သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယားျပည္နယ္ ဆႏၵျပပဲြ ရဲတပ္ဖဲြ႕၀င္ ၁၀၀ ေက်ာ္ ပူးေပါင္း


Photo- Ven Revata

(Zawgyi/Unicode)

ကယားျပည္နယ္နဲ႔ ကခ်င္ျပည္နယ္ေတြက ရဲတပ္ဖဲြ ့၀င္ေတြဟာ အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈ (CDM) လွုပ္ရွားမူေတြမွာ ဆက္တုိက္ပါ၀င္လာရာမွာ ကယားျပည္နယ္မွာေတာ့ ဒီရက္ပုိင္းအတြင္း CDMလုပ္တဲ့ ရဲတပ္ဖဲြ႔၀င္ ၁၀၀ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ဒီသတင္းကို မေအးေအးမာက ေျပာျပေပးမွာပါ။

ကယားျပည္နယ္မွာေတာ့ လူထုဆႏၵျပပဲြေတြက ေနစဥ္ရွိေနျပီး သပိတ္ေကာ္မတီကို လာေရာက္ပူးေပါင္းတဲ့ ရဲတပ္ဖဲြ ့၀င္အင္အား ၁၀၀ေက်ာ္သြားၿပီ ျဖစ္ေၾကာင္း လိြဳင္ေကာ္ျမိဳ႕ကဆႏၵျပလွဳပ္ရွားမူေတြမွာေခါင္းေဆာင္တဦးျဖစ္တဲ့ ဗကသေခါင္းေဆာင္ေဟာင္း ကုိေကာင္းထက္ေက်ာ္ကေျပာပါတယ္။

“ ၆၀ေက်ာ္ကေန ၇၁ဦး ထိတက္လာတယ္ ၇၁ဦးကေန အခုဆိုရင္ ဆက္တုိက္တက္လာတယ္။ ထူးျခားတာတခုက ေနျပည္ေတာ္က ကယားျပည္နယ္ထဲက ရဲေတြက အားနည္းတယ္ဆုိျပီးလူ ၁၀၀ေက်ာ္ပုိ႔ လာတယ္။ အဲဒီ ၁၀၀ေက်ာ္ထဲက၁၀ေယာက္ကလည္း CDM လုပ္သြားတယ္ ကယားျပည္နယ္ေရာက္မွလုပ္သြားတာ။ အခု ၁၀၀ေက်ာ္ျဖစ္သြားျပီဒါေပမဲ့ သူတို႔က လံုျခံုတဲ့ေနရာမွာရွိေနတယ္ သူတို႔ ဘယ္ေရာက္ေနလဲဆိုတာ သူတုိ့က လိုက္လံ စံုစမ္းေနတယ္။ ေတာင္တန္းေဒသျဖစ္ေတာ့ ဘယ္ေနရာမွာလဲဆိုတာစံုစမ္းဖုိ႔ေတာ့ ခက္ေနတယ္ အသည္းအသန္ေတာ့ သူတို႔ ဘက္ကလိုက္ စံုစမ္းေထာက္လွမ္းေနပါတယ္။”

ရဲတပ္ဖဲြ ့၀င္ေတြကိုေတာ့ လံုျခံဳတဲ့ေနရာေတြမွာ ထားေပးထားၿပီး သူတို႔အားလံုးဟာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီလက္ထက္မွာ CDM လုပ္တဲ့ ရဲ၀န္ထမ္းမ်ားျဖစ္ၾကတယ္လို႔ ဆုိပါတယ္။

မတ္လ ၄ရက္ေန့ကေတာ့ ကခ်င္ျပည္နယ္ ပူတာအိုဘက္မွာလည္း ရဲတပ္ဖဲြ ့၀င္အင္အား ၁၆ဦးဟာ အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) လႈပ္ရွားမူမွာ ပါ၀င္လာေႀကာင္းကိုလည္း ပူတာအုိၿမိဳ႕ ကေဒသခံတဦးကအခုလိုေျပာျပပါတယ္။

“မေန႔ ကေတာ့ ၁၆ ေယာက္ ၿပီးခဲ့တဲ့ လထဲကေတာ့ တေယာက္ ရွိပါတယ္။ ဒီလထဲမွာေတာ့ အမ်ားဆံုးပဲ သူတို႔ အေျခအေနေတာ့ ေသခ်ာမသိရေသးဘူး ဒါေပမဲ့ သူတို႔က တိမ္းေရွာင္ေနရတဲ့အေျခအေနေတာ့ရွိပါတယ္။”

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕မရဲစခန္းမွာ တာဝန္ထမ္းေဆာင္ေနႀကတဲ့ရဲ၀န္ထမ္း၁၆ ဦးဟာရဲ၀န္ထမ္းတာ၀န္ကေန ႏုတ္ထြက္တာမဟုတ္ပဲအၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM)မွာပါဝင္တာသာျဖစ္ေၾကာင္း ကုိလည္းသူတို႔ ရဲ ့ကုိယ္ပုိင္လူမူကြန္ယက္စာမ်က္ႏွာေတြကလည္း တရား၀င္ေရးသားေဖာ္ျပႀကပါတယ္။ အလားတူ မႏၲေလးတိုင္းရဲတပ္ဖြဲ႕က တိုင္းရဲတပ္ဖြဲ႕မႉးရဲ႕ ကိုယ္ေရးအရာရွိ ဒုရဲမႉး သက္ႏိုင္ထြန္းကလည္းCDM လုပ္ေနေၾကာင္း သူ႔ရဲ ့လူမႈကြန္ယက္မွာေရးသားေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကယားပြည်နယ် ဆန္ဒပြပွဲ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ပူးပေါင်း

(Unicode)

ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လှုပ်ရှားမူတွေမှာ ဆက်တိုက်ပါဝင်လာရာမှာ ကယားပြည်နယ်မှာတော့ ဒီရက်ပိုင်းအတွင်း CDMလုပ်တဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ကျော်သွားပြီ ဖြစ်ပါတယ်။ ဒီသတင်းကို မအေးအေးမာက ပြောပြပေးမှာပါ။

ကယားပြည်နယ်မှာတော့ လူထုဆန္ဒပြပွဲတွေက နေစဉ်ရှိနေပြီး သပိတ်ကော်မတီကို လာရောက်ပူးပေါင်းတဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ကျော်သွားပြီ ဖြစ်ကြောင်း လွိုင်ကော်မြို့ကဆန္ဒပြလှုပ်ရှားမူတွေမှာခေါင်းဆောင်တဦးဖြစ်တဲ့ ဗကသခေါင်းဆောင်ဟောင်း ကိုကောင်းထက်ကျော်ကပြောပါတယ်။

“ ၆၀ကျော်ကနေ ၇၁ဦး ထိတက်လာတယ် ၇၁ဦးကနေ အခုဆိုရင် ဆက်တိုက်တက်လာတယ်။ ထူးခြားတာတခုက နေပြည်တော်က ကယားပြည်နယ်ထဲက ရဲတွေက အားနည်းတယ်ဆိုပြီးလူ ၁၀၀ကျော်ပို့ လာတယ်။ အဲဒီ ၁၀၀ကျော်ထဲက၁၀ယောက်ကလည်း CDM လုပ်သွားတယ် ကယားပြည်နယ်ရောက်မှလုပ်သွားတာ။ အခု ၁၀၀ကျော်ဖြစ်သွားပြီဒါပေမဲ့ သူတို့က လုံခြုံတဲ့နေရာမှာရှိနေတယ် သူတို့ ဘယ်ရောက်နေလဲဆိုတာ သူတို့က လိုက်လံ စုံစမ်းနေတယ်။ တောင်တန်းဒေသဖြစ်တော့ ဘယ်နေရာမှာလဲဆိုတာစုံစမ်းဖို့တော့ ခက်နေတယ် အသည်းအသန်တော့ သူတို့ ဘက်ကလိုက် စုံစမ်းထောက်လှမ်းနေပါတယ်။”

ရဲတပ်ဖွဲ့ဝင်တွေကိုတော့ လုံခြုံတဲ့နေရာတွေမှာ ထားပေးထားပြီး သူတို့အားလုံးဟာ စစ်အုပ်ချုပ်ရေးကောင်စီလက်ထက်မှာ CDM လုပ်တဲ့ ရဲဝန်ထမ်းများဖြစ်ကြတယ်လို့ ဆိုပါတယ်။

မတ်လ ၄ရက်နေ့ကတော့ ကချင်ပြည်နယ် ပူတာအိုဘက်မှာလည်း ရဲတပ်ဖွဲ့ဝင်အင်အား ၁၆ဦးဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လှုပ်ရှားမူမှာ ပါဝင်လာကြောင်းကိုလည်း ပူတာအိုမြို့ ကဒေသခံတဦးကအခုလိုပြောပြပါတယ်။

“မနေ့ ကတော့ ၁၆ ယောက် ပြီးခဲ့တဲ့ လထဲကတော့ တယောက် ရှိပါတယ်။ ဒီလထဲမှာတော့ အများဆုံးပဲ သူတို့ အခြေအနေတော့ သေချာမသိရသေးဘူး ဒါပေမဲ့ သူတို့က တိမ်းရှောင်နေရတဲ့အခြေအနေတော့ရှိပါတယ်။”

ကချင်ပြည်နယ်၊ ပူတာအိုမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ရဲဝန်ထမ်း၁၆ ဦးဟာရဲဝန်ထမ်းတာဝန်ကနေ နုတ်ထွက်တာမဟုတ်ပဲအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာပါဝင်တာသာဖြစ်ကြောင်း ကိုလည်းသူတို့ ရဲ့ကိုယ်ပိုင်လူမူကွန်ယက်စာမျက်နှာတွေကလည်း တရားဝင်ရေးသားဖော်ပြကြပါတယ်။ အလားတူ မန္တလေးတိုင်းရဲတပ်ဖွဲ့က တိုင်းရဲတပ်ဖွဲ့မှူးရဲ့ ကိုယ်ရေးအရာရှိ ဒုရဲမှူး သက်နိုင်ထွန်းကလည်းCDM လုပ်နေကြောင်း သူ့ရဲ့လူမှုကွန်ယက်မှာရေးသားဖော်ပြထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG