သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္အထူးကိုယ္စားလွယ္ရဲ႕ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံမႈအေပၚအျမင္တခ်ိဳ႕


တရုတ် နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ အထူးသံတမန် မစ္စတာ တိန့်ရှီဂျွမ်း (Deng Xijun)(2020年2月21日)

=== [[ ZAWGYI ]] ===

တ႐ုတ္အထူးကိုယ္စားလွယ္ရဲ႕ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံမႈအေပၚအျမင္တခ်ိဳ႕

တ႐ုတ္ ႏိုင္ငံျခားေရးဌာနရဲ႕ အာရွေရးရာ အထူးသံတမန္ မစၥတာ တိန႔္ရွီဂြၽမ္း (Deng Xijun)နဲ႔ ျမန္မာနယ္စပ္က လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ ေတြ႕ဆုံခဲ့ရာမွာ ျမန္မာ့ႏိုင္ငံေရး၊ နယ္စပ္တည္ၿငိမ္ေရးနဲ႔ ကိုဗစ္ေျဖေလွ်ာ့မႈကိစၥေတြ ပါဝင္တယ္လို႔သိရပါတယ္။ တ႐ုတ္အထူးသံတမန္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ ေတြ႕ဆုံမႈနဲ႔ပတ္သက္ၿပီး ျမန္မာ့အေရးေလ့လာသူေတြရဲ႕အျမင္ စုစည္းသတင္းေပးပို႔ခ်က္ကို ကိုရဲမြန္က ေျပာျပမွာပါ။

ရွမ္းျပည္နယ္ေျမာက္ပိုင္း တ႐ုတ္- ျမန္မာနယ္စပ္က က်င္စန္းေက်ာ့-ဝမ္တိန္ နယ္စပ္ကုန္သြယ္ေရးလမ္းကို ယူနန္ျပည္နယ္ရဲ႕ ကုန္စည္ပို႔ေဆာင္ေရး လမ္းေၾကာင္းအျဖစ္ တ႐ုတ္အစိုးရက တည္ေဆာက္သြားဖို႔ရွိေၾကာင္း ယူနန္ေန႔စဥ္သတင္းစာက ေဖေဖာ္ဝါရီလ ၂၂ရက္က ေရးသားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ တ႐ုတ္ႏိုင္ငံရဲက ျမန္မာ့အေရး အထူးသံတမန္ မစၥတာတိန႔္ရွီဂြၽမ္းက ျမန္မာႏိုင္ငံေျမာက္ပိုင္းက လက္နက္ကိုင္အဖြဲ႕ေတြျဖစ္တဲ့ KIA ၊ UWSA ဝနဲ႔ မိုင္းလားအဖြဲ႕ NDAA တို႔နဲ႔ ေတြ႕ဆုံေနခဲ့တာ ျဖစ္ပါတယ္။

တခ်ိဳ႕ကေတာ့ ေဖေဖာ္ဝါရီလ ၁၈ရက္က အေမရိကန္ ဒုတိယ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ တ႐ုတ္ ဗဟိုႏိုင္ငံျခားေရးရာ အႀကီးအကဲ ဝမ္ယိတို႔ ေတြ႕ဆုံခဲ့တာ၊ အေမရိကန္၊ ဝါရွင္တန္ဒီစီမွာ NUG ရဲ႕ ႏိုင္ငံျခားေရး႐ုံး ဖြင့္ခြင့္ရတာ ဒီလိုကိစၥေတြကို အေၾကာင္းျပဳၿပီး ဒီလိုေတြ႕ဆုံခဲ့တာလို႔ ခန႔္မွန္းတာလည္း ရွိပါတယ္။ တၿပိဳင္နက္တည္းမွာပဲ တ႐ုတ္ႏိုင္ျခားေရးဝန္ႀကီး ခ်င္ဂန္နဲ႔ အင္ဒိုနီးရွား သမၼတတို႔ ဂ်ကာတာၿမိဳ႕မွာ ေတြ႕ဆုံေနၿပီး ေဒသတြင္းလုံၿခဳံေရးနဲ႔ စီးပြားေရး အာဆီယံအလွည့္က် တာဝန္ယူမႈကိစၥနဲ႔ ျမန္မာျပႆနာကို ေဆြးေႏြးေနခ်ိန္လည္း ျဖစ္ပါတယ္။

ဒီလိုမ်ားျပားတဲ့ အေၾကာင္းအရာေတြထဲမွာ ျမန္မာနဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရရဲ႕ အဓိက ရည္႐ြယ္ခ်က္တခုက ယူနန္အပါအဝင္ ေဒသတြင္းတခုလုံး ဘက္စုံဖြံ႕ၿဖိဳးလာဖို႔ျဖစ္ေၾကာင္း တ႐ုတ္ေရးရာ ေလ့လာသုံးသူျဖစ္တဲ့ ေဒါက္တာလွေက်ာ္ေဇာက ဗြီအိုေအကို ေျပာပါတယ္။

" တ႐ုတ္ျပည္ဘက္က ကိုဗစ္အလြန္ စီးပြားေရး ျမန္ျမန္ျပန္တက္ဖို႔ကို သိပ္ႀကိဳးစားေနတယ္။ သူက အာရွတခုလုံးေပါ့ေနာ္ RCEP ဆိုတာေလ အာဆီယံဆယ္ႏိုင္ငံနဲ႔ သူတို႔ အာရွႏိုင္ငံႀကီးေတြေပါ့ အားလုံးငါးႏိုင္ငံရွိမယ္ တ႐ုတ္၊ ေတာင္ကိုရီးယား၊ ဩစေၾတးလ်ရယ္၊ (ဂ်ပန္)၊ နယူးဇီလန္ရယ္ေပါ့၊ ဆိုေတာ့ အဲဒီဟာက သူတို႔ ေတာ္ေတာ္ေအာင္ျမင္ေနၿပီ။ ၂၀၂၂ တႏွစ္လုံးဟာက သူတို႔ေတာ္ေတာ္ ေအာင္ျမင္တယ္၊ supply chain ႀကီးတခုလုံး ျဖစ္ေအာင္လုပ္တာေပါ့။ ကမာၻမွာအႀကီးဆုံး လြတ္လပ္တဲ့ ကုန္ေဈးကြက္ႀကီးလည္း ျဖစ္တယ္။ အဲဒါႀကီးကို ပိုၿပီးေတာ့ တိုးပြားေအာင္ ျပန႔္ပြားေအာင္။ အဓိက စီးပြားေရးေပါ့။"

မစၥတာတိန႔္ရွီဂြၽမ္းဟာ နယ္စပ္တံခါးဖြင့္တဲ့အေျခအေန၊ ကိုဗစ္နဲ႔ ေဒသအေျခအေန၊ ျမန္မာစစ္ေရွာင္ အေျခအေနေတြကို ေလ့လာခဲ့တယ္လို႔ သတင္းတခ်ိဳ႕က ေဖာ္ျပပါတယ္။ သူတို႔ကို မိတ္ျဖစ္ေဆြျဖစ္ လာေတြ႕တာလို႔ KIO ကတုံ႔ျပန္ထားတာလည္း ရွိပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး အေျခအေနနဲ႔ ပတ္သက္လို႔ ေမးျမန္းခဲ့ေၾကာင္းလည္း UWSA ဝ, အဖြဲ႕ ေျပာခြင့္ရွိသူကတုံ႔ျပန္ထားတာပါ။ ဝါရွင္တန္ဒီစီမွာ ျမန္မာအတိုက္အခံအစိုးရ NUG ရဲ႕ ႏိုင္ငံျခားေရး႐ုံးကို အေမရိကန္က ဖြင့္ခြင့္ေပးခဲ့တာကို တ႐ုတ္သံတမန္ မစၥတာတိန႔္ရွီဂြၽမ္းက သေဘာမက်ေၾကာင္း ေဒသတြင္းသတင္းတခ်ိဳ႕မွာေဖာ္ျပၾကပါတယ္။

အေမရိကန္က လာမယ့္ေ႐ြးေကာက္ပြဲ ေထာက္ခံမႈရဖို႔၊ တ႐ုတ္-႐ုရွား-အီရန္တို႔ေျပာတဲ့ မွ်တတဲ့ ႏိုင္ငံေရးအခင္းအက်င္း ဒီႏွစ္ခုၾကားမွာ ျမန္မာ့အေရးကလည္း ဆက္စပ္ၿပီး ပါဝင္လာတာ ျဖစ္ပါတယ္။ ေဒါက္တာလွေက်ာ္ေဇာက ဆက္ေျပာပါတယ္။

" ဒါေၾကာင့္ ေရွ႕ေလွ်ာက္ ရႈပ္ေထြးစရာေတြပဲ။ အဲဒီေအာက္မွာ ဒီဇာတ္လမ္းေတြ ရႈပ္ေနတာ။ က်မကၾကည့္တာ ဒါဟာ က်မတို႔ ဗမာျပည္ ေႏြဦးေတာ္လွန္ေရး အတြက္ေတာ့ ေကာင္းမြန္တဲ့ အခ်က္ေတြ ရွိႏိုင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေနာက္ႏိုင္ငံေတြကလည္း က်မတို႔ ေႏြဦးေတာ္လွန္ေရးကို ေထာက္ခံေပးရမွာပဲ၊ တ႐ုတ္ကလည္း ခါတိုင္းလို စစ္တပ္ကို ပုံေအာၿပီး မလုပ္ရဲေပမဲ့ ျပည္သူလူထုနဲ႔ တစုံတရာ မကြဲကြာေအာင္ ဆက္ဆံရတာရွိတယ္။ ကမာၻႀကီးဟာ ဒီထက္ပိုၿပီးေတာ့ ေနာင္ ၂၀၂၄ (အေမရိကန္) သမၼတေ႐ြးေကာက္ပြဲ ၿပီးတဲ့အထိေတာ့ ရႈပ္ေထြးေနဦးမွာပဲ။ ဒီလိုပဲ ပ်ားပန္းခတ္ သြားေနၾကဦးမယ္။ ဒီၾကားထဲမွာ က်မတို႔ ေႏြဦးေတာ္လွန္ေရး ေတာ္လွန္ေရးသမားေတြက ေနတတ္ထိုင္တတ္ဖို႔နဲ႔ ရရွိလာတဲ့ အခြင့္ေကာင္းေလးေတြကို လက္မလႊတ္ဘဲ ဆြဲႏိုင္ေအာင္ႀကိဳးစားဖို႔ လိုအပ္တယ္။"

ျမန္မာႏိုင္ငံရဲ႕ လက္နက္ကိုင္ ပဋိပကၡနဲ႔ ဆက္ႏြယ္ၿပီး တ႐ုတ္-ျမန္မာၾကားမွာ အက်ိဳးစီးပြားေတြ ရွိေနတယ္လို႔ ယူဆၾကပါတယ္။ NUG အစိုးရကို အေမရိကန္က နည္းပညာပိုင္းအရ ကူညီေနတာဆိုေပမဲ့ ဒါဟာ လက္နက္ကိုင္ ေတာ္လွန္ေရးကို အားေပး၊ ကူညီေနတာလို႔ တ႐ုတ္ဖက္ကရႈျမင္တယ္လို႔ ႏိုင္ငံေရးေလ့လာသူတခ်ိဳ႕က ေျပာပါတယ္။ ေတြ႕ဆုံညႇိဳုႏႈိင္းၿပီး ထိမ္းထိမ္းသိမ္းလုပ္ပါလို႔ တ႐ုတ္ဖက္က ျမန္မာ့ႏိုင္ငံေရးအစုအဖြဲ႕ေတြကို တိုက္တြန္းေနတာပါ။ ဒါေၾကာင့္ မစၥတာတိန႔္ရွီကြၽမ္းက လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ဒီအခ်က္ကို ထည့္သြင္း ေဆြးေႏြးခဲ့ပုံရေၾကာင္း ႏိုင္ငံေရးသုံးသပ္သူ ဦးရဲထြန္းက ေျပာပါတယ္။

" သူကေတာ့ ေဆြးေႏြးေစခ်င္တဲ့ လမ္းေၾကာင္းေပါ့ေနာ္ အဲဒီေတာ့ အင္ဒိုနီးရွားက ဆက္လက္ၿပီး အေကာင္အထည္ ေဖာ္မယ္ဆိုတဲ့ဟာကို တဖက္မွာသူက သြားၿပီးေတာ့ အားေပးရင္းနဲ႔ တဖက္မွာၾကေတာ့လည္း နယ္စပ္မွာ ၁၉၆၈ေလာက္ကတည္းက ျဖစ္ခဲ့တဲ့ လက္နက္ကိုင္ ပဋိပကၡေပါ့ေနာ္ အဲဒီမွာ (မစၥတာတိန႔္ရွီဂြၽမ္း) သူကိုယ္ႏႈိက္ကလည္း သမိုင္းေၾကာင္းအရ ပါဝင္ ပတ္သက္ခဲ့တာကိုး။ ဗမာျပည္ ကြန္ျမဴနစ္ပါတီ ၿပိဳကြဲၿပီးတဲ့ေနာက္ အဲဒီနယ္စပ္က လက္နက္ကိုင္ေတြအေပၚမွာ သူကလည္း ဩဇာေညာင္းတယ္။ ဆိုေတာ့ အဲဒီဟာကို အသုံးျပဳၿပီးေတာ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြလုပ္ဖို႔ဆိုတဲ့ ကိစၥကို တိုက္တြန္းရင္းနဲ႔၊ ဒီလိုတိုက္တြန္းတဲ့ ဥစၥာမွာ (တ႐ုတ္က) သူ႔အက်ိဳးစီးပြားလည္း ပါတယ္ဆိုတဲ့ဟာကို ခုနက ကုန္သြယ္ေရးလမ္းေၾကာင္း ဝမ္တိန္ကေန လုပ္ဖို႔ဆိုတဲ့ဟာက ဒါကသူတို႔ရဲ႕ ေရရွည္ရည္႐ြယ္ခ်က္ပဲ။ မဟာဗ်ဴဟာ ရည္မွန္းခ်က္လို႔လည္း ေခၚတာေပါ့။"

မစၥတာ တိန႔္ရွီကြၽမ္းဟာ ၿပီးခဲ့တဲ့၂၀၂၂၊ ဒီဇင္ဘာ ၂၉ရက္မွာ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံ႔မႈ၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ဒါေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ျမန္မာနယ္စပ္က တိုင္းရင္းသား လက္နက္ကိုင္တခ်ိဳ႕နဲ႔လည္း အဲဒီမတိုင္ခင္ အရင္ဆုံးေတြ႕ဆုံခဲ့တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

တရုတ်အထူးကိုယ်စားလှယ်ရဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမှုအပေါ်အမြင်တချို့

တရုတ် နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ အထူးသံတမန် မစ္စတာ တိန့်ရှီဂျွမ်း (Deng Xijun)နဲ့ မြန်မာနယ်စပ်က လက်နက်ကိုင်အဖွဲ့တချို့ တွေ့ဆုံခဲ့ရာမှာ မြန်မာ့နိုင်ငံရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ကိုဗစ်ဖြေလျှော့မှုကိစ္စတွေ ပါဝင်တယ်လို့သိရပါတယ်။ တရုတ်အထူးသံတမန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး မြန်မာ့အရေးလေ့လာသူတွေရဲ့အမြင် စုစည်းသတင်းပေးပို့ချက်ကို ကိုရဲမွန်က ပြောပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ်က ကျင်စန်းကျော့-ဝမ်တိန် နယ်စပ်ကုန်သွယ်ရေးလမ်းကို ယူနန်ပြည်နယ်ရဲ့ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် တရုတ်အစိုးရက တည်ဆောက်သွားဖို့ရှိကြောင်း ယူနန်နေ့စဉ်သတင်းစာက ဖေဖော်ဝါရီလ ၂၂ရက်က ရေးသားခဲ့ပါတယ်။ အဲဒီအချိန်မှာ တရုတ်နိုင်ငံရဲက မြန်မာ့အရေး အထူးသံတမန် မစ္စတာတိန့်ရှီဂျွမ်းက မြန်မာနိုင်ငံမြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA ၊ UWSA ဝနဲ့ မိုင်းလားအဖွဲ့ NDAA တို့နဲ့ တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။

တချို့ကတော့ ဖေဖော်ဝါရီလ ၁၈ရက်က အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ် ဗဟိုနိုင်ငံခြားရေးရာ အကြီးအကဲ ဝမ်ယိတို့ တွေ့ဆုံခဲ့တာ၊ အမေရိကန်၊ ဝါရှင်တန်ဒီစီမှာ NUG ရဲ့ နိုင်ငံခြားရေးရုံး ဖွင့်ခွင့်ရတာ ဒီလိုကိစ္စတွေကို အကြောင်းပြုပြီး ဒီလိုတွေ့ဆုံခဲ့တာလို့ ခန့်မှန်းတာလည်း ရှိပါတယ်။ တပြိုင်နက်တည်းမှာပဲ တရုတ်နိုင်ခြားရေးဝန်ကြီး ချင်ဂန်နဲ့ အင်ဒိုနီးရှား သမ္မတတို့ ဂျကာတာမြို့မှာ တွေ့ဆုံနေပြီး ဒေသတွင်းလုံခြုံရေးနဲ့ စီးပွားရေး အာဆီယံအလှည့်ကျ တာဝန်ယူမှုကိစ္စနဲ့ မြန်မာပြဿနာကို ဆွေးနွေးနေချိန်လည်း ဖြစ်ပါတယ်။

ဒီလိုများပြားတဲ့ အကြောင်းအရာတွေထဲမှာ မြန်မာနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ အဓိက ရည်ရွယ်ချက်တခုက ယူနန်အပါအဝင် ဒေသတွင်းတခုလုံး ဘက်စုံဖွံ့ဖြိုးလာဖို့ဖြစ်ကြောင်း တရုတ်ရေးရာ လေ့လာသုံးသူဖြစ်တဲ့ ဒေါက်တာလှကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။

" တရုတ်ပြည်ဘက်က ကိုဗစ်အလွန် စီးပွားရေး မြန်မြန်ပြန်တက်ဖို့ကို သိပ်ကြိုးစားနေတယ်။ သူက အာရှတခုလုံးပေါ့နော် RCEP ဆိုတာလေ အာဆီယံဆယ်နိုင်ငံနဲ့ သူတို့ အာရှနိုင်ငံကြီးတွေပေါ့ အားလုံးငါးနိုင်ငံရှိမယ် တရုတ်၊ တောင်ကိုရီးယား၊ ဩစတြေးလျရယ်၊ (ဂျပန်)၊ နယူးဇီလန်ရယ်ပေါ့၊ ဆိုတော့ အဲဒီဟာက သူတို့ တော်တော်အောင်မြင်နေပြီ။ ၂၀၂၂ တနှစ်လုံးဟာက သူတို့တော်တော် အောင်မြင်တယ်၊ supply chain ကြီးတခုလုံး ဖြစ်အောင်လုပ်တာပေါ့။ ကမ္ဘာမှာအကြီးဆုံး လွတ်လပ်တဲ့ ကုန်ဈေးကွက်ကြီးလည်း ဖြစ်တယ်။ အဲဒါကြီးကို ပိုပြီးတော့ တိုးပွားအောင် ပြန့်ပွားအောင်။ အဓိက စီးပွားရေးပေါ့။"

မစ္စတာတိန့်ရှီဂျွမ်းဟာ နယ်စပ်တံခါးဖွင့်တဲ့အခြေအနေ၊ ကိုဗစ်နဲ့ ဒေသအခြေအနေ၊ မြန်မာစစ်ရှောင် အခြေအနေတွေကို လေ့လာခဲ့တယ်လို့ သတင်းတချို့က ဖော်ပြပါတယ်။ သူတို့ကို မိတ်ဖြစ်ဆွေဖြစ် လာတွေ့တာလို့ KIO ကတုံ့ပြန်ထားတာလည်း ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ကြောင်းလည်း UWSA ဝ, အဖွဲ့ ပြောခွင့်ရှိသူကတုံ့ပြန်ထားတာပါ။ ဝါရှင်တန်ဒီစီမှာ မြန်မာအတိုက်အခံအစိုးရ NUG ရဲ့ နိုင်ငံခြားရေးရုံးကို အမေရိကန်က ဖွင့်ခွင့်ပေးခဲ့တာကို တရုတ်သံတမန် မစ္စတာတိန့်ရှီဂျွမ်းက သဘောမကျကြောင်း ဒေသတွင်းသတင်းတချို့မှာဖော်ပြကြပါတယ်။

အမေရိကန်က လာမယ့်ရွေးကောက်ပွဲ ထောက်ခံမှုရဖို့၊ တရုတ်-ရုရှား-အီရန်တို့ပြောတဲ့ မျှတတဲ့ နိုင်ငံရေးအခင်းအကျင်း ဒီနှစ်ခုကြားမှာ မြန်မာ့အရေးကလည်း ဆက်စပ်ပြီး ပါဝင်လာတာ ဖြစ်ပါတယ်။ ဒေါက်တာလှကျော်ဇောက ဆက်ပြောပါတယ်။

" ဒါကြောင့် ရှေ့လျှောက် ရှုပ်ထွေးစရာတွေပဲ။ အဲဒီအောက်မှာ ဒီဇာတ်လမ်းတွေ ရှုပ်နေတာ။ ကျမကကြည့်တာ ဒါဟာ ကျမတို့ ဗမာပြည် နွေဦးတော်လှန်ရေး အတွက်တော့ ကောင်းမွန်တဲ့ အချက်တွေ ရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံတွေကလည်း ကျမတို့ နွေဦးတော်လှန်ရေးကို ထောက်ခံပေးရမှာပဲ၊ တရုတ်ကလည်း ခါတိုင်းလို စစ်တပ်ကို ပုံအောပြီး မလုပ်ရဲပေမဲ့ ပြည်သူလူထုနဲ့ တစုံတရာ မကွဲကွာအောင် ဆက်ဆံရတာရှိတယ်။ ကမ္ဘာကြီးဟာ ဒီထက်ပိုပြီးတော့ နောင် ၂၀၂၄ (အမေရိကန်) သမ္မတရွေးကောက်ပွဲ ပြီးတဲ့အထိတော့ ရှုပ်ထွေးနေဦးမှာပဲ။ ဒီလိုပဲ ပျားပန်းခတ် သွားနေကြဦးမယ်။ ဒီကြားထဲမှာ ကျမတို့ နွေဦးတော်လှန်ရေး တော်လှန်ရေးသမားတွေက နေတတ်ထိုင်တတ်ဖို့နဲ့ ရရှိလာတဲ့ အခွင့်ကောင်းလေးတွေကို လက်မလွှတ်ဘဲ ဆွဲနိုင်အောင်ကြိုးစားဖို့ လိုအပ်တယ်။"

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ဆက်နွယ်ပြီး တရုတ်-မြန်မာကြားမှာ အကျိုးစီးပွားတွေ ရှိနေတယ်လို့ ယူဆကြပါတယ်။ NUG အစိုးရကို အမေရိကန်က နည်းပညာပိုင်းအရ ကူညီနေတာဆိုပေမဲ့ ဒါဟာ လက်နက်ကိုင် တော်လှန်ရေးကို အားပေး၊ ကူညီနေတာလို့ တရုတ်ဖက်ကရှုမြင်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က ပြောပါတယ်။ တွေ့ဆုံညှိုုနှိုင်းပြီး ထိမ်းထိမ်းသိမ်းလုပ်ပါလို့ တရုတ်ဖက်က မြန်မာ့နိုင်ငံရေးအစုအဖွဲ့တွေကို တိုက်တွန်းနေတာပါ။ ဒါကြောင့် မစ္စတာတိန့်ရှီကျွမ်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီအချက်ကို ထည့်သွင်း ဆွေးနွေးခဲ့ပုံရကြောင်း နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

" သူကတော့ ဆွေးနွေးစေချင်တဲ့ လမ်းကြောင်းပေါ့နော် အဲဒီတော့ အင်ဒိုနီးရှားက ဆက်လက်ပြီး အကောင်အထည် ဖော်မယ်ဆိုတဲ့ဟာကို တဖက်မှာသူက သွားပြီးတော့ အားပေးရင်းနဲ့ တဖက်မှာကြတော့လည်း နယ်စပ်မှာ ၁၉၆၈လောက်ကတည်းက ဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခပေါ့နော် အဲဒီမှာ (မစ္စတာတိန့်ရှီဂျွမ်း) သူကိုယ်နှိုက်ကလည်း သမိုင်းကြောင်းအရ ပါဝင် ပတ်သက်ခဲ့တာကိုး။ ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတဲ့နောက် အဲဒီနယ်စပ်က လက်နက်ကိုင်တွေအပေါ်မှာ သူကလည်း ဩဇာညောင်းတယ်။ ဆိုတော့ အဲဒီဟာကို အသုံးပြုပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်ဖို့ဆိုတဲ့ ကိစ္စကို တိုက်တွန်းရင်းနဲ့၊ ဒီလိုတိုက်တွန်းတဲ့ ဥစ္စာမှာ (တရုတ်က) သူ့အကျိုးစီးပွားလည်း ပါတယ်ဆိုတဲ့ဟာကို ခုနက ကုန်သွယ်ရေးလမ်းကြောင်း ဝမ်တိန်ကနေ လုပ်ဖို့ဆိုတဲ့ဟာက ဒါကသူတို့ရဲ့ ရေရှည်ရည်ရွယ်ချက်ပဲ။ မဟာဗျူဟာ ရည်မှန်းချက်လို့လည်း ခေါ်တာပေါ့။"

မစ္စတာ တိန့်ရှီကျွမ်းဟာ ပြီးခဲ့တဲ့၂၀၂၂၊ ဒီဇင်ဘာ ၂၉ရက်မှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံ့မှု၊ ပြည်တွင်းငြိမ်းချမ်းရေး ဒါတွေကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တချို့နဲ့လည်း အဲဒီမတိုင်ခင် အရင်ဆုံးတွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG