သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာအနီးက ဂျေယန့် စစ်ဘေးရှောင်စခန်း မီးလောင်မှု အိမ်ခြေ ၄၀ နီးပါး ပါသွား


လိုင်ဇာအနီးက ဂျေယန့် စစ်ဘေးရှောင်စခန်း မီးလောင်မှု အိမ်ခြေ ၄၀ နီးပါး ပါသွား (မတ်လ ၁၉၊ ၂၀၂၃။) photo - Simsa Kasa Multimedia
လိုင်ဇာအနီးက ဂျေယန့် စစ်ဘေးရှောင်စခန်း မီးလောင်မှု အိမ်ခြေ ၄၀ နီးပါး ပါသွား (မတ်လ ၁၉၊ ၂၀၂၃။) photo - Simsa Kasa Multimedia

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက ဂျေယန့်ဒုက္ခသည်စခန်းမှာ လျှပ်စစ်မီးရှော့ဖြစ်ပြီး အိမ်ခြေ ၄၀ နီးပါး မီးလောင်ခဲ့ပါတယ်။ မီးဘေးသင့်သူ ၂၀၀ ဝန်းကျင်ကို အဲဒီဒုက္ခသည်စခန်းမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းတွေမှာ ထားထားတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နဲ့ ၅မိုင် အကွာမှာရှိတဲ့ ဂျေယန့်ဒုက္ခသည်စခန်းမှာ မတ်လ ၁၉ ရက်၊ မနေ့က ညနေ ၃ နာရီခွဲဝန်းကျင်မှာ မီးလောင်ခဲ့တာပါ။ လျှပ်စစ်မီးရှော့ဖြစ်တာကနေ အခုလို မီးလောင်ခဲ့တာလို့ စခန်းတာဝန်ခံ ဦးလဆိုင်းက ပြောပါတယ်။

"စဖြစ်တဲ့ အခြေအနေကတော့ လျှပ်စစ်မီးဝါယာကြိုး ရှော့ဖြစ်ပြီးတော့ အိမ်တစ်လုံးအရင် မီးလောင်သွားတယ်။ အဲဒီကနေ မီးလောင်သွားတဲ့ အိမ်ခြေစုစုပေါင်းက ၃၆ လုံး ရှိပါတယ်ခင်ဗျ။"

မီးလောင်တဲ့အထဲ အိမ်ခြေ ၃၆ လုံးပါသွားပြီး၊ မီးဘေးသင့်သူပေါင်း ၁၈၁ ယောက်ရှိတယ်လို့ ဦးလဆိုင်းက ပြောပါတယ်။

"ဒီ မီးဘေးသင့်တဲ့ ပြည်သူတွေကို စခန်းကော်မတီ ရုံးကနေပဲ စစ်ရှောင်စခန်းမှာဖွင့်ထားတဲ့ အလယ်တန်းကျောင်းနဲ့ မူလတန်းကျောင်း ဝန်းထဲမှာပဲ လုံလုံခြုံခြုံထား ထားပါတယ်။"

ဂျေယန့်ဒုက္ခသည်စခန်းမှာ ကချင်ပြည်နယ်ကနေ ရွာပေါင်း ၇၃ ရွာက စစ်ဘေးရှောင်ရင်း ရောက်လာကြတဲ့ ဒုက္ခသည်တွေ ခိုလှုံနေကြတာပါ။ အခု မီးဘေးသင့်သူတွေကို စိတ်ပိုင်းဆိုင်ရာအတွက် နှစ်သိမ့်တာတွေလည်း ဆောင်ရွက်ပေးနေတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

"မီးဘေးသင့်တဲ့ ပြည်သူတွေက အခုလောလောဆယ်မှာ သူတို့ပစ္စည်းဥစ္စာတွေ အကုန်လုံးကလည်း မီးထဲပါသွားတယ်ဆိုတော့ သူတို့စိတ်ထဲမှာ ခံစားရတာမျိုး တခုခုတော့ရှိနေတာပေါ့။ အဲဒါကြောင့် ကျနော်တို့ လတ်တလောမှာ နှစ်သိမ့်ပေးရတယ်။ ပြီးတော့ ကျနော်တို့ စစ်ရှောင်စခန်းတင် မကဘဲ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ရှောင်စခန်းက ပြည်သူတွေ၊ ပြီးရင် ကိုယ့်ရဲ့ရပ်ရွာ ဒေသမှာနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အကုန်လုံးလည်း အခုမီးဘေးသင့်နေတဲ့ ပြည်သူတွေအတွက် ဆုတောင်းကူညီပေးကြပါလို့ မေတ္တာတောင်းချင်ပါတယ်။"

သက်တမ်း ၁၂ နှစ်ကျော် ရှိပြီဖြစ်တဲ့ ဂျေယန့်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အိမ်ထောင်စုပေါင်း ၁,၅၀၀ ကျော်ရှိပါတယ်။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အနီးက ဂျေယန့်ဒုက္ခသည်စခန်း မီးလောင်တဲ့ အခြေအနေကို Kachin Independence Council (KIC) ရဲ့ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးဂွမ်မော်လည်း လာရောက် ကြည့်ရှုခဲ့ပြီး KIA တပ်သားတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG