သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် မင်းပြားနဲ့ရမ်းဗြဲဒေသ တိုက်ပွဲတွေ ပြင်းထန်နေ 


ရမ်းဗြဲမြို့တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄)
ရမ်းဗြဲမြို့တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်းက စစ်ကောင်စီရဲ့ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရခိုင်တပ်တော် AA က တိုက်ခိုက်နေပြီး နေရာအများစုကို သိမ်းယူထားပြီလို့ AA ပါဝင်တဲ့ ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရမ်းဗြဲမြို့နယ်တွင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က ရဟတ်ယဉ်တွေနဲ့ တပ်ကူလွှတ်ခဲ့တာကို AA ဘက်က ပြန်လည် ရှင်းလင်းတိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံတဝန်းမှာတော့ ရခိုင်ဒေသအပြင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီဒေသတွေမှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး မြန်မာစစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကို ပိုပြီး တိုးမြှင့်နေပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းမှာလည်း ဒေသခံ ချင်းကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေပြီး ကလေးမြို့မြောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့လက်နက်ကြီးသုံးပြီး တိုက်ခိုက်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ကလေးမြို့ ကလေးတက္ကသိုလ်ကို PDF ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ပြီး ကျောင်းဝန်ထမ်းနဲ့ ဆရာဆရာမတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း PDF တချို့ရဲ့ ရုပ်အလောင်းနဲ့ လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ တချိန်တည်းမှာတော့ ကရင် ပြည်နယ်တွင်း ကော့ကရိတ်မြို့နယ်ထဲမှာလည်း စစ်ကောင်စီစခန်းနဲ့ ဂိတ်စခန်းတချို့ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG