သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖေ့ဘုတ်၊ မက်ဆင်ဂျာ စာမျက်နှာ ၁ နာရီအကြာမှာ ပြန်လည်ပတ်


Facebook ကုမ္ပဏီတံဆိပ်
Facebook ကုမ္ပဏီတံဆိပ်

Meta လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ ဖေ့ဘုတ်၊ အင်စတာဂရမ်၊ မက်ဆင်ဂျာစာမျက်နှာတွေ အားလုပ် လည်ပတ်မှု ရပ်ဆိုင်းသွားပြီးနောက် တနာရီအကြာမှာ ပြန်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ မတ်လ ၅ ရက် အင်္ဂါည မြန်မာစံတော်ချိန် ည ၉ နာရီခွဲလောက်မှာ Meta လူမှုကွန်ရက်တွေအားလုံး ရပ်ဆိုင်းသွားလို့ ဖေ့ဘုတ်၊ အင်စတာဂရမ် လူမှုကွန်ရက်အသုံးပြုနေသူတွေ၊ မက်ဆင်ဂျာကနေ ဖုံးစကားပြောနေသူတွေအားလုံး ဆက်အသုံးပြုလို့ မရ ဖြစ်သွားခဲ့တာပါ။

တကမ္ဘာလုံးအနှံ့ ထိခိုက်တာဖြစ်တယ်လို့ ဒီလို အင်တာနက်စာမျက်နှာ ရပ်တန့်မှုတွေကို စောင့်ကြည့်တင်ပြတဲ့ Downdetector.com က ပြောပါတယ်။ Meta ကလည်း WhatsApp Business စာမျက်နှာလည်း ပြဿနာတက်နေကြောင်း ဖော်ပြပါတယ်။

ဒီ Meta လူမှုကွန်ရက်စာမျက်နှာတွေ ရပ်တန့်ကုန်တဲ့ကိစ္စက X လူမှုကွန်ရက်မှာ လူပြောအများဆုံးအကြောင်းအရာ ဖြစ်သွားခဲ့ပြီး ဖေ့ဘုတ် တည်ထောင်သူ Mark Zuckerberg ကတော့ အခုလို အခြေအနေကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားမှာပါလို့ ရေးခဲ့ပါတယ်။

Forum

XS
SM
MD
LG