သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေဝးေရာက္ တိဘက္အစိုးရ အႀကီးအကဲ ကန္သမၼတအိမ္ျဖဴေတာ္ သြားေရာက္ေဆြးေႏြး


အိမ္ျဖဴေတာ္ေရာက္ အေဝးေရာက္တိဘက္အစုိးရ သမၼတ Lobsang Sangay (ဝဲ)။

(Zawgyi / Unicode)

အေဝးေရာက္ တိဘက္အစိုးရ အႀကီးအကဲရဲ႕ ႏွစ္ေပါင္း ၆၀ အတြင္း ပထမဆံုး အႀကိမ္အျဖစ္ အေမရိကန္သမၼတ အိမ္ျဖဴေတာ္ကို ေသာၾကာေန႔က သြားေရာက္ခဲ့ၿပီး ဒါဟာဆိုရင္ တ႐ုတ္အတြက္ မေက်နပ္စရာကိစၥတခု ျဖစ္လာႏုိင္ပါတယ္။ ေဒသတြင္း မတည္မၿငိမ္ျဖစ္ေအာင္ အေမရိကန္က ႀကိဳးစားေနတယ္လို႔ တ႐ုတ္က စြပ္စြဲထားတာပါ။

အေမရိကန္ရဲ႕ တိဘက္အေရး အထူးတာဝန္ခံအျဖစ္ အသစ္ခန္႔အပ္ခံရသူ Robert Destro နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ေၾကာင္း အေဝးေရာက္ တိဘက္အစိုးရ CTA ရဲ႕ သမၼတ Lobsang Sangay က ေျပာပါတယ္။

အေမရိကန္သမၼတနဲ႔ ဒုတိယသမၼတ႐ုံးက ကိုယ္စားလွယ္ေတြနဲ႔အတူ အာရွ၊ တ႐ုတ္ေရးရာကိစၥေတြ ေဆာင္ရြက္ေနၾကတဲ့ တာဝန္ရွိသူေတြနဲ႔လည္း ေတြ႔ဆံုခဲ့ေၾကာင္း အေဝးေရာက္ တိဘက္အစိုးရ သမၼတ Sangay က ဗီြအိုေအကို ေျပာပါတယ္။

“တိဘက္ ဘာသာေရးေခါင္းေဆာင္ Dalai Lama က သူ႔ရဲ႕ ႏိုင္ငံေရးအာဏာကို အေဝးေရာက္ တိဘက္အစိုးရအဖြဲ႔ကို လႊဲေျပာင္းေပးမႈ၊ ေနာက္ ဒီမိုကေရစီနည္းက် ေရြးေကာက္ထားတဲ့ ေခါင္းေဆာင္ပိုင္းနဲ႔ အေဝးေရာက္ တိဘက္အစိုးရအေပၚ တရားဝင္ အသိအမွတ္ျပဳ ေလးစားမႈ ရွိေနတာကို သိရတဲ့အတြက္ ေက်နပ္ဂုဏ္ယူေၾကာင္း” Lobsang Sangay က ဗီြအိုေအ တိဘက္ဌာနနဲ႔ ေတြ႔ဆံုေမးျမန္းခန္းမွာ ေျပာဆိုခဲ့ပါတယ္။

တိဘက္ေဒသမွာ စစ္မွန္တဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေရး ႀကိဳးပမ္းမႈ လမ္းခုလတ္ကို ေရာက္ေနတဲ့ အေရးေပၚကိစၥေတြကို ေဆြးေႏြးခဲ့တယ္လို႔လည္း ေျပာပါတယ္။

အခုလို ထူးထူးျခားျခား ေတြ႔ဆံုေဆြးေႏြးမႈဟာဆိုရင္ အေမရိကန္ တာဝန္ရွိသူေတြနဲ႔ အေဝးေရာက္ တိဘက္အစိုးရရဲ႕ ပူးေပါင္းေဆာင္ရြက္မႈအေပၚ အျပဳသေဘာေဆာင္တဲ့ ႐ႈျမင္ခ်က္မ်ိဳး ျဖစ္ေစၿပီး လာမယ့္ႏွစ္ေတြမွာ ပိုၿပီး တရားဝင္ ျဖစ္လာေစမယ္လို႔လည္း အိႏၵိယႏုိင္ငံ Dharamshala အေျခစိုက္ အေဝးေရာက္ တိဘက္အစိုးရက ေျပာဆိုထားပါတယ္။

ကမၻာ့ စီးပြားေရး အင္အားအႀကီးဆံုး ႏွစ္ႏုိင္ငံရဲ႕ ဆက္ဆံေရးက ဆယ္စုႏွစ္ေတြအတြင္း မေျပလည္ဆံုး အေျခအေနကို ေရာက္ေနတဲ့ တ႐ုတ္နဲ႔ အေမရိကန္ၾကား တိဘက္ကိစၥက အျငင္းပြားစရာတခု ျဖစ္လာတယ္လုိ႔လည္း Reuters က ေဖာ္ျပပါတယ္။

တ႐ုတ္အစိုးရဟာ တိဘက္ေတြရဲ႕ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္ေနတယ္လို႔ စြပ္စြဲၿပီး တိဘက္ေဒသအတြက္ ပိုၿပီး အဓိပၸာယ္ျပည့္ဝတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ရရွိေရးကို အေမရိကန္က ေထာက္ခံေၾကာင္း ၿပီးခဲ့တဲ့ ဇူလုိင္လအတြင္းမွာပဲ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေျပာဆုိထားတာပါ။

အေမရိကန္ဟာ တိဘက္ကိုသံုးၿပီး တ႐ုတ္ႏုိင္ငံတြင္း ခြဲထြက္ေရးဝါဒကို ျမႇင့္တင္ႏုိင္ေရး ႀကိဳးစားေနတယ္လို႔ တ႐ုတ္အာဏာပိုင္ေတြကလည္း စြပ္စြဲထားၿပီး အေမရိကန္ရဲ႕ တိဘက္ဆိုင္ရာ အထူးတာဝန္ခံနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ကို ျငင္းပယ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

အဝေးရောက် တိဘက်အစိုးရ အကြီးအကဲ ကန်သမ္မတအိမ်ဖြူတော် သွားရောက်ဆွေးနွေး

အဝေးရောက် တိဘက်အစိုးရ အကြီးအကဲရဲ့ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန်သမ္မတ အိမ်ဖြူတော်ကို သောကြာနေ့က သွားရောက်ခဲ့ပြီး ဒါဟာဆိုရင် တရုတ်အတွက် မကျေနပ်စရာကိစ္စတခု ဖြစ်လာနိုင်ပါတယ်။ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် အမေရိကန်က ကြိုးစားနေတယ်လို့ တရုတ်က စွပ်စွဲထားတာပါ။

အမေရိကန်ရဲ့ တိဘက်အရေး အထူးတာဝန်ခံအဖြစ် အသစ်ခန့်အပ်ခံရသူ Robert Destro နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဝေးရောက် တိဘက်အစိုးရ CTA ရဲ့ သမ္မတ Lobsang Sangay က ပြောပါတယ်။

အမေရိကန်သမ္မတနဲ့ ဒုတိယသမ္မတရုံးက ကိုယ်စားလှယ်တွေနဲ့အတူ အာရှ၊ တရုတ်ရေးရာကိစ္စတွေ ဆောင်ရွက်နေကြတဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ကြောင်း အဝေးရောက် တိဘက်အစိုးရ သမ္မတ Sangay က ဗွီအိုအေကို ပြောပါတယ်။

“တိဘက် ဘာသာရေးခေါင်းဆောင် Dalai Lama က သူ့ရဲ့ နိုင်ငံရေးအာဏာကို အဝေးရောက် တိဘက်အစိုးရအဖွဲ့ကို လွှဲပြောင်းပေးမှု၊ နောက် ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ခေါင်းဆောင်ပိုင်းနဲ့ အဝေးရောက် တိဘက်အစိုးရအပေါ် တရားဝင် အသိအမှတ်ပြု လေးစားမှု ရှိနေတာကို သိရတဲ့အတွက် ကျေနပ်ဂုဏ်ယူကြောင်း” Lobsang Sangay က ဗွီအိုအေ တိဘက်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

တိဘက်ဒေသမှာ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းမှု လမ်းခုလတ်ကို ရောက်နေတဲ့ အရေးပေါ်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

အခုလို ထူးထူးခြားခြား တွေ့ဆုံဆွေးနွေးမှုဟာဆိုရင် အမေရိကန် တာဝန်ရှိသူတွေနဲ့ အဝေးရောက် တိဘက်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အပြုသဘောဆောင်တဲ့ ရှုမြင်ချက်မျိုး ဖြစ်စေပြီး လာမယ့်နှစ်တွေမှာ ပိုပြီး တရားဝင် ဖြစ်လာစေမယ်လို့လည်း အိန္ဒိယနိုင်ငံ Dharamshala အခြေစိုက် အဝေးရောက် တိဘက်အစိုးရက ပြောဆိုထားပါတယ်။

ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက ဆယ်စုနှစ်တွေအတွင်း မပြေလည်ဆုံး အခြေအနေကို ရောက်နေတဲ့ တရုတ်နဲ့ အမေရိကန်ကြား တိဘက်ကိစ္စက အငြင်းပွားစရာတခု ဖြစ်လာတယ်လို့လည်း Reuters က ဖော်ပြပါတယ်။

တရုတ်အစိုးရဟာ တိဘက်တွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ စွပ်စွဲပြီး တိဘက်ဒေသအတွက် ပိုပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိရေးကို အမေရိကန်က ထောက်ခံကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောဆိုထားတာပါ။

အမေရိကန်ဟာ တိဘက်ကိုသုံးပြီး တရုတ်နိုင်ငံတွင်း ခွဲထွက်ရေးဝါဒကို မြှင့်တင်နိုင်ရေး ကြိုးစားနေတယ်လို့ တရုတ်အာဏာပိုင်တွေကလည်း စွပ်စွဲထားပြီး အမေရိကန်ရဲ့ တိဘက်ဆိုင်ရာ အထူးတာဝန်ခံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ငြင်းပယ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG