သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ စားနပ်ရိက္ခာ ရှားပါးမယ့် အန္တရာယ် ကုလသတိပေး


စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေစဉ် (ဓာတ်ပုံ - IDPs Support Group)
စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေစဉ် (ဓာတ်ပုံ - IDPs Support Group)

ပဋိပက္ခတွေ၊ ဥတုရာသီပြောင်းလဲလာမှုတွေကြောင့် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ စားနပ်ရိက္ခာ ရှားပါးမှုတွေ ပိုဆိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ FAO နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တို့ ပူးတွဲ မှတ်တမ်းပြုစုပြီး ဇွန်လ ၅ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “ငတ်မွတ်ခေါင်းပါးမှုရင်ဆိုင်နေရတဲ့နေရာများ” ဆိုတဲ့ အစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားတာပါ။

အစီရင်ခံစာအရ မြန်မာနိုင်ငံဟာလည်း အငတ်ဘေးနဲ့ရင်ဆိုင်ရနိုင်တဲ့ အထူးစိုးရိမ်ရတဲ့ ကွန်ဂို၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတို့နဲ့အတူ ပါဝင်နေပြီး အစိုးရိမ်ရဆုံးနိုင်ငံကတော့ ဟေတီဖြစ်တယ်လို့ ဆိုပါတယ်။ အာဖရိကတိုက်အတွင်းက မာလီ၊ တောင်ဆူဒန် နဲ့ ဆူဒန်နိုင်ငံတို့အပြင် ပါလက်စတိုင်းဒေသတို့ဟာလည်း ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ အထူးစိုးရိမ်ရတဲ့နိုင်ငံတွေအဖြစ် ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။

ငတ်မွတ်ခေါင်းပါးမှုရင်ဆိုင်နေရတဲ့ နေရာအတော်များများမှာ ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာ မလုံလောက်မှုဟာ လက်နက်ကိုင်ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကြောင့်ဖြစ်တယ်ဆိုတာ တွေ့ရှိရကြောင်း FAO ရဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးဌာန ဒုတိယအကြီးအကဲ Fleur Wouterse က ပြောပါတယ်။

အလားတူဘဲ မိုးအလွန်အကျွန် ရွာသွန်းမှုနဲ့ ရာသီဥတု ဆိုးရွားတဲ့ဒဏ်တွေကလည်း စားနပ်ရိက္ခာ ရှားပါးမှုကို ဖြစ်စေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ စားနပ်ရိက္ခာ ရှားပါးမယ့် အန္တရာယ် ကုလသတိပေး
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG