သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကို အိန္ဒိယလွှဲပြောင်းပေး


အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များ (မတ်လ ၁၃၊ ၂၀၂၁)
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များ (မတ်လ ၁၃၊ ၂၀၂၁)

ချင်းအမျိုးသား တပ်ဦး (CNF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ တိုက်ခိုက်တာကြောင့် အိန္ဒိယဘက် ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီ စစ်သား ၄၃ ယောက်အနက် ၃၉ ယောက်ကို မြန်မာနိုင်ငံဘက်ပြန်ပို့လိုက်ကြောင်း အမည်မဖော်လိုတဲ့ အိန္ဒိယတာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အိန္ဒိယဘက်ကို ထွက်ပြေးပြီးနောက် မီဇိုရမ်ရှိ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က သူတို့ကို ထိန်းသိမ်းထားခဲ့တယ်လို့ ရဲအရာရှိ လယ်မယ်စောမ နမ်းတီး (Lalmalsawma Hnamte) က ဆိုပါတယ်။ ပြန်ပို့တဲ့အခါမှာတော့ မဏိပူရမှာရှိတဲ့နယ်စပ်ကို ရဟတ်ယာဥ်နဲ့ ဖြတ်ကျော်ပြီး မြန်မာအာဏာပိုင်တွေကို လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဖက်ဒရယ်အစိုးရ လုံခြုံရေးတာဝန်ရှိသူတဦးက ရိုက်တာကို ပြောပါတယ်။

အိန္ဒိယနယ်စပ်ထိန်းချုပ်မှု ခိုင်မာရေးကို လုပ်ဆောင်မယ်လို့ ချင်းအမျိုးသား တပ်ဦးခေါင်းဆောင် ဒေါက်တာရွှေခါးက ဆိုပါတယ်။ “ကျနော်တို့ ရှေ့ဆက်တက်မှာပါ။ ကျနော်တို့ နည်းပရိယာယ်ကတော့ ရွာကနေ မြို့၊ မြို့ကနေ နေပြည်တော်ပါ။” လို့ ဒေါက်တာရွှေခါးက ဆိုပါတယ်။

မြန်မာ့လက်နက်ကိုင်တော်လှန်ရေးက ရှမ်းပြည်နယ် အရှေ့မြောက်ဒေသသာမက စစ်ကိုင်းအနောက်မြောက်ဒေသ၊ ချင်းနဲ့ ရခိုင်မှာပါ စစ်မျက်နှာတွေ ဖွင့်လိုက်တာပါ။ ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာရှိတဲ့ စစ်စခန်းတွေကို AA ရက္ခိုင့်တပ်တော်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG