သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Merck ကုမ္ပဏီထုတ် သောက်ဆေး ကိုဗစ်ကုသရာမှာ အသုံးပြုဖို့ FDA ခွင့်ပြု


FILE - This undated photo provided by Merck & Co. shows their new antiviral medication molnupiravir.
FILE - This undated photo provided by Merck & Co. shows their new antiviral medication molnupiravir.

Merck ကုမ္ပဏီထုတ် သောက်ဆေး ကိုဗစ်ကုသရာမှာ အသုံးပြုဖို့ FDA ခွင့်ပြု

{{Zawgyi/Unicode}}

ကိုဗစ်ရောဂါ လူနာတွေအတွက် အရေးပေါ် ကုသဖို့ သောက်ဆေးအဖြစ် Pfizer ကုမ္ပဏီထုတ် ဆေးပြားတွေကို အမေရိကန် ဆေးဝါးနဲ့ အစားအစာ ကြီးကြပ်ရေးဌာန (FDA) က အတည်ပြုလိုက်ပြီး နောက်တရက်မှာပဲ Merck ကုမ္ပဏီထုတ်ဆေးကိုလည်း ကြာသပတေးနေ့မှာ ခွင့်ပြုလိုက်ပါတယ်။

Molnupiravir လို့အမည်ပေးထားတဲ့ ဆေးပြားကိုတော့ ကိုဗစ်ရောဂါ လက္ခဏာတွေ့ရတဲ့ အရွယ်ရောက်သူ ကျန်းမာရေး အားနည်းသူတွေ သောက်သုံးခွင့်ပြုခဲ့ပေမဲ့ အရိုးနဲ့ အရွတ် ကြီးထွားမှု ထိခိုက်မှာ စိုးရိမ်ရတဲ့ အသက် ၁၈ နှစ်အောက် အရွယ်တွေအတွက်တော့ သုံးစွဲခွင့်မပြုပါဘူး။

အာနိသင်မရှိတဲ့ ဆေးအတုတွေကိုပေးပြီး စမ်းသပ်ခဲ့သူတွေထဲက ၁၀ ရာခိုင်နှုန်းဟာ ဆေးရုံတင်ကုသခံခဲ့ရပြီး၊ ဆေးအစစ်နဲ့ စမ်းသပ်သူတွေကတော့ ၇ ရာခိုင်နှုန်းသာ ဆေးရုံတင်ရကြောင်းလည်း FDA ကပြောပါတယ်။

ရက်ပေါင်း ၃၀ အတွင်း စမ်းသပ်မှုမှာ ဆေးအစစ်သုံးစွဲသူ ၁ ဦးသာ သေဆုံးပြီး၊ ဆေးအတုနဲ့ စမ်းသပ်သူ ၉ ဦး သေဆုံးတာကို တွေ့ရှိခဲ့ရတာပါ။

Merck ကုမ္ပဏီထုတ်ဆေးကိုတော့ ကိုဗစ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇစနစ်မှာ ကမောက်ကမဖြစ်အောင်လုပ်ပြီး မျိုးဆက်ပွားဖို့ ခက်ခဲအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

Pfizer ကုမ္ပဏီထုတ် Paxlovid ဆေးရဲ့ ၃ ပုံ ၁ ပုံသာ ထိရောက်မှု ရှိတယ်လို့ဆိုကြတဲ့ ဒီဆေးကိုတော့ ကိုယ်ဝန်ဆောင်တွေ မသုံးဖို့လည်း သတိပေးထားပါတယ်။

........................................

Merck ကုမ္ပဏီထုတ် သောက်ဆေး ကိုဗစ်ကုသရာမှာ အသုံးပြုဖို့ FDA ခွင့်ပြု
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

Merck ကုမ်ပဏီထုတျ သောကျဆေး ကိုဗဈကုသရာမှာ အသုံးပွုဖို့ FDA ခှင့ျပွု

{{Unicode}}







XS
SM
MD
LG