သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် အိန္ဒိယဘက် ထွက်ပြေး


အိန္ဒိယ-မြန်မာနယ်စပ်ကတနေရာ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
အိန္ဒိယ-မြန်မာနယ်စပ်ကတနေရာ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

အိန္ဒိယ-မြန်မာနယ်စပ်အနီး ရိဒ်ခေါ်ဒါရ်မှာရှိတဲ့ မြန်မာစစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က မနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြတဲ့ မြန်မာစစ်သားတွေထဲက ၄၀ လောက် ရှိတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မီဇိုးရမ်းပြည်နယ်ထဲကို ထွက်ပြေး ခိုလှုံလာကြတဲ့ မြန်မာစစ်သား ၃၉ ယောက်ဟာ ပြည်နယ် ရဲတပ်ဖွဲ့ထံမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ အဲဒီ မြန်မာစစ်သားတွေကို အာသံရိုင်ဖယ် တပ်ဖွဲ့လက်ထဲ မနေ့နှောင်းပိုင်းကဘဲ လွှဲပြောင်းပေးလိုက်ပါပြီ” - ပြည်နယ်ရဲချုပ် Lal Biakthanga Khiangte (လဲလ် ဘီယတ်ထန်းငါ ချန်းသယ်) က ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဒီကနေ့မနက်မှာ မြန်မာစစ်သား ၂ ယောက်ကို မီဇိုးရမ်းရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးမိခဲ့တဲ့အပြင် ဒဏ်ရာရ‌နေတဲ့ စစ်သားတဦးပါ တွေ့ရှိခဲ့တာကြောင့် သူ့ကို Champhai (ကျန်ဖိုင်း) မြို့ဆေးရုံမှာ ဆေးကုသပေးနေတာကြောင့် ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ မီဇိုးရမ်းပြည်နယ်ထဲမှာ ဖမ်းဆီးမိတဲ့ မြန်မာစစ်သား ၄၂ ဦး ရှိသွားပြီလို့လည်း ပြည်နယ်ရဲချုပ် Lal Biakthanga Khiangte (လဲလ် ဘီယတ်ထန်းငါ ချန်းသယ်) က အတည်ပြု ပြောဆိုပါတယ်။

နိုဝင်ဘာ ၁၂ ရက် တနင်္ဂနွေနေ့ကစတင်ပြီး အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ ချင်းပြည်နယ်အတွင်းက ရိဒ်ခေါဒါရ် PDF နဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေက တယော (Tio) ချောင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံဘက်အခြမ်းကို ထွက်ပြေး တိမ်းရှောင်လာသူ ၅,၀၀၀ လောက်ရှိသွားပြီလို့လည်း မီဇိုးရမ်းပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။ ထွက်ပြေးလာသူတွေဟာ ကျန်ဖိုင်းမြို့ Zokhawthar (ဇိုးခေါ်ထား) နဲ့ Bulfekzawl (ဘူလ်ဖက်ဇော) ရွာတွေမှာ ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG