သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဖာပွန်ဗျူဟာစခန်း တိုက်ခိုက်ခံရ


ကူးဆိပ်တံတားစခန်းမှသိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများ (နိုဝင်ဘာ ၉၊ ၂၀၂၄)
ကူးဆိပ်တံတားစခန်းမှသိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများ (နိုဝင်ဘာ ၉၊ ၂၀၂၄)

ကရင်ပြည်နယ်အတွင်းကKNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ နောက်ဆုံးလက်ကျန်စခန်းကြီးဖြစ်တဲ့ ဖာပွန်ဗျူဟာစခန်းကို KNLA /PDF အပါအဝင် ပူးပေါင်းတပ်တွေက တိုက်ခိုက် နေသလို ရိက္ခာလက်နက်တွေ သယ်ဆောင်ရာမှာလုံခြုံရေးစခန်းတခုဖြစ်တဲ့ ကူးဆိပ်တံတားလုံခြုံရေးစခန်းကိုတော့ နိုဝင်ဘာလက ၉ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းကKNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ နောက်ဆုံးလက်ကျန်စခန်းကြီး ဖြစ်တဲ့ ဖာပွန်ဗျူဟာစခန်းကို KNLA /PDF အပါအဝင် ပူးပေါင်းတပ်တွေက တိုက်ခိုက်နေသလို ရိက္ခာလက်နက်တွေသယ်ဆောင်ရာမှာ လုံခြုံရေးစခန်းတခုဖြစ်တဲ့ ကူးဆိပ်တံတား လုံခြုံရေးစခန်းကိုတော့ နိုဝင်ဘာလက ၉ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“တံတားကင်းစခန်း တခုပါပဲ တံတားမှာ ရိက္ခာပို့သွားတဲ့အခါမှာ တံတားရဲ့လုံခြုံရေးကင်းစခန်းတခုပါပဲ ကူးဆိပ်တံတားစခန်းကတော့ လုံခြုံရေး ကတော့ လေးငါးဆယ်လောက်ရှိပါတယ် ။အခုကူးဆိပ်ကတော့ ဒွယ်လိုးမြို့နယ်ဘက်အခြမ်းကပါ

ကူးဆိပ်တံတားစခန်းကိုသိမ်းပိုက်ရာမှာစစ်ကောင်စီတပ်သား ၈ ဦး ရုပ်အလောင်းတွေရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၅ ကပြောပါတယ်။ စခန်းသိမ်းပြီးရရှိတဲ့ လက်နက်တွေကတော့ RPG-7(၂)လက်၊ မောင်းပြန်ရိုင်ဖယ်(၃)လက်၊ ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက် ဂျယ်မာ(၃)ခုနဲ့ မောင်းပြန်ရိုင်ဖယ် ကျည်တောင့် (၂၀၀၀)ကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ကူးဆိပ်တံတားလုံခြုံးရေးစခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဒေသခံတွေအပြောအရ ဖာပွန်ဗျူဟာကိုတော့ ပူးပေါင်းတပ်တွေဘက်က ပိတ်ဆို့ထားဆဲဖြစ်ပြီး ဖာပွန်ဗျူဟာပြီးရင် စခန်းငယ်လေး ၃ခုလောက်သာကျန်တော့တယ်လို့လည်းဆိုပါတယ်။

“ဗျူဟာအခြေအနေကတော့မထူးသေးဘူး။ အခုကတော့ ဒီဘက်(ပူးပေါင်းတပ်)ဘက်ကပိတ်ဆို့ထားတုန်းပါပဲ။ မထောတို့ တောင်သုံးလုံးစခန်း ကတိုင်ထိ စခန်းတွေတော့ရှိသေးတယ် အဲဒီ ၃နေရာတွေကလည်း အသေးလေးတွေပါပဲ ဖာပွန်ကတော့အဓိက မိန်းစခန်းပါပဲ အဲဒီနေရာတွေ သူတို့ကျန်လည်း ဘာမှာတော့လုပ်မရတော့ပါဘူး”

ကေအန်ယူ တပ်မဟာ(၅)ထိန်းချုပ်နယ်မြေထဲမှာအောက်တိုဘာလအတွင်း မှာပဲ တိုက်ပွဲပေါင်း ၁၃၀ ကျော်ဖြစ်ပွားခဲ့သလို ၁၉၉၂ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ ခေါပုတ်စခန်းကိုလည်း KNLA/PDF ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်ခဲ့ပြီး စစ်လက်နက်အများအပြား သိမ်းဆည်းနိုင်ခဲ့သလိုစစ်သုံ့ပန်း ၂၀ နီးပါးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

စစ်ကောင်စီ ဖာပွန်ဗျူဟာစခန်း တိုက်ခိုက်ခံရ
please wait

No media source currently available

0:00 0:02:35 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG