သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook ကုမ္ပဏီ ၂ ခြမ်းကွဲတော့မလား


ကမ္ဘာ့ အကြီးဆုံးလူမှုကွန်ယက် Facebook ကိုတည်ထောင်သူ Mark Zuckerberg ရဲ့ အခန်းဖော်ဖြစ်ခဲ့ဖူးသူ Facebook ကုမ္မဏီ တွဲဖက် တည်ထောင်သူ Chris Hughes က ကုမ္မဏီ ခွဲထွက်လိုကြောင်း ကို မနေ့ ကြာသပတေးနေ့ထုတ် New York Times သတင်းစာ အတွေးအမြင် ဆောင်းပါးတပုဒ် မှာ ရေးသား ဖော်ပြပါတယ်။

ကုမ္မဏီ တခုထဲက လက်ဝါးကြီးအုပ် ချုပ်ကိုင်တာကို ဆန့်ကျင်ပြီး နည်းပညာ ကုမ္မဏီ ကြီးတွေကို ခွဲထုတ်ဖို့ တိုက်တွန်းနေကြတဲ့ လွှတ်တော်အမတ်တွေ အကြိုက် Hughes ကဒီလို ပြောတာပါ။ ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းတဲ့ လုပ်ငန်းရှင်ဖြစ်နေပါစေ၊ တဦးတည်း က ချုပ်ကိုင်တဲ့ ဝန်ဆောင်မှု ဒါမှမဟုတ်လုပ်ငန်းတွေကို လုပ်ပိုင်ခွင့် ကန့်သတ်ထားတဲ့ ကျွန်တော် တို့ နိုင်ငံအတွက်က Zuckerberg ရဲ့ အင်အားက မကြုံစဖူးကြီးမားနေတဲ့ အတွက် အမေရိကန်စံနဲ့ မညီဘူးလို့ Hughes က New York Times မှာ ရေးပါတယ်။

Facebook မှာ အချက်အလက်တွေ ဖြန့်ဝေနေတဲ့ စနစ်တွေ၊ အမုန်းစကားပြန့်ပွားမှုတွေ နဲ့ သတင်းမှားတွေ ဖြန့်ဝေနေခြင်း ရှိ၊မရှိကိုလည်း တရားဝင်အဖွဲ့ အစည်းတွေက တကမ္ဘာလုံး အတိုင်းအတာနဲ့ စောင့်ကြည့် နေကြတာပါ။ ကမ္ဘာတဝှမ်း Facebook လူမှုကွန်ယက် အသုံးပြုသူ ၂ ဘီလီယံကျော်ရှိသလို Facebook ပိုင် What’s app ၊ Messenger နဲ့ Instagram အသုံးပြုသူတွေကလည်း ၁ ဘီလီယံကျော်ရှိပါတယ်။ Facebook က Instagram ကို ၂၀၁၂ က ဝယ်ယူလိုက်ပြီး What’s app ကို ၂၀၁၄ ကဝယ်လိုက်တာပါ။

သမ္မတအဖြစ်အရွေးခံရရင် စီးပွားရေး ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားတဲ့ Facebook ၊ Amazon နဲ့ Alphabet Inc’s Google တို့လို ကုမ္မဏီ ကြီးတွေကို ခွဲထုတ်ပြီး အပြိုင်အဆိုင်ဈေးကွက် ကို မြှင့်တင်ပေးမယ်လို့ ဒီမိုကရက်တစ် သမ္မတလောင်း အထက်လွှတ်တော် အမတ် Elizabeth Warren က ကတိပြုပြောကြားထားပါတယ်။

Facebook ကုမ္ပဏီ ၂ ခြမ်းကွဲတော့မလား
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG