သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနှစ်မြုပ်သင်္ဘော တွန်းသဘောၤပေါ် အောင်မြင်စွာ တင်လိုက်နိုင်ပြီ


တောင်ကိုရီးယားနှစ်မြုပ်သင်္ဘော တွန်းသဘောၤပေါ် တင်။ ( မတ် ၂၄၊ ၂၀၁၇)
တောင်ကိုရီးယားနှစ်မြုပ်သင်္ဘော တွန်းသဘောၤပေါ် တင်။ ( မတ် ၂၄၊ ၂၀၁၇)

တောင်ကိုရီးယားနိုင်ငံ ရေပြင်မှာ လွန်ခဲ့တဲ့ ၂ နှစ် နီးပါးမှာ နစ်မြုပ်သွားတဲ့ တန် ခြောက်ထောင့် ၈၀၀ အလေးချိန် သင်္ဘောကြီးကို ဆိပ်ကမ်းကို ဆွဲသွားဖို့ ဒီကနေ့ စနေနေ့မှာပဲ တွန်းသင်္ဘောပေါ်ကို အောင်အောင်မြင်မြင် တင်နိုင်ခဲ့ပါပြီ။ ဒီထုထည်အရမ်းကြီးမားတဲ့ သင်္ဘောကြီးကို တင်နိုင်ဖို့ တော်တော်ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ကြရပြီး ဒီအဆင့်က သင်္ဘောကို ကမ်းခြေကို ပြန်သယ်ဖို့ အခက်ခဲဆုံး နောက်ဆုံးအဆင့် ဖြစ်ပါတယ်။

ဒီသင်္ဘောကို မိုင် ၅၀ ကျော်ဝေးတဲ့ ဆိပ်ကမ်းကိုရောက်အောင် ဆွဲသွားဖို့ သတင်း တပတ် ၂ ပတ် ကြာမှာ ဖြစ်ပြီး အဲဒီရောက်ရင်တော့ ပျောက်ဆုံးနေသေးတဲ့ အလောင်း ၉ လောင်းကို သင်္ဘောထဲမှာ ရှာဖွေမှာ ဖြစ်ပါတယ်။

Sewol လို့ ခေါ်တဲ့ သင်္ဘောဟာ ၂၀၁၄ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ တိမ်းမှောက်သွားတာဖြစ်ပြီး လူပေါင်း ၃၀၄ ဦး သေဆုံးသွားရပါတယ်။ သေဆုံးသူအများစုက လေ့လာရေးခရီးထွက်တဲ့ အထက်တန်းကျောင်းသူကျောင်းသားတွေဖြစ်လို့ တနိုင်ငံလုံး တုန်လှုပ်ကြေကွဲခဲ့ရပြီး ဘယ်သူမှ သိပ်ဂရုမစိုက်တဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုနဲ့ စည်းကြပ်မှုအပိုင်း ပေါ့လျော့တာတွေကို အများက ဝိုင်းထောက်ပြခဲ့ကြပါတယ်။ မကြာခင်ကပဲ ရာထူးကဖယ်ရှားခံခဲ့ရတဲ့ သမ္မတ Park Geun-hye အစိုးရရဲ့ ညံ့ဖျင်းတဲ့ ကယ်ဆယ်ရေးဆောင်ရွက်မှုကိုလည်း ဒေါသထွက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG