်္ဂါနေ့မွန်းလွဲပိုင်းကတည်းက စောင့်နေကြပြီး လွတ်မြောက်လာသူတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ကုသနိုင်ဖို့ အဲ့ဒီမှာ ထိပ်တန်းဆေးဘက်ဆိုင်ရာ အထူးကျွမ်းကျင်သူတွေကလည်း စောင့်နေကြပါတယ်။

အိန္ဒိယ ဥမင်လှိုဏ်ခေါင်းအတွင်း ပိတ်မိနေသူ ၄၁ ဦးကို စတင် ကယ်ထုတ်
please wait

No media source currently available

0:00 0:00:36 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG