သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေအောက်ဥမင်ထဲ ပိတ်မိနေတဲ့ အိန္ဒိယ ၄၁ ဦး မကယ်ထုတ်နိုင်သေး


Rescuers work heavy machinery on Nov. 18, 2023, at the entrance to the site of an under-construction road tunnel that collapsed in mountainous
Rescuers work heavy machinery on Nov. 18, 2023, at the entrance to the site of an under-construction road tunnel that collapsed in mountainous

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ အဝေးပြေးလမ်းဖေါက်လုပ်နေစဉ် မြေအောက်ဥမင်ပြိုကျတဲ့အတွက် အလုပ်သမား ၄၁ ဦး ပိတ်မိနေပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတာ စနေနေ့အထိရက်သတ္တပတ်တခုရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နေ့က မြေတူးဖေါ်တဲ့စက်အသစ်တွေထပ်မံရောက်ရှိလာတဲ့အတွက်ပိုမိုထိရောက်စွာလုပ်နိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကပြောဆိုပါတယ်။ အဝေးပြေးလမ်းဖေါက်လုပ်နေစဉ်ပြီးခဲ့တဲ့ အပတ်တနင်္ဂနွေနေ့ ကမြေပြိုကျခဲ့တဲ့အတွက်အခုလိုပိတ်မိနေတာပါတယ်။

ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ မြေသားအနက် ၁၉၇ ပေ အထိတူးဖေါ်ရမှာဖြစ်ပြီး၊ ပြီးခဲ့တဲ့စနေနေ့အထိ ၇၉ ပေအနက်ကိုစက်တွေနဲ့တူး ဖေါ်ထားပြီးဖြစ်တယ်လို့ ကယ်ဆယ်ရေး သမားတွေကပြောပါတယ်။ တောင်တွေထူထပ်တဲ့ Uttarakhand ပြည်နယ် အတွင်းအဝေးပေးလမ်းဖေါက် လုပ်နေစဉ်အခု လိုဖြစ်ခဲ့တာပါ။

လာမယ့်သော ကြာနေ့လောက်မှာ ပိတ်မိနေသူတွေ ထွက်နိုင်မယ့်လမ်းပေါက်ကိုတူးဖေါ်ပြီးစီးနိုင်မယ်လို့ ဆိုပါတယ်။ ပိတ်မိနေသူတွေထဲမှာဖျားနာသူတွေရှိပေမယ့်အခြေ အနေတွေဟာသိပ်ပြီးဆိုးဝါးသွားတာမျိုးမရှိဘဲအစား အစာဆေးဝါးနဲ့သောက်ရေတွေကို ပိုက်လိုင်းကနေတဆင့် ပို့ပေးထားလို့ကယ်ဆယ်ရေးတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။

XS
SM
MD
LG