သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကိုသံတမန်ရေးဖိအားပေးဖို့ ကုလအတွင်းရေးမှုးချုပ်ဟောင်းတိုက်တွန်း


 ကုလအတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သတင်းစာရှင်းလင်းပွဲကျင်းပ၊ မေ ၃၁၊ ၂၀၂၃
ကုလအတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သတင်းစာရှင်းလင်းပွဲကျင်းပ၊ မေ ၃၁၊ ၂၀၂၃

မြန်မာနိုင်ငံကအကြမ်းဖက်မှုတွေရပ်တန့်စေဖို့ မြန်မာစစ်ကောင်စီကို သံတမန်ရေးအရ ပိုမိုဖိအားပေး တိုက်တွန်းကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို ဧပြီလထဲကသွားရောက်ခဲ့ပြီးနောက် အတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းအနေနဲ့ မြန်မာ စစ်ကောင်စီအပြင် အတိုက်အခံလက်နက်ကိုင်အင်အားစုတွေနဲ့ပါ နှစ်ဘက်လုံးနဲ့ ဆက်သွယ်စကား ပြောဆိုမှုတွေ ဆက်လက်လုပ် ဆောင်နေခဲ့တယ်လို့ အတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းက တောင်ကိုရီး ယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

အတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းအပါအဝင် ကမ္ဘာ့အဖွဲ့အစည်းခေါင်းဆောင်ဟောင်းတွေပါဝင်တဲ့ The Elders “အကြီးအကဲများ” အဖွဲ့ကနေ မြန်မာ့အရေးနဲ့ ကမ္ဘာပြဿနာတွေမှာ ကူညီဝင်ရောက်ဖြေရှင်းပေး နေတာဖြစ်ပါတယ်။

မြန်မာပြည်ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ပဋိပက္ခအတွင်းပါဝင်နေတဲ့ နှစ်ဘက်စလုံးကတာဝန်ရှိသူတွေ အပြင် အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတနဲ့လည်း ဆက်သွယ်ဆွေးနွေးမှုတွေရှိတယ်လို့ အတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းကပြောဆိုခဲ့ပါတယ်။ ဒါပေမယ်လည်း ဆွေးနွေးပြောဆိုချက် တွေနဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ထုတ်ဖေါ် ပြောဆိုခြင်းမရှိပါဘူး။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပြင် မြန်မာနိုင်ငံမှာအကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ရေး ကုလသမဂ္ဂကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း မြန်မာစစ်ကောင်စီအနေနဲ့ လိုက်နာလုပ်ဆောင်ဖို့ ကုလသမဂ္ဂအတွင်း ရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းကတိုက်တွန်းပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG