သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖင်လန်စာသင်ကျောင်း ပစ်ခတ်မှု ၃ ဦးဒဏ်ရာရ


ဖင်လန်နိုင်ငံ မြို့တော် Helsinki ရှိ အလယ်တန်းကျောင်းပစ်ခတ်မှုအပြီး လုံခြုံရေးယူထားစဉ် (မတ် ၂၊ ၂၀၂၄)
ဖင်လန်နိုင်ငံ မြို့တော် Helsinki ရှိ အလယ်တန်းကျောင်းပစ်ခတ်မှုအပြီး လုံခြုံရေးယူထားစဉ် (မတ် ၂၊ ၂၀၂၄)

ဖင်လန်နိုင်ငံ တောင်ပိုင်းရှိ အလယ်တန်းကျောင်းတကျောင်းမှာ အသက် ၁၂ နှစ်အရွယ် ကျောင်းသားတဦးက ပစ်ခတ်ခဲ့တဲ့အတွက် အခြားကျောင်းသားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖင်လန်ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့တော် Helsinki ရဲ့ ဆင်ခြေဖုံးရပ်ကွက် Vantaa ရှိ ကျောင်းသား ၈၀၀ ခန့်တက်ရောက်နေတဲ့ Viertola အလယ်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

ပစ်ခတ်သူနဲ့ ဒဏ်ရာရသူတွေဟာ အသက် ၁၂ နှစ်အရွယ် ကျောင်းသားတွေဖြစ်ကြပြီး၊ သေနတ်သမားအဖြစ် ယူဆထားတဲ့ ကျောင်းသားကိုတော့ ဒီနေ့နှောင်းပိုင်းမှာပဲ Helsinki မြို့အနီး ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

စာသင်ကျောင်းရှိ အဆောက်အအုံတခုကို ရဲတွေက ပိတ်ဆို့ထားပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အခြေအနေကိုတော့ အသေးစိတ်ပြောသွားတာမရှိပါဘူး။ ကျောင်းအုပ်ကြီး Sari Laasila (ဆာရီ လာဆီလာ) က တော့ အခြေအနေဟာ အန္တရာယ် မရှိတော့ဘူးလို့လည်း Reuters သတင်းဌာနကို ပြောပါတယ်။

ဖင်လန်စာသင်ကျောင်း ပစ်ခတ်မှု ၃ ဦးဒဏ်ရာရ
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG