သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိန်းမတ်နဲ့နယ်သာလန် ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ် ကူမည်


ယူကရိန်းသမ္မတ Volodymyr Zelenskyy (ယာဘက်ဒုတိယ) နဲ့ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte (ဗဟို) တို့ F16 ဂျက်တိုက်လေယာဥ်တွေကို ကြည့်ရှုနေစဥ်။ (သြဂုတ် ၂၀။ ၂၀၂၃)
ယူကရိန်းသမ္မတ Volodymyr Zelenskyy (ယာဘက်ဒုတိယ) နဲ့ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte (ဗဟို) တို့ F16 ဂျက်တိုက်လေယာဥ်တွေကို ကြည့်ရှုနေစဥ်။ (သြဂုတ် ၂၀။ ၂၀၂၃)

နယ်သာလန်နဲ့ဒိန်းမတ်တို့က ယူကရိန်းကို F16 ဂျက်တိုက်လေယာဥ်တွေပေးဖို့ တနင်္ဂနွေနေ့က ကြေညာပါတယ်။

နယ်သာလန်ကိုရောက်ရှိနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဒီသမိုင်းဝင်ကြေညာချက်ကိ ကြိုဆိုလိုက်ပါတယ်။ ဒိန်းမတ်နဲ့နယ်သာလန်တို့က ရရှားကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်းအတွက် F16 ဂျက်တိုက်လေယာဥ် လှူဒါန်းမယ့် ပထမဦးဆုံး နိင်ငံတွေဖြစ်လာပါတယ်။

"ဒိန်းမတ်က နယ်သာလန်နဲ့အတူ ယူကရိန်းရဲ့ ရုရှားလက်အောက်ကလွတ်မြောက်ရေး၊ ရုရှားရဲ့အဓိပ္ပါယ်မဲ့ကျူးကျော်မှုဆန့်ကျင်ရေးအတွက် F16 ဂျက်တုိက်လေယာဥ်တွေ လှူန်းဒါန်းမယ်လို့ ဆိုတဲ့အတွက် ကျနော်ဂုဏ်ယူဝမ်းမြောက်ပါတယ်လို့ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte (မာ့ခ် ရုဒ်) နဲ့အတူ Dutch လေတပ်စခန်းကိုသွားရောက်အပြီး ယူကရိန်းသမ္မတက ပြောသွားတာဖြစ်ပါတယ်။

ဒီဂျက်တိုက်လေယာဥ်တွေက ရုရှားကိုတွန်းလှန်စစ်မှာ အခက်ကြုံနေရတဲ့ သူ့နိုင်ငံတပ်ဖွဲ့တွေအတွက် အရေးကြီးတဲ့တွန်းအားဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်လုပ် ဒီစွမ်းအားပြင်းတိုက်လေယာဥ်တွေက အင်အားကြီးတဲ့ရုရှားတပ်တွေကို တုံ့ပြန်ဖို့လိုအပ်နေပြီး ဒီတိုက်လေယာဥ်တွေကို ယူကရိန်းတပ်သားတွေက ကိုင်တွယ်အသုံးပြုလာနိုင်တဲ့အခါ ချက်ခြင်းလွှဲပြောင်းပေးအပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ နယ်သာလန်ဝန်ကြီးက ပြောပါတယ်။

ယူကရိန်းသမ္မတက သူတို့ဟာ ဂျက်တိုက်လေယာဥ် ၄၂ စင်း ရရှိနိုင်မယ်လို့ဆိုပေမယ့် နယ်သာလန်နဲ့ဒိန်းမတ်တို့ကတော့ အရေအတွက်အတိအကျကို မဖော်ပြကြပါဘူး။

ဒိန်းမတ်နဲ့နယ်သာလန် ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ် ကူမည်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG