သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ကြံသတင်းတွေအပေါ် အမေရိကန်တွေ စိုးရိမ်မှု စစ်တမ်းသစ်မှာတွေ့ရှိ


လုပ်ကြံသတင်းတွေဟာ လူမျိုးရေးခွဲခြားတဲ့ဝါဒ၊ အကြမ်းဖက်ဝါဒ ဒါမှမဟုတ် ဥတုရာသီပြောင်းလဲမှုတို့ထက် ပိုကြီးမားတဲ့ ပြဿနာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံသားထက်ဝက်က သတ်မှတ်တယ်ဆိုတာ အသစ်ထွက်လာတဲ့ လူထုသဘောထားစစ်တမ်း ကောက်ယူချက်တခုမှာ တွေ့ရပါတယ်။

ဗုဒ္ဓဟူးနေ့ကထွက်လာတဲ့ ဒီစစ်တမ်းကို Pew သုတေသနအဖွဲ့က ကောက်ယူတာပါ။ စစ်တမ်းမှာပါဝင်သူ ၅၀% က လုပ်ကြံ သတင်းတွေဟာ အမေရိကန်ပြည်ထောင်စုမှာ သိပ်ကြီးမားတဲ့ ပြဿနာတခုဖြစ်တယ်လို့ မြင်ကြပါတယ်။ ဥတုရာသီပြောင်းလဲမှုကို ပြဿနာကြီးတခုအဖြစ်မြင်သူက ၄၆% ရှိပြီး လူမျိုးရေးခွဲခြားတဲ့ဝါဒအပေါ် ၄၀% နဲ့ အကြမ်းဖက်ဝါဒအပေါ် ၃၄% အသီးသီး သဘောထားအမြင်ရှိကြပါတယ်။

စစ်တမ်းမှာပါဝင်သူ ၆,၀၀၀ ထဲမှာ ၆၈% လောက်က လုပ်ကြံသတင်းတွေကြောင့် အစိုးရအဖွဲ့အစည်းတွေအပေါ် သူတို့ရဲ့ယုံကြည် မှု ကျဆင်းစေတယ်လို့ ပြောကြပါတယ်။

စစ်တမ်းမှာပါဝင်သူအများစုဖြစ်တဲ့ ၅၇% က လုပ်ကြံသတင်းအချက်အလက်တွေ ထွက်တဲ့အပေါ် နိုင်ငံရေးသမားတွေနဲ့ သူတို့ ဝန်ထမ်းတွေကို အပြစ်တင်ကြတာကြောင့် သတင်းမီဒီယာကို အပြစ်တင်သူ ၃၆% ထက် ပိုများပါတယ်။ ၅၃% ကတော့ တက်ကြွ လှုပ်ရှားသူတွေကို အပြစ်တင်ပါတယ်။

ဒါပေမယ့် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့တာဝန်ဟာ နိုင်ငံရေးသမားတွေမဟုတ်ဘဲ သတင်းမီဒီယာသမားတွေ ဖြစ်တယ်လို့ စစ်တမ်းမှာပါဝင်သူ အများစုကမြင်ပါတယ်။ လုပ်ကြံသတင်းတွေကို တန်ပြန်ဖို့ သတင်းထောက်တွေမှာ အဓိကတာဝန်ရှိတယ်လို့ ၅၃% လောက်ကပြောပေမယ့် အဲဒီလိုသတင်းတွေ လျော့နည်းသွားစေဖို့ လူထုကိုယ်တိုင်မှာလည်း တာဝန်အများစုရှိတယ်လို့ မြင်ကြပါတယ်။

စစ်တမ်းမှာပါဝင်သူ ၅၂% က လုပ်ကြံသတင်းတွေကို သူတို့ကိုယ်တိုင်က ပြန်ဖြန့်ဖူးတယ်လို့ပြောကြပြီး အများစုကြီးကတော့ သူတို့ပြန်ဖြန့်ချိန်က အဲဒါဟာ လုပ်ကြံသတင်းဖြစ်တယ်ဆိုတာမျိုးကို မသိခဲ့ဘူးလို့ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG