သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook ကို အပြောင်းအလဲတွေ လုပ်တော့မယ်


A migrant is comforted by a member of the Spanish Red Cross near the border of Morocco and Spain, at the Spanish enclave of Ceuta. Thousands of Moroccans took advantage of relaxed border control in their country to swim or paddle into European soil.
A migrant is comforted by a member of the Spanish Red Cross near the border of Morocco and Spain, at the Spanish enclave of Ceuta. Thousands of Moroccans took advantage of relaxed border control in their country to swim or paddle into European soil.

ထိပ်တန်း ဆိုရှယ်မီဒီယာဖြစ်တဲ့ Facebook ဟာ အသုံးပြုသူတွေ အများဆုံး တုန့်ပြန်နိုင်ခြေရှိပြီး ဆိုရှယ်မီဒီယာကို ပိုပြီး အဓိပ္ပါယ်ရှိရှိ အသုံးပြုတာမျိုးဖြစ်ဖို့ဆိုပြီး အပြောင်းအလဲတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။

အသုံးပြုသူတွေအနေနဲ့ ရှောင်မရဘဲ မြင်နေရတာတွေကို လျှော့ချခြင်းအားဖြင့် Facebook ပေါ်မှာ သတင်းတွေတင်နေတဲ့ သတင်းဌာနတွေနဲ့ တခြား စီးပွားရေးလုပ်ငန်းတွေအတွက်တော့ ထိခိုက်နိုင်ခြေရှိပါတယ်။

အဓိကစဉ်းစားချက်ကတော့ အသုံးပြုသူတွေအနေနဲ့ သူတို့အလေးထားသူတွေနဲ့ ဆက်သွယ်တာမှာ အထောက်အကူပြုဖို့ဖြစ်ပြီး စိတ်ဓာတ်ကျ အထီးကျန်တဲ့ ခံစားချက်တွေဖြစ်အောင် မလုပ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။

ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ၊ Facebook စာမျက်နှာတွေနဲ့ မီဒီယာကုမ္ပဏီတွေက တင်တာတွေကို လျှော့ချပြီး လူတွေတင်တာ ကို ပိုပြီး ဖော်ပြမှာပါ။ အဓိပ္ပါယ်ရှိတယ်လို့ Facebook က ယူဆတဲ့ Post တွေကို လူတွေပိုမြင်အောင်လုပ်ပြိး တခြား Post တွေကို လျှော့ချမယ့် အစီအစဉ်ကြောင့် လူအများအပြားအတွက် အဓိကသတင်းရင်းမြစ်လိုဖြစ်နေတဲ့ Facebook ရဲ့ အခန်းကဏ္ဍက တော့ လျော့သွားဖွယ် ရှိပါတယ်။

ဒါပေမဲ့လဲ အဓိပ္ပါယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကြော်ငြာတွေကိုတော့ နဂိုမြင်နေကျအတိုင်းပဲ ဆက်ပြီး မြင်နေကြရမှာပါ။

Facebook တည်ထောင်သူ Zuckerberg က ၂၀၁၈ ခုနှစ်အတွက် သူ့ရဲ့ ပုဂ္ဂလိက ရင်ဆိုင်ရမယ့်ကိစ္စကတော့ Facebook ကို ပြင်ဆင်ဖို့ပဲဖြစ်တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ပြောထားပါတယ်။ အမှားတွေနဲ့ မတော်မတည့် လုပ်တာတွေအားလုံးကို တားဆီး ဖို့မဖြစ်နိုင်ပေမယ့် သူူတို့ရဲ့မူဝါဒတွေကို အကောင်အထည်ဖော်တာနဲ့ မမှန်မကန်အသုံးချမှုကို တားဆီးတာမှာ Facebook ဟာ အမှားအယွင်း အမြောက်အများ လုပ်ခဲ့တယ်လို့ Zuckerberg ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG