သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ေတြ လုပ္ငန္းခြင္မွာ ႏွာေခါင္းစည္း ျပန္လည္ တပ္ဆင္ရေတာ႔မည္


Los Angeles

{{Zawgyi/Unicode}}

အေမရိကန္ ျပည္ေထာင္စုမွာ ကူးစက္ျမန္ Delta ကိုဗစ္မ်ဳိးကဲြ ကူးစက္မႈေတြ တိုးလာေနတာကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းတဲ့ အေနနဲ႔ ကာကြယ္ေဆး မထိုးမေနရ ၫႊန္ၾကားခ်က္နဲ႔အတူ လုပ္ငန္းခြင္ေတြနဲ႔ တခ်ဳိ႕လူမႈအသိုင္းအ၀န္းၾကား ႏွာေခါင္းစည္းေတြ တပ္ၾကဖို႔ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ေနပါတယ္။

သမၼတ Joe Biden ကေတာ့ အစိုးရ၀န္ထမ္း ၂.၁ သန္းကို ကာကြယ္ေဆး မျဖစ္မေနထိုးခိုင္းဖို႔ အေလးအနက္ စဥ္းစားေနေၾကာင္း ေျပာဆိုထားၿပီး၊ ေရာဂါကူးစက္မႈ မ်ားတဲ့ ေနရာေတြကို သြားတဲ့အခါ သူကိုယ္တိုင္ ႏွာေခါင္းစည္း တပ္ဆင္မွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္မွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆ သိန္း ၁ ေသာင္း ၁ ေထာင္ေက်ာ္ ရွိေနၿပီး၊ ဇြန္လေႏွာင္းပိုင္းမွာ ေန႔စဥ္ကူးစက္သူ ၁၂၀၀၀ ေလာက္ကေန အခုအခါ ေန႔စဥ္ လူနာသစ္ ၆ ေထာင္ေက်ာ္ေလာက္အထိ တိုးလာေနတာပါ။

ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ကလည္း လႊတ္ေတာ္မွာ ႏွာေခါင္းစည္းေတြ တပ္ၾကဖို႔ စည္းကမ္းျပန္ထုတ္ထားပါတယ္။

နာမည္ေက်ာ္ ေလာင္းကစား လုပ္ငန္းေတြရွိရာ Nevada ျပည္နယ္ Las Vegas ၿမိဳ႕မွာလည္း အေဆာက္အဦးေတြအတြင္း ႏွာေခါင္းစည္းတပ္ဖို႔ စည္းကမ္း ထုတ္လိုက္သလို၊ Missouri ျပည္နယ္၊ Kansas City ၿမိဳ႕မွာလည္း အလားတူ ထုတ္ျပန္ခဲ့တာပါ။

အေမရိကန္ သတင္စာႀကီးတခုျဖစ္တဲ့ Washington Post ကလည္း သတင္းသမားေတြအားလုံး စက္တင္ဘာလလယ္ ႐ုံးျပန္မတက္ခင္မွာ ကာကြယ္ေဆးေတြ ထိုးထားၾကဖို႔ ၫႊန္ၾကားထားပါတယ္။

ေလ့လာခ်က္ အသစ္ေတြအရ ကာကြယ္ေဆး ထိုးထားၿပီးသူေတြဟာလည္း ေရာဂါကူးစက္ခံရႏိုင္တဲ့ အႏၲရာယ္ရွိတာေၾကာင့္၊ မၾကာေသးခင္ကစလို႔ ေရာဂါကူးစက္မႈေတြ တိုးလာေနတဲ့ ေဒသေတြက အမ်ားျပည္သူသြားလာရာ ေနရာေတြမွာ ႏွာေခါင္းစည္းေတြ တပ္ၾကဖို႔ အေမရိကန္ ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန CDC က အဂၤါေန႔မွာ လမ္းၫႊန္ခ်က္သစ္ ထုတ္ျပန္လိုက္ၿပီးေနာက္ ေရာဂါထိန္းခ်ဳပ္ေရး စည္းကမ္းေတြကို ျပန္လည္ က်င့္သုံးလာတာလည္း ျဖစ္ပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အမေရိကန် ပြည်ထောင်စုမှာ ကူးစက်မြန် Delta ကိုဗစ်မျိုးကွဲ ကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ကာကွယ်ဆေး မထိုးမနေရ ညွှန်ကြားချက်နဲ့အတူ လုပ်ငန်းခွင်တွေနဲ့ တချို့လူမှုအသိုင်းအဝန်းကြား နှာခေါင်းစည်းတွေ တပ်ကြဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်နေပါတယ်။

သမ္မတ Joe Biden ကတော့ အစိုးရဝန်ထမ်း ၂.၁ သန်းကို ကာကွယ်ဆေး မဖြစ်မနေထိုးခိုင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း ပြောဆိုထားပြီး၊ ရောဂါကူးစက်မှု များတဲ့ နေရာတွေကို သွားတဲ့အခါ သူကိုယ်တိုင် နှာခေါင်းစည်း တပ်ဆင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၆ သိန်း ၁ သောင်း ၁ ထောင်ကျော် ရှိနေပြီး၊ ဇွန်လနှောင်းပိုင်းမှာ နေ့စဉ်ကူးစက်သူ ၁၂၀၀၀ လောက်ကနေ အခုအခါ နေ့စဉ် လူနာသစ် ၆ ထောင်ကျော်လောက်အထိ တိုးလာနေတာပါ။

အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကလည်း လွှတ်တော်မှာ နှာခေါင်းစည်းတွေ တပ်ကြဖို့ စည်းကမ်းပြန်ထုတ်ထားပါတယ်။

နာမည်ကျော် လောင်းကစား လုပ်ငန်းတွေရှိရာ Nevada ပြည်နယ် Las Vegas မြို့မှာလည်း အဆောက်အဦးတွေအတွင်း နှာခေါင်းစည်းတပ်ဖို့ စည်းကမ်း ထုတ်လိုက်သလို၊ Missouri ပြည်နယ်၊ Kansas City မြို့မှာလည်း အလားတူ ထုတ်ပြန်ခဲ့တာပါ။

အမေရိကန် သတင်စာကြီးတခုဖြစ်တဲ့ Washington Post ကလည်း သတင်းသမားတွေအားလုံး စက်တင်ဘာလလယ် ရုံးပြန်မတက်ခင်မှာ ကာကွယ်ဆေးတွေ ထိုးထားကြဖို့ ညွှန်ကြားထားပါတယ်။

လေ့လာချက် အသစ်တွေအရ ကာကွယ်ဆေး ထိုးထားပြီးသူတွေဟာလည်း ရောဂါကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိတာကြောင့်၊ မကြာသေးခင်ကစလို့ ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ ဒေသတွေက အများပြည်သူသွားလာရာ နေရာတွေမှာ နှာခေါင်းစည်းတွေ တပ်ကြဖို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC က အင်္ဂါနေ့မှာ လမ်းညွှန်ချက်သစ် ထုတ်ပြန်လိုက်ပြီးနောက် ရောဂါထိန်းချုပ်ရေး စည်းကမ်းတွေကို ပြန်လည် ကျင့်သုံးလာတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG