သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ အာရွမွာ ေတာ႐ုိင္းတိရစာၦန္ ေစ်းကြက္ပိတ္ေရး ေတာင္းဆုိမႈေတြ တုိး


ေတာရိုင္းတိရစာၦန္ေရာင္းခ်ေနတဲ့ ကိုလံဘီယာႏိုင္ငံရွိ Bogota ေစ်း (စက္တင္ဘာ ၁၇၊ ၂၀၀၈)

(Zawgyi/Unicode)

တ႐ုတ္အလယ္ပိုင္း၊ ေတာ႐ိုင္းတိရစာၦန္အရွင္ေရာင္းဝယ္တဲ့ ေစ်းကေန ျပန္႔လာတဲ့ COVID-19 ေရာဂါေၾကာင့္ တကမာၻလုံးမွာ ေလးလအတြင္း လူေပါင္း ၇၀,၀၀၀ ေက်ာ္ ေသဆုံးၿပီးခ်ိန္ ဒီလိုမ်ိဳးထပ္ၿပီး မျဖစ္ေအာင္ ေတာ႐ိုင္းသားေကာင္ ေစ်းကြက္ေတြ ပိတ္ေပးဖို႔ အမ်ားစုက ေတာင္းဆိုေနၿပီး ဒီအထဲမွာ ျမန္မာႏိုင္ငံလည္း ပါဝင္လာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

ကမာၻလုံးဆိုင္ရာ သဘာဝပတ္ဝန္းက်င္ ရန္ပုံေငြအဖြဲ႕ WWF က အာရွငါးႏိုင္ငံမွာ ေကာက္ခဲ့တဲ့ စစ္တမ္းအတိုင္းဆိုရင္ COVID-19 ေရာဂါမျပန႔္ပြားေအာင္ ေတာ႐ိုင္းတိရစာၦန္ေစ်းကြက္ေတြ ပိတ္သိမ္းဖို႔ အမ်ားစုက ေထာက္ခံၾကပါတယ္။ ဒါက COVID-19 ေရာဂါနဲ႔ ေတာ႐ိုင္းတိရစာၦန္ ဆက္စပ္မႈၾကား လူထုသေဘာထားကို ေမးထားတဲ့ ပထမဆုံး စစ္တမ္းလည္းျဖစ္ပါတယ္။ စစ္တမ္းကို ေျဖဆိုခဲ့တဲ့ ျမန္မာႏိုင္ငံသား ၉၆ ရာခိုင္ႏႈန္းက ဒီတရားမဝင္ ေစ်းကြက္ေတြ ပိတ္ေပးဖို႔ ေထာက္ခံခဲ့ပါတယ္။ ဒါေပမဲ့လည္း အစိုးရနဲ႔ လူထု ပါဝင္ပတ္သတ္မႈ ပိုၿပီးလုပ္ရလိမ့္မယ္လို႔ ေျဖဆိုသူေတြကေျပာပါတယ္။

☞ ကုိရုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္လုိ႔ သိထားသင့္သည့္အခ်က္မ်ားကိုလည္း ဒီမွာ ဖတ္ႏိုင္ပါၿပီ။

ျမန္မာႏိုင္ငံမွာ တျခားႏိုင္ငံနဲ႔ မတူဘဲ ဗဟိုအစိုးရ အာဏာသက္ေရာက္တာနည္းတဲ့ ေဒသေတြမွာ ေတာ႐ိုင္းတိရစာၦန္ေရာင္းဝယ္တာကို မထိန္းခ်ဳပ္ႏိုင္ဘူးလို႔ WWF Myanmar က ဦးရဲမင္းသြင္က ဗြီအိုေအကို ေျပာပါတယ္။

ေတာရိုင္းတိရစာၦန္ေရာင္းခ်ေနတဲ့ ကိုလံဘီယာႏိုင္ငံရွိ Bogota ေစ်း (စက္တင္ဘာ ၁၇၊ ၂၀၀၈)
ေတာရိုင္းတိရစာၦန္ေရာင္းခ်ေနတဲ့ ကိုလံဘီယာႏိုင္ငံရွိ Bogota ေစ်း (စက္တင္ဘာ ၁၇၊ ၂၀၀၈)

“ျမန္မာႏိုင္ငံရဲ႕ ဒီ Wild life market ေတြက တကယ္ market အႀကီးႀကီးေတြက က်ေနာ္တို႔ central government ရဲ႕ authority ဘယ္ေလာက္ သက္ေရာက္လဲေပါ့၊ သက္ေရာက္မႈ အားနည္းတယ္လို႔ ယူဆလို႔ရတဲ့ နယ္စပ္ေဒသေတြလို ေနရာမ်ိဳးမွာ မ်ားတာကို ေတြ႕ရတယ္ေပါ့။ က်ေနာ္တို႔ ဒီ ဩဇာ သက္ေရာက္မႈ ပိုမ်ားတဲ့ ၿမိဳ႕ႀကီးေတြမွာေတာ့ အထိုက္အေလွ်ာက္နည္းတယ္ အဲဒီအခါမွာ ျပည္တြင္းမွာရွိတဲ့ တျခားေသာ လက္နက္ကိုင္ ပဋိပကၡလို ဟာမ်ိဳးေတြ၊ law enforcement လုပ္ႏိုင္ဖို႔အတြက္ ဝန္ထမ္းပိုင္းဆိုင္ရာေရာ funding ပိုင္းဆိုင္ရာေရာပါ အားနည္းခ်က္ေတြ ရွိတဲ့အခါမွာ ထိေရာက္သင့္သေလာက္ မထိေရာက္တဲ့ အေျခအေနမ်ိဳး ျဖစ္တယ္လို႔ ယူဆလို႔ရပါတယ္။”

တ႐ုတ္အစိုးရကေတာ့ သူ႔ႏိုင္ငံထဲမွာ ေတာ႐ိုင္းတိရိစာၦန္ေတြ ဒီအေတာအတြင္း မေရာင္းခ်ဖို႔ ဇန္နဝါရီ ၂၅ ရက္ကစၿပီး တားျမစ္ထားပါတယ္။ ေနာက္ပိုင္း ျပန္ေရာင္းခ်တာေတြ မရွိေအာင္လည္း တ႐ုတ္ျပည္တြင္းက WWF ဦးေအာင္ၿပီး တ႐ုတ္အစိုးရနဲ႔ ညႇိႏႈိင္းတာေတြ လုပ္ေနပါတယ္။ ျမန္မာအစိုးရကေတာ့ ေတာ႐ိုင္းတိရစာၦန္ တရားမဝင္ကုန္ကူးတာေတြ တားဆီးဖို႔ထက္ လက္တေလာ ေရာဂါထိန္းခ်ဳပ္ဖို႔ပဲ အဓိက အာ႐ုံစိုက္ေနရပါတယ္။

“ျမန္မာႏိုင္ငံအေနနဲ႔ဆိုရင္ က်ေနာ္တို႔အျမင္က ပိုၿပီးေတာ့ လူေတြက အာ႐ုံစိုက္လာတယ္။ ေလာေလာဆယ္ေတာ့ အစိုးရအေနနဲ႔ကေတာ့ က်န္းမာေရးက ပထမဦးစားေပး ျဖစ္ေနမွာေပါ့။ ဒါေပမဲ့ က်ေနာ္တို႔ ယုံၾကည္ပါတယ္ ဒီေရာဂါ ကပ္ဆိုးႀကီး ၿပီးသြားတဲ့အခါမွာ က်ေနာ္တို႔ WWF အေနနဲ႔လည္း ပူးေပါင္း ေဆာင္႐ြက္မႈေတြ ပိုၿပီးလုပ္လာမွာျဖစ္တဲ့အတြက္အစိုးရလည္း အားတက္သေရာ ေဆာင္႐ြက္လာမယ္လို႔ ျမင္ပါတယ္။”

WWF- Myanmar က ဦးရဲမင္းသြင္ေျပာသြားတာပါ။

မ်ိဳးသုဥ္းတဲ့ အႏၲရာယ္ကေန ကာကြယ္ရမယ့္ ေတာ႐ိုင္း တိရစာၦန္ အမ်ိဳးအစား ၁၅၉ မ်ိဳးကို အစိုးရက ၁၉၉၄ မွာ သစ္ေတာေရးရာ ဝန္ႀကီးဌာနက အမိန႔္ေၾကာ္ျငာစာထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမဲ့ တားျမစ္ေတာ႐ိုင္းတိရိစာၦန္ေတြကို ဖမ္းဆီး စားေသာက္တာကေတာ့ ေလ်ာ့မသြားပါဘူး။

“ျမန္မာႏိုင္ငံအေနနဲ႔ ၾကည့္မယ္ဆိုရင္ အဓိက အမ်ားဆုံးေတြ႕တာကလည္း ဒီ bushmeat consumption (ေတာေကာင္သား စားသုံးမႈ) ပါပဲ။ ဒီ local people ေတြကေပါ့ bushmeat ေတြကို ေတာ္ေတာ္မ်ားမ်ား သုံးစြဲတတ္တာလည္း ေတြ႕ရတယ္။ ဥပမာ ဆတ္သားလို႔ေျပာလိုက္ရင္ ဆတ္သားဟာ ကာကြယ္ထားတဲ့ တိရစာၦန္ တခုျဖစ္ေနတယ္ ဆိုတာကို မသိၾကတဲ့သူေတြက မ်ားပါတယ္။ အဲဒီေတာ့ မသိဘဲ ေတာေကာင္သားေတြကို စားသုံးေနတဲ့ အေရအတြက္ကလည္း ျမန္မာႏိုင္ငံမွာ ေတာ္ေတာ္မ်ားပါတယ္ရွင့္။”

WWF က သားငွက္တရားမဝင္ ကုန္သြယ္ေရးဆိုင္ရာအစီအစဥ္ တာဝန္ရွိသူ ေဒၚစုစုယမင္း ေျပာသြားတာပါ။

COVID-19 ေၾကာင့္ ေတာ႐ိုင္းတိရိစာၦန္ေတြ ကူးသန္းေရာင္းဝယ္တာ မလုပ္ဖို႔ အမ်ားစုက လက္ခံလာၾကတယ္လို႔ ဆိုပါတယ္။ ကမာၻလုံးဆိုင္ရာ သဘာဝပတ္ဝန္းက်င္ ရန္ပုံေငြအဖြဲ႕ WWF က သူ႔ရဲ႕ စစ္တမ္းကို သားေကာင္ေတြ အေရာင္းအဝယ္လုပ္ေနတဲ့ ျမန္မာ၊ ထိုင္း၊ ဗီယက္နမ္၊ ေဟာင္ေကာင္နဲ႔ ဂ်ပန္ က လူဦးေရ ၅,၀၀၀ ကို မတ္လထဲမွာ ေမးျမန္းျပဳစုခဲ့တာပါ။ အဲဒီစစ္တမ္းကို ဧၿပီလ ၇ ရက္ ဒီေန႔မွာက်ေရာက္တဲ့ ကမာၻ႔က်န္းမာေရးေန႔မွာ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနဲ့ အာရှမှာ တောရိုင်းတိရစ္ဆာန် ဈေးကွက်ပိတ်ရေး တောင်းဆိုမှုတွေ တိုး

တရုတ်အလယ်ပိုင်း၊ တောရိုင်းတိရစ္ဆာန်အရှင်ရောင်းဝယ်တဲ့ ဈေးကနေ ပြန့်လာတဲ့ COVID-19 ရောဂါကြောင့် တကမ္ဘာလုံးမှာ လေးလအတွင်း လူပေါင်း ၇၀,၀၀၀ ကျော် သေဆုံးပြီးချိန် ဒီလိုမျိုးထပ်ပြီး မဖြစ်အောင် တောရိုင်းသားကောင် ဈေးကွက်တွေ ပိတ်ပေးဖို့ အများစုက တောင်းဆိုနေပြီး ဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF က အာရှငါးနိုင်ငံမှာ ကောက်ခဲ့တဲ့ စစ်တမ်းအတိုင်းဆိုရင် COVID-19 ရောဂါမပြန့်ပွားအောင် တောရိုင်းတိရစ္ဆာန်ဈေးကွက်တွေ ပိတ်သိမ်းဖို့ အများစုက ထောက်ခံကြပါတယ်။ ဒါက COVID-19 ရောဂါနဲ့ တောရိုင်းတိရစ္ဆာန် ဆက်စပ်မှုကြား လူထုသဘောထားကို မေးထားတဲ့ ပထမဆုံး စစ်တမ်းလည်းဖြစ်ပါတယ်။ စစ်တမ်းကို ဖြေဆိုခဲ့တဲ့ မြန်မာနိုင်ငံသား ၉၆ ရာခိုင်နှုန်းက ဒီတရားမဝင် ဈေးကွက်တွေ ပိတ်ပေးဖို့ ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း အစိုးရနဲ့ လူထု ပါဝင်ပတ်သတ်မှု ပိုပြီးလုပ်ရလိမ့်မယ်လို့ ဖြေဆိုသူတွေကပြောပါတယ်။

☞ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သိထားသင့်သည့်အချက်များကိုလည်း ဒီမှာ ဖတ်နိုင်ပါပြီ။

မြန်မာနိုင်ငံမှာ တခြားနိုင်ငံနဲ့ မတူဘဲ ဗဟိုအစိုးရ အာဏာသက်ရောက်တာနည်းတဲ့ ဒေသတွေမှာ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်တာကို မထိန်းချုပ်နိုင်ဘူးလို့ WWF Myanmar က ဦးရဲမင်းသွင်က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒီ Wild life market တွေက တကယ် market အကြီးကြီးတွေက ကျနော်တို့ central government ရဲ့ authority ဘယ်လောက် သက်ရောက်လဲပေါ့၊ သက်ရောက်မှု အားနည်းတယ်လို့ ယူဆလို့ရတဲ့ နယ်စပ်ဒေသတွေလို နေရာမျိုးမှာ များတာကို တွေ့ရတယ်ပေါ့။ ကျနော်တို့ ဒီ ဩဇာ သက်ရောက်မှု ပိုများတဲ့ မြို့ကြီးတွေမှာတော့ အထိုက်အလျှောက်နည်းတယ် အဲဒီအခါမှာ ပြည်တွင်းမှာရှိတဲ့ တခြားသော လက်နက်ကိုင် ပဋိပက္ခလို ဟာမျိုးတွေ၊ law enforcement လုပ်နိုင်ဖို့အတွက် ဝန်ထမ်းပိုင်းဆိုင်ရာရော funding ပိုင်းဆိုင်ရာရောပါ အားနည်းချက်တွေ ရှိတဲ့အခါမှာ ထိရောက်သင့်သလောက် မထိရောက်တဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ယူဆလို့ရပါတယ်။”

တရုတ်အစိုးရကတော့ သူ့နိုင်ငံထဲမှာ တောရိုင်းတိရိစ္ဆာန်တွေ ဒီအတောအတွင်း မရောင်းချဖို့ ဇန်နဝါရီ ၂၅ ရက်ကစပြီး တားမြစ်ထားပါတယ်။ နောက်ပိုင်း ပြန်ရောင်းချတာတွေ မရှိအောင်လည်း တရုတ်ပြည်တွင်းက WWF ဦးအောင်ပြီး တရုတ်အစိုးရနဲ့ ညှိနှိုင်းတာတွေ လုပ်နေပါတယ်။ မြန်မာအစိုးရကတော့ တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်ကူးတာတွေ တားဆီးဖို့ထက် လက်တလော ရောဂါထိန်းချုပ်ဖို့ပဲ အဓိက အာရုံစိုက်နေရပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ဆိုရင် ကျနော်တို့အမြင်က ပိုပြီးတော့ လူတွေက အာရုံစိုက်လာတယ်။ လောလောဆယ်တော့ အစိုးရအနေနဲ့ကတော့ ကျန်းမာရေးက ပထမဦးစားပေး ဖြစ်နေမှာပေါ့။ ဒါပေမဲ့ ကျနော်တို့ ယုံကြည်ပါတယ် ဒီရောဂါ ကပ်ဆိုးကြီး ပြီးသွားတဲ့အခါမှာ ကျနော်တို့ WWF အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီးလုပ်လာမှာဖြစ်တဲ့အတွက်အစိုးရလည်း အားတက်သရော ဆောင်ရွက်လာမယ်လို့ မြင်ပါတယ်။”

WWF- Myanmar က ဦးရဲမင်းသွင်ပြောသွားတာပါ။

မျိုးသုဉ်းတဲ့ အန္တရာယ်ကနေ ကာကွယ်ရမယ့် တောရိုင်း တိရစ္ဆာန် အမျိုးအစား ၁၅၉ မျိုးကို အစိုးရက ၁၉၉၄ မှာ သစ်တောရေးရာ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ တားမြစ်တောရိုင်းတိရိစ္ဆာန်တွေကို ဖမ်းဆီး စားသောက်တာကတော့ လျော့မသွားပါဘူး။

“မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် အဓိက အများဆုံးတွေ့တာကလည်း ဒီ bushmeat consumption (တောကောင်သား စားသုံးမှု) ပါပဲ။ ဒီ local people တွေကပေါ့ bushmeat တွေကို တော်တော်များများ သုံးစွဲတတ်တာလည်း တွေ့ရတယ်။ ဥပမာ ဆတ်သားလို့ပြောလိုက်ရင် ဆတ်သားဟာ ကာကွယ်ထားတဲ့ တိရစ္ဆာန် တခုဖြစ်နေတယ် ဆိုတာကို မသိကြတဲ့သူတွေက များပါတယ်။ အဲဒီတော့ မသိဘဲ တောကောင်သားတွေကို စားသုံးနေတဲ့ အရေအတွက်ကလည်း မြန်မာနိုင်ငံမှာ တော်တော်များပါတယ်ရှင့်။”

WWF က သားငှက်တရားမဝင် ကုန်သွယ်ရေးဆိုင်ရာအစီအစဉ် တာဝန်ရှိသူ ဒေါ်စုစုယမင်း ပြောသွားတာပါ။

COVID-19 ကြောင့် တောရိုင်းတိရိစ္ဆာန်တွေ ကူးသန်းရောင်းဝယ်တာ မလုပ်ဖို့ အများစုက လက်ခံလာကြတယ်လို့ ဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF က သူ့ရဲ့ စစ်တမ်းကို သားကောင်တွေ အရောင်းအဝယ်လုပ်နေတဲ့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်နဲ့ ဂျပန် က လူဦးရေ ၅,၀၀၀ ကို မတ်လထဲမှာ မေးမြန်းပြုစုခဲ့တာပါ။ အဲဒီစစ်တမ်းကို ဧပြီလ ၇ ရက် ဒီနေ့မှာကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG