သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲမြို့လေဆိပ်အနီး တိုက်ပွဲပြင်းထန်


ငပလီမြို့
ငပလီမြို့

ရခိုင်ပြည်နယ်၊ သံတွဲမြို့ လေဆိပ်တဝိုက်နားမှာ စစ်တပ်နဲ့ AA အာရက္ခတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် ငပလီပင်လယ်ကမ်းခြေ အပန်းဖြေနေရာတွေဘက်ကို ဒေသခံတွေ ထွက်ပြေးခဲ့ကြသလို စစ်တပ်ကလည်း ဟိုတယ်တချို့ထဲ ဝင်ရောက် စခန်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နဲ့ကပ်နေတဲ့ ဂေါ့ကျေးရွာက စစ်စခန်းကို ဒီကနေ့ ကြာသပတေးနေ့မှာ AA က လက်နက်ကြီးနဲ့ လှမ်းပစ်နေသလို ရေတပ်သင်္ဘောတွေ ဖက်ကလည်း ပင်လယ်ထဲကနေ ပြန်ပစ်နေတယ်လို့ အဲဒီဒေသမှာ ရှိနေသူတွေက ပြောပြပါတယ်။ စစ်လေယာဉ်တွေလည်း ဂေါ့ကျေးရွာအပေါ် ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။

တိုက်ပွဲတွေဖြစ်နေတာ ၃ ရက်ရှိနေပြီး ဒေသခံတွေ ထိန်လန့်နေကြတယ်လို့ ငပလီဒေသခံတယောက်က VOA မြန်မာပိုင်းကို ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲက စစ်တပ်စခန်းတွေကို AA တပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက် တောင်ပိုင်းက အချက်အခြာကျတဲ့ သံတွဲမြို့နယ်ထဲမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တွေမြို့မြောက်ဘက် ဗျိုင်းဖြူကျေးရွာမှာ မေလ ၂၉ ရက်နေ့က ဒေသခံ ရွာသား ၅၁ ယောက်ကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပြီး စစ်တပ်ရဲ့ နှိပ်စက်မှုမျိုးစုံကို NUG အနေနဲ့ ပြည်သူတွေ ဘက်ကနေ ခုခံကာကွယ်နေသလို၊ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့လည်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်နိုင်အောင် အမြန်လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့လည်း ပြောကြားခဲ့ပါတယ်။

အရပ်သားတွေကို စစ်ရေးပစ်မှတ်လို သဘောထားပြီး စစ်ကောင်စီက တိုက်ခိုက်နေတာကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ သိနားလည်အောင် တွန်းတွန်းတိုက်တိုက် အသိပေးကြဖို့လိုအပ်တယ်လို့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG