သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် Chatuchak ဈေးမီးကြောင့် တိရစ္ဆာန်မျိုးစုံ ရာချီသေဆုံး 


ဘန်ကောက်မြို့ ချက်တူချစျေးမီးလောင်အပြီးတွေ့ရစဉ် (ဇွန် ၁၁၊ ၂၀၂၄)
ဘန်ကောက်မြို့ ချက်တူချစျေးမီးလောင်အပြီးတွေ့ရစဉ် (ဇွန် ၁၁၊ ၂၀၂၄)
ဘန်ကောက်မြို့ ချက်တူချစျေးမီးလောင်အပြီးတွေ့ရစဉ် (ဇွန် ၁၁၊ ၂၀၂၄)
ဘန်ကောက်မြို့ ချက်တူချစျေးမီးလောင်အပြီးတွေ့ရစဉ် (ဇွန် ၁၁၊ ၂၀၂၄)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အထင်ကရ Chatuchak ဈေးမှာ ဒီကနေ့ မနက်အစောပိုင်း မီးလောင်ခဲ့တဲ့အတွက် ခွေးပေါက်လေးတွေ၊ မြွေ၊ ငှက်နဲ့ ယုန်တွေအပါအဝင် ရာနဲ့ချီတဲ့ တိရစ္ဆာန်ငယ်လေးတွေ သေဆုံးခဲ့ပါတယ်။ ဈေးထဲက တိရစ္ဆာန်တွေ ရောင်းချတဲ့ အပိုင်းမှာ အင်္ဂါမနက်အစောပိုင်း မီးလောင်ခဲ့ရာက တိရစ္ဆာန်အရောင်းဆိုင် ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး လှောင်အိမ်ထဲထည့်ထားတဲ့ တိရစ္ဆာန်ငယ်လေးတွေမီးလောင်သေဆုံးခဲ့ရတာပါ။

ဘန်ကောက်မြို့ ချက်တူချစျေးမီးလောင်အပြီးတွေ့ရစဉ် (ဇွန် ၁၁၊ ၂၀၂၄)
ဘန်ကောက်မြို့ ချက်တူချစျေးမီးလောင်အပြီးတွေ့ရစဉ် (ဇွန် ၁၁၊ ၂၀၂၄)

မီးငြှိမ်းသတ်ဖို့ တနာရီကျော်ကြာတယ်လို့ မီးသတ်တာဝန်ရှိသူတွေကပြောပါတယ်။ လူထိခိုက်သေဆုံးတဲ့တာမရှိပေမဲ့ ဆိုင်တွေမှာပိတ်ထားတဲ့ သတ္တုတံခါးတွေကို ဖျက်ပြီးတော့ အသက်ရှင်ကျန်နေတဲ့ တိရစ္ဆာန်လေးတွေကို ကယ်ထုတ်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဘန်ကောက်မြို့တော်ဝန်ကပြောပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားလာရောက်လေ့ရှိတဲ့ ဒီ Chatuchak ဈေးမှာ ဈေးဆိုင်ရာနဲ့ချီရှိပြီးတော့ အစားအသောက်၊ အဝတ်အထည်၊ ပရိဘောဂ၊ သစ်ပင်တွေ၊ စာအုပ်တွေအပြင် တိရိစ္ဆာန်အစုံ ရောင်းချတာပါ။ တောရိုင်းတိရစ္ဆာန်အဖွဲ့အစည်းတွေကတော့ ဒီဈေးကဆိုင်တွေမှာ ရှားပါးလိပ်မျိုးစိတ်တွေ၊ ငှက်တွေ အပါအဝင် မျိုးသုဉ်းလုနီးပါးတိရစ္ဆာန်တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားလေ့ရှိတယ်လို့ မကြာခဏစွပ်စွဲပြောဆိုလေ့ရှိပါတယ်။

ဘန်ကောက် Chatuchak ဈေးမီးကြောင့် တိရစ္ဆာန်မျိုးစုံ ရာချီသေဆုံး 
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG