သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံခရီးသွားလာမှု အိန္ဒိယက သူ့နိုင်ငံသားတွေကိုသတိပေး


ကိုးကန့်ဒေသထဲက စစ်ကောင်စီရဲ့ တပ်စခန်း သုံးခုကို ထပ်သိမ်းလိုက်ကြောင်း MNDAA က အသိပေး။ (ဓာတ်ပုံ-People's Spring FB/နိုဝင်ဘာ ၂၀၊ ၂၀၂၃)
ကိုးကန့်ဒေသထဲက စစ်ကောင်စီရဲ့ တပ်စခန်း သုံးခုကို ထပ်သိမ်းလိုက်ကြောင်း MNDAA က အသိပေး။ (ဓာတ်ပုံ-People's Spring FB/နိုဝင်ဘာ ၂၀၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတာမို့ မြန်မာနိုင်ငံကို အရေးမကြီးရင် မသွားကြဖို့ အိန္ဒိယအစိုးရက သူ့ နိုင်ငံသားတွေကို အင်္ဂါနေ့ကအကြံပြု သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းရောက်နေပြီးသား အိန္ဒိယနိုင်ငံသားတွေအနေနဲ့လည်း သတိကြီးကြီးထားပြီး တိုက်ပွဲတွေသက်ရောက်မှုရှိတဲ့ဒေသတွေကို ရှောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ပြည်နယ်တခုနဲ့တခု ကုန်းလမ်းခရီးကိုရှောင်ကြဖို့လည်း အိန္ဒိယအစိုးရက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရောက် အိန္ဒိယနိုင်ငံသားတွေကို ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှာ မှတ်ပုံတင်ထားကြဖို့လည်း အိန္ဒိယအစိုးရက တောင်းဆိုလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရကို စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်ကတည်းက စစ်ကောင်စီဟာ လူထု ဆန္ဒပြပွဲတွေကိုသာမက ပြည်သူတွေက လက်နက်ကိုင်တော်လှန်တာနဲ့ပါ မြန်မာနိုင်ငံအနှံ့မှာ ရင်ဆိုင်နေရတာပါ။

တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့ အရင်လကတည်းကဆိုရင် အိုးအိမ်စွန့်ခွါ စစ်ရှောင်ရသူပေါင်း ၉ သောင်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ယူကေကလည်း သူ့ နိုင်ငံသားတွေအတွက် အလားတူ ခရီးသွားအကြံပြုသတိပေးစာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG