သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအပန်းဖြေကစားကွင်း မီးလောင်မှု ၂၀ ကျော်သေဆုံး


မီးလောင်မှုအတွင်း ဒဏ်ရာရ သေဆုံးသူတွေကို ကယ်ထုတ်လာစဥ်။ May 25, 2024
မီးလောင်မှုအတွင်း ဒဏ်ရာရ သေဆုံးသူတွေကို ကယ်ထုတ်လာစဥ်။ May 25, 2024

နွေရာသီအားလပ်ရက်နေ့ ကလေးငယ်တွေ ပါတဲ့ မိသားစုဝင်တွေနဲ့ လူစည်ကား ချိန်မှာ မီးလောင်ခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် မီးကိုတော့ အပြည့်အဝ နီးပါး မီးငြှိမ်းသတ်နိုင်ပြီလို့ ခရိုင်မီးသတ်အရာရှိ IV Kher က ရိုက်တာကို ပြောပါတယ်။

အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်က အပန်းဖြေ ကစားကွင်းတခုထဲမှာ စနေနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်အများအပြားအပါအဝင် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း အစိုးရအရာရှိတဦးက အတည်ပြုပါတယ်။

Rajkot ခရိုင်ထဲက ပန်းခြံမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူဦးရေ တိုးလာဖွယ်ရှိကြောင်း ဒေသခံမြို့တော်ဝန်က ရိုက်တာသတင်းကို ပြောပါတယ်။ " ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ အဓိက အာရုံစိုက်နေပါတယ်။ ဒီဖြစ်ရပ်အတွက် တာဝန်ရှိတဲ့သူတွေကို တင်းတင်းကျပ်ကျပ် သေချာပေါက် အရေးယူမယ် " လို့ မြို့တော်ဝန် Nayana Pehadiya က ပြောပါတယ်။

နွေရာသီအားလပ်ရက်နေ့ ကလေးငယ်တွေ ပါတဲ့ မိသားစုဝင်တွေနဲ့ လူစည်ကား ချိန်မှာ မီးလောင်ခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် မီးကိုတော့ အပြည့်အဝ နီးပါး မီးငြှိမ်းသတ်နိုင်ပြီလို့ ခရိုင်မီးသတ်အရာရှိ IV Kher က ရိုက်တာကို ပြောပါတယ်။

မီးသတ်သမားတွေဟာ ပြိုကျနေတဲ့ သွပ်အကာအရံ အပျက်အစီးတွေ ရှင်းလင်းနေတဲ့ မြင်ကွင်း ရုပ်သံတွေကို ပြည်တွင်း မီဒီယာတွေမှာ တွေ့မြင်ရပါတယ်။ ဒေသဆေးရုံက တာဝန်ကျ ရဲအရာရှိတဦးရဲ့ ဖြေကြားချက်အရ အလောင်းအချို့မှာ မမှတ်မိလောက်အောင် မီးလောင်ကျွမ်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒီမီးလောင်မှုအတွင်း ထိခိုက်ခဲ့သူ အားလုံးကို ကူညီပေးရေး လုပ်ဆောင်နေကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ က သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးပါတယ်။

မီးလောင်ခဲ့တဲ့ အပန်းဖြေဥယျာဉ်ဟာ ပုဂ္ဂလိကပိုင်ဖြစ်ပြီး Yuvraj Singh Solanki က ဆိုသူကို ပေါ့ဆမှုဖြင့် အမှုဖွင့်ထားကြောင်း ရဲမင်းကြီး Raju Bhargava က ပြောပါတယ်။ ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ် Bhupendra Patel ကတော့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (SIT) ကို လွှဲပြောင်းပေးထားတယ်ဆိုပါတယ်။ မီးလောင်မှု ဖြစ်စဥ်နဲ့ပတ်သက်တဲ့ လူနှစ်ဦးကို Rajkot ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်တွင်း ရုပ်မြင်သံကြားသတင်းတွေမှာ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG