(Zawgyi / Unicode)
မိတ္ေဆြေတြ၊ မိသားစုေတြ၊ တျခား သူေတြနဲ႔ ဆက္သြယ္တဲ႔ လူမႈကြန္ရက္ Facebook နဲ႔ အတူ သူ႔ရဲ႕ Instagram နဲ႔ WhatsApp စာမ်က္ႏွာေတြ ျပတ္ေတာက္သြားတာေၾကာင့္ ကမ ၻာတ၀န္းမွာ လူေပါင္း သန္းခ်ီ Facebook သံုးမရ ျဖစ္သြားပါတယ္။
Facebook ကုမၸဏီက တနလာၤေန႔ တြစ္တာမွာ ေရးသားထားတာမွာေတာ့ သူတို႔ရဲ႕ apps ေတြနဲ႔ ၀န္ေဆာင္မႈေတြကို အသံုးျပဳေရး တခ်ိဳ႕ လူေတြမွာ အခက္အခဲ ျဖစ္ေနတာကို သိရွိထားေၾကာင္း၊ ပံုမွန္ အျမန္ဆံုးျဖစ္ေအာင္ ႀကိဳးစားေနေၾကာင္းနဲ႔ အဆင္မေျပျဖစ္ရတဲ႔ အတြက္ ေတာင္းပန္ေၾကာင္း ေရးထားပါတယ္။
အေမရိကန္ စံေတာ္ခ်ိန္ တနလာၤေန႔ ေန႔ခင္း ၁၁ နာရီ ၄၅ မိနစ္ ၊ ျမန္မာ စံေတာ္ခ်ိန္ တနလာၤေန႔ ညပိုင္း ၁၀ နာရီ ၁၅ မိနစ္ေလာက္က စလို႔ ျပတ္ေတာက္ပံု ရပါတယ္။ Facebook ကုမၸဏီရဲ႕ ဌာနတြင္း ဆိုင္ရာ မွတ္တမ္းေတြမွာေတာ့ လုပ္ငန္းႀကီး အေပၚမွာ ထိခိုက္ႏိုင္တဲ႔ အခ်က္ေတြကို ကုမၸဏီဘက္က သိရွိထားေပမယ့္လည္း ေနာက္ဆက္တြဲ ထိခိုက္နစ္နာမႈ ျဖစ္လာႏိုင္တဲ႔ ကိစၥေတြကို သိပ္ၿပီး မကိုင္တြယ္ႏိုင္ခဲ႔ဘူးလို႔ ေဖာ္ျပထားေၾကာင္း Wall Street Journal က မၾကာခင္ကဘဲ သတင္းေဖာ္ျပထားပါတယ္။
CBS ႐ုပ္သံရဲ႕ 60 Minutes အစီအစဥ္မွာလည္း တနဂၤေႏြေန႔က အတြင္း သတင္းေပး တဦး ျဖစ္တဲ႔ Frances Haugen နဲ႔ ေတြ႕ဆံုေမးျမန္းခန္းကို ထုတ္လႊင့္တာမွာ လူမႈကြန္ရက္ လုပ္ငန္းႀကီးနဲ႔ ပတ္သက္ၿပီး သူမရဲ႕ မေက်နပ္ခ်က္ေတြကို ထုတ္လႊင့္ခဲ႔ပါတယ္။
အဂၤါေန႔မွာ လုပ္မယ့္ အထက္လႊတ္ေတာ္ ဆပ္ေကာ္မတီ ၾကားနာမႈမွာလည္း Haugen ထြက္ဆိုမယ္လို႔လည္း ခန္႔မွန္းထားပါတယ္။ သူမရဲ႕ စြပ္စဲြခ်က္ေတြက အထင္အျမင္ လြဲမွားေစတယ္လို႔လည္း Facebook က ေျပာဆိုထားပါတယ္။
(Unicode)
လူမှုကွန်ယက် Facebook ပြတ်တောက်
မိတ်ဆွေတွေ၊ မိသားစုတွေ၊ တခြား သူတွေနဲ့ ဆက်သွယ်တဲ့ လူမှုကွန်ရက် Facebook နဲ့ အတူ သူ့ရဲ့ Instagram နဲ့ WhatsApp စာမျက်နှာတွေ ပြတ်တောက်သွားတာကြောင့် ကမ ္ဘာတဝန်းမှာ လူပေါင်း သန်းချီ Facebook သုံးမရ ဖြစ်သွားပါတယ်။
Facebook ကုမ္ပဏီက တနလာၤနေ့ တွစ်တာမှာ ရေးသားထားတာမှာတော့ သူတို့ရဲ့ apps တွေနဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုရေး တချို့ လူတွေမှာ အခက်အခဲ ဖြစ်နေတာကို သိရှိထားကြောင်း၊ ပုံမှန် အမြန်ဆုံးဖြစ်အောင် ကြိုးစားနေကြောင်းနဲ့ အဆင်မပြေဖြစ်ရတဲ့ အတွက် တောင်းပန်ကြောင်း ရေးထားပါတယ်။ အမေရိကန် စံတော်ချိန် တနလာၤနေ့ နေ့ခင်း ၁၁ နာရီ ၄၅ မိနစ် ၊ မြန်မာ စံတော်ချိန် တနလာၤနေ့ ညပိုင်း ၁၀ နာရီ ၁၅ မိနစ်လောက်က စလို့ ပြတ်တောက်ပုံ ရပါတယ်။
Facebook ကုမ္ပဏီရဲ့ ဌာနတွင်း ဆိုင်ရာ မှတ်တမ်းတွေမှာတော့ လုပ်ငန်းကြီး အပေါ်မှာ ထိခိုက်နိုင်တဲ့ အချက်တွေကို ကုမ္ပဏီဘက်က သိရှိထားပေမယ့်လည်း နောက်ဆက်တွဲ ထိခိုက်နစ်နာမှု ဖြစ်လာနိုင်တဲ့ ကိစ္စတွေကို သိပ်ပြီး မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ဖော်ပြထားကြောင်း Wall Street Journal က မကြာခင်ကဘဲ သတင်းဖော်ပြထားပါတယ်။
CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်မှာလည်း တနင်္ဂနွေနေ့က အတွင်း သတင်းပေး တဦး ဖြစ်တဲ့ Frances Haugen နဲ့ တွေ့ဆုံမေးမြန်းခန်းကို ထုတ်လွှင့်တာမှာ လူမှုကွန်ရက် လုပ်ငန်းကြီးနဲ့ ပတ်သက်ပြီး သူမရဲ့ မကျေနပ်ချက်တွေကို ထုတ်လွှင့်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ လုပ်မယ့် အထက်လွှတ်တော် ဆပ်ကော်မတီ ကြားနာမှုမှာလည်း Haugen ထွက်ဆိုမယ်လို့လည်း ခန့်မှန်းထားပါတယ်။
သူမရဲ့ စွပ်စွဲချက်တွေက အထင်အမြင် လွဲမှားစေတယ်လို့လည်း Facebook က ပြောဆိုထားပါတယ်။