သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Libra ငွေကြေးစနစ်သစ် ၂၀၂၀ မှာ Facebook စတင်မည်


လာမယ့် ၂၀၂၀ ပြည့်နှစ် ပထမ နှစ်ဝက် အတွင်းမှာ Libra လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးသစ်ကို စတင်မယ်လို့ လူမှုကွန်ယက် Facebook က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။ လုပ်ငန်းခွဲ တခုဖြစ်တဲ့ Calibra ကတော့ ဒစ်ဂျယ်တယ် ပိုက်ဆံအိတ်လိုမျိုး လုပ်ဆောင်လာမှာ ဖြစ်ပြီး သုံးစွဲသူတွေ အနေနဲ့ ငွေပေးချေတာ လက်ခံတာတွေ ဆောင်ရွက်နိုင်မှာပါ။

ဒီအစီစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Facebook အနေနဲ့ကတော့ ငွေကြေးကို စီမံအုပ်ချုပ်မယ့် လွတ်လပ်တဲ့ Libra Association ရဲ့ မတည်အဖွဲ့ဝင် ၂၈ ဦးထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။ လက်ရှိ မတည် အဖွဲ့ဝင်တွေထဲမှာတော့ Mastercard, Visa, Spotify, Ebay, Paypal , Uber နဲ့ တခြားအဖွဲ့ဝင်တွေ ဖြစ်ပြီး လုပ်ငန်း စတင်ချိန်မှာတော့ အဖွဲ့ဝင် ၁၀၀ ထိ ရှိလာမယ်လို့လည်း မျှော်လင့်ထားပါတယ်။

အခု ဒီဂျစ်တယ် ငွေကြေးသစ် Libra ကတော့ စမတ်ဖုန်းကို အသုံးပြုနိုင်သူဖြစ်ပြီး၊ လက်ရှိ ငွေကြေးစနစ်ကို အသုံးမပြုတဲ့ သန်းနဲ့ချီတဲ့ လူတွေအတွက် ရည်ရွယ် ထုတ်လုပ်တာ ဖြစ်ပါတယ်။ လက်ရှိ နှစ်ပိုင်းတွေမှာတော့ လူမှုကွန်ယက် Facebook က ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှုနဲ့ ပတ်သက်ပြီး အရှုပ်တော်ပုံတွေ ထွက်နေတာ ဖြစ်ပြီး သူ့ရဲ့ ဒစ်ဂျစ်တယ် ငွေကြေးသစ်သာ ထပ်ပေါ်လာရင် အရှုပ်တော်ပုံတွေ ပိုဆိုးလာစေနိုင်ပါတယ်။

Libra ငွေကြေးစနစ်သစ် ၂၀၂၀ မှာ Facebook စတင်မည်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG