သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ပိုင္း လက္နက္ကိုင္ ၇ ဖြဲ႕ ‘ဝ’ ဌာနခ်ဳပ္မွာ ေတြ႕ဆုံေန


ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညွိႏွိဳင္းေရးေကာ္မတီ FPNCC အစည္းအေဝးျမင္ကြင္း။ (ဓာတ္ပံု - WSTV - ၾသဂုတ္ ၁၃၊ ၂၀၂၀)

ေျမာက္ပိုင္းလက္နက္ကိုင္ FPNCC ၇ဖြဲ႕ဟာ ဒီေန႔ မတ္လ ၁၅ရက္မွာ 'ဝ' ဌာနခ်ဳပ္ျဖစ္တဲ့ ပန္ဆန္းၿမိဳ႕မွာ ေတြ႕ဆုံေနၾကပါတယ္။ သူတို႔အားလုံးဟာ ဒီရက္ပိုင္းထဲမွာပဲ တ႐ုတ္အထူးသံတမန္နဲ႔ ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕မွာ ေတြ႕ဆုံၾကဖို႔လည္း ရွိပါတယ္။ ေတြ႕ဆုံပြဲရလဒ္ေတြကို လတ္တေလာ ေျပာျပခြင့္မရွိေၾကာင္း လက္နက္ကိုင္အစုအဖြဲ႕ဘက္က တုံ႔ျပန္ထားေပမဲ့ ျပည္တြင္းပဋိပကၡနဲ႔ ပက္သက္ၿပီး တ႐ုတ္ရဲ႕ သေဘာထားကို မၾကာခင္မွာ ျမင္ရဖို႔ရွိေၾကာင္း ႏိုင္ငံေရး ေလ့လာသူတခ်ိဳ႕က ခန႔္မွန္းၾကပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို အေျခခံၿပီး ကိုၿငိမ္းခ်မ္းက ေျပာျပမွာပါ။

ျပည္ေထာင္စုႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC အစုအဖြဲ႕ဟာ 'ဝ' ဌာနခ်ဳပ္ျဖစ္တဲ့ ပန္ဆန္းၿမိဳ႕မွာ ဒီေန႔မတ္လ ၁၅ရက္ကစၿပီး ေတြ႕ဆုံေနၾကပါတယ္။ ေျမာက္ပိုင္း လက္နက္ကိုင္ေတြၾကားမွာ ဆက္ဆံေရး ပိုၿပီးေကာင္းမြန္ဖို႔ ေတြ႕ဆုံေနၾကတာလို႔ ခန႔္မွန္းခ်က္ေတြ ရွိေပမဲ့ 'ဝ' ဆက္ဆံေရး႐ုံးတာဝန္ခံ ဦးညီရန္းကေတာ့ အစည္းအေဝးရဲ႕ အေသးစိတ္ကို ေျပာဖို႔ ျငင္းဆိုခဲ့ပါတယ္။ ဒါေပမဲ့ ဒီေတြ႕ဆုံပြဲကိုေတာ့ သူက အတည္ျပဳခဲ့ၿပီး မၾကာခင္မွာလည္း တ႐ုတ္အထူးသံတမန္ မစၥတာ တိန႔္ရွီဂြၽမ္းနဲ႔ ေျမာက္ပိုင္း (၇) ဖြဲ႕ေတြ႕ဆုံ ႏိုင္ေျခရွိေၾကာင္း သူကေျပာပါတယ္။ ဒါေပမဲ့ ေတြ႕ဆုံႏိုင္မဲ့ ရက္အတိအက်ကိုေတာ့ သူကမေျပာခဲ့ပါဘူး။

"မွန္ပါတယ္၊ က်ေနာ္တို႔ FPNCC အေနနဲ႔ ေတြ႕ဆုံ၊ ေဆြးေႏြးတယ္ဆိုတာ မွန္ပါတယ္။ အဲဒါပဲ က်ေနာ္ေျပာလို႔ရပါတယ္။ ခါတိုင္းဆိုရင္ေတာ့ သူတို႔ထုတ္ျပန္ပါတယ္။ ဒါေပမဲ့ ဒီတေခါက္ကေတာ့ က်ေနာ္တို႔လည္း မေျပာတတ္ေသးဘူး။"

အဲဒီေနာက္ ရက္ပိုင္းထဲမွာပဲ ေျမာက္ပိုင္းလက္နက္ကိုင္ ၇ဖြဲ႕နဲ႔ တ႐ုတ္အထူးသံတမန္ မစၥတာ တိန႔္ရွီဂြၽမ္းတို႔ ယူနန္ျပည္နယ္၊ ကူမင္းၿမိဳ႕မွာ ေတြ႕ဆုံလိမ့္မယ္ဆိုတာ ၾကားသိထားေၾကာင္း သူကေျပာပါတယ္။

လြန္ခဲ့တဲ့ ၄ လ၊ ၂၀၂၂ ဒီဇင္ဘာထဲမွာလည္း ေျမာက္ပိုင္းလက္နက္ကိုင္ (၇) ဖြဲ႕နဲ႔ မစၥတာ တိန႔္ရွီဂြၽမ္းဟာ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ရဲ႕ အစီအစဥ္တရပ္အေနနဲ႔ ယူနန္ျပည္နယ္၊ Simao ခ႐ိုင္ထဲမွာ ေတြ႕ဆုံခဲ့ေၾကာင္း ရွမ္းသတင္းဌာနတခ်ိဳ႕က ေဖာ္ျပပါတယ္။ ေတြ႕ဆုံပြဲတိုင္းရဲ႕ ရလဒ္ေတြကိုေတာ့ ႏွစ္ဖက္စလုံးက ႏႈတ္ဆိတ္ေနခဲ့ၾကတာပါ။

အဲဒီေနာက္ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၂ရက္မွာ ထပ္ၿပီးေတြ႕ဆုံခဲ့ပါတယ္။ မစၥတာ တိန႔္ရွီဂြၽမ္းဟာ အခု မတ္လ၆ရက္မွာ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့ပါတယ္။

ျမန္မာစစ္တပ္အပါအဝင္ ႏိုင္ငံေျမာက္ပိုင္းက လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ခပ္စိပ္စိပ္ေတြ႕လာတဲ့ တ႐ုတ္အစိုးရဟာ ေတြ႕ဆုံေဆြးေႏြးမႈေတြကေန ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအတြက္ အေျဖတခု ဆြဲထုတ္ခ်င္ပုံရေၾကာင္း ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးေဖသန္းက ေျပာပါတယ္။ ကမာၻ႔ႏိုင္ငံေတြၾကားမွာ သံခင္းတမန္ခင္း က်ဆုံးေနတဲ့ စစ္ေကာင္စီဘက္ကလိုက္ၿပီး တ႐ုတ္ႏိုင္ငံက တဖက္သတ္ ရပ္တည္မလား၊ မတည္ဘူးလားဆိုတာ အက်ိဳးစီးပြားအေျခခံၿပီး စဥ္းစားမႈေတြရွိေၾကာင္း သူကေျပာပါတယ္။

"သူက အေကာင္းဆုံးေပါ့၊ ေျမာက္ပိုင္းမဟာမိတ္ၾကားနဲ႔ စစ္ေကာင္စီအစိုးရၾကားမွာ အေကာင္းဆုံး အေနအထားတခုကို ဖန္တီးခ်င္ပုံရပါတယ္။ သူ႔အေနနဲ႔ ပ်ားလည္းစြဲသာ၊ ရွဥ့္လည္းေလွ်ာက္သာ မ်ိဳးေပါ့။ အဲလိုအေျခအေနမ်ိဳးကို ဖန္တီးခ်င္တဲ့အတြက္ အခု ခပ္စိပ္စိပ္မွာေပါ့ ဒီဘက္က သေဘာထားေတြကိုေမးတယ္၊ ဒီဘက္ကလည္း ႏိုင္ငံတကာရဲ႕ ဂယက္႐ိုက္ခတ္မႈက တ႐ုတ္အစိုးရရဲ႕ သေဘာထားေတြေပၚ မူတည္ၿပီး ဒီဘက္မွာလည္း ခပ္စိပ္စိပ္ ေတြ႕ဆုံေဆြးေႏြးမႈေတြ ျဖစ္လာတာေပါ့ေနာ္။ သူတို႔အခ်င္းခ်င္းလည္း ဘယ္လိုေရွ႕ဆက္ၿပီး ရပ္တည္သြားၾကမယ္၊ ဒီအေရးအခင္းမွာ တ႐ုတ္ျပည္ရဲ႕ သေဘာထား ႏိုင္ငံေတာ္ရဲ႕သေဘာထားမွာ သူတို႔ဘယ္လို ရပ္တည္သြားမယ္ဆိုတဲ့ အေၾကာင္းအရင္း ရွိမွာေပါ့ေနာ္။ တ႐ုတ္ျပည္ရဲ႕ အက်ိဳးစီးပြားနဲ႔ မလႊဲမေရွာင္သာ ပက္သက္ေနရတဲ့အခါမွာ အဲဒါေတြအေပၚ အေျခခံၿပီးေတာ့ သူတို႔ပိုၿပီးေတာ့ ေဆြးေႏြးပြဲေတြဟာ လက္ေပါက္စိပ္လာတယ္၊ အေသးစိတ္ဆန္လာတယ္လို႔ သုံးသပ္မိပါတယ္။"

ျမန္မာစစ္တပ္နဲ႔ လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ဟာ တ႐ုတ္အက်ိဳးစီးပြားနဲ႔ မလႊဲမေရွာင္ဟာ ပတ္သက္ေနတာေၾကာင့္ ဒါေတြအေပၚ အေျခခံၿပီး ေဆြးေႏြးပြဲေတြဟာ ခပ္စိပ္စိပ္နဲ႔ အေသးစိတ္ဆန္လာေၾကာင္း ႏိုင္ငံေရးေလ့လာသူတခ်ိဳက ျမင္ပါတယ္။ မၾကာခင္မွာ တ႐ုတ္ဘက္က ရပ္တည္မႈတခုခု၊ ဒါမွမဟုတ္ ေၾကညာခ်က္တခုခုကို ျမင္ရႏိုင္ေျခရွိေၾကာင္းလည္း အကဲျဖတ္ၾကပါတယ္။

ဝ၊ မိုင္းလား၊ SSPP ၊ TNLA ၊ ကိုးကန႔္၊ AA၊ KIA ပါဝင္တဲ့ FPNCC အစုအဖြဲ႕ထဲက တခ်ိဳ႕ဟာ စစ္ေကာင္စီကို ဆန႔္က်င္ တိုက္ခိုက္ေနသလို PDF အဖြဲ႕ေတြကိုလည္း ေထာက္ပံ့ ကူညီေပးေနတာေတြ ရွိပါတယ္။ ဒီရက္ပိုင္းထဲမွာပဲ ကိုးကန႔္အဖြဲ႕ MNDAA ဟာ သူ႔ရဲ႕ တပ္မဟာ (၆၁၁)ရဲ႕ သင္တန္းဆင္းပြဲတခုမွာ တပ္သား ၁,၂၀၀ ေက်ာ္ကို လက္နက္တပ္ဆင္ ေပးခဲ့ပါတယ္။ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကလည္း MNDAA တည္ေထာင္တဲ့ ၃၄ႏွစ္ေျမာက္အတြက္ သဝဏ္လႊာေပးပို႔ခဲ့ၿပီး ပူးေပါင္းတိုက္ပြဲဝင္သြားဖို႔ ဆႏၵရွိေၾကာင္း ေရးသားထားပါတယ္။

တ႐ုတ္-ျမန္မာဆက္ဆံေရးဟာ ၿပီးခဲ့တဲ့ အရပ္သားအစိုးရ အာဏာယူတဲ့ကာလမွာ အတိုးတက္ဆုံး ျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသူတခ်ိဳ႕က ေျပာပါတယ္။ တခ်ိဳ႕ကေတာ့ တ႐ုတ္အစိုးရဟာ အာဏာရအစိုးရတိုင္းနဲ႔ ဆက္ဆံခ်င္တဲ့ ပုံစံရွိသလို တဖက္မွာလည္း အတိုက္အခံ အဖြဲ႕အစည္းေတြနဲ႔ မီးစတဖက္၊ ေရမႈတ္တဖက္ ပုံစံကို ေတာက္ေလွ်ာက္ က်င့္သုံးလာေၾကာင္း ေျပာပါတယ္။ ဒါေပမဲ့ လက္ရွိမွာေတာ့ သူ႔ရဲ႕ ေရရွည္အက်ိဳးစီးပြားအတြက္ ေသခ်ာတဲ့ အေျခအေနကိုပဲ တ႐ုတ္အစိုးရက ဖန္တီးရလိမ့္မယ္လို႔ ႏိုင္ငံေရး ေလ့လာသူေတြက ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

မြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့ ‘ဝ’ ဌာနချုပ်မှာ တွေ့ဆုံနေ

မြောက်ပိုင်းလက်နက်ကိုင် FPNCC ၇ဖွဲ့ဟာ ဒီနေ့ မတ်လ ၁၅ရက်မှာ 'ဝ' ဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ တွေ့ဆုံနေကြပါတယ်။ သူတို့အားလုံးဟာ ဒီရက်ပိုင်းထဲမှာပဲ တရုတ်အထူးသံတမန်နဲ့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံကြဖို့လည်း ရှိပါတယ်။ တွေ့ဆုံပွဲရလဒ်တွေကို လတ်တလော ပြောပြခွင့်မရှိကြောင်း လက်နက်ကိုင်အစုအဖွဲ့ဘက်က တုံ့ပြန်ထားပေမဲ့ ပြည်တွင်းပဋိပက္ခနဲ့ ပက်သက်ပြီး တရုတ်ရဲ့ သဘောထားကို မကြာခင်မှာ မြင်ရဖို့ရှိကြောင်း နိုင်ငံရေး လေ့လာသူတချို့က ခန့်မှန်းကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြမှာပါ။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အစုအဖွဲ့ဟာ 'ဝ' ဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ ဒီနေ့မတ်လ ၁၅ရက်ကစပြီး တွေ့ဆုံနေကြပါတယ်။ မြောက်ပိုင်း လက်နက်ကိုင်တွေကြားမှာ ဆက်ဆံရေး ပိုပြီးကောင်းမွန်ဖို့ တွေ့ဆုံနေကြတာလို့ ခန့်မှန်းချက်တွေ ရှိပေမဲ့ 'ဝ' ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကတော့ အစည်းအဝေးရဲ့ အသေးစိတ်ကို ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံပွဲကိုတော့ သူက အတည်ပြုခဲ့ပြီး မကြာခင်မှာလည်း တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီဂျွမ်းနဲ့ မြောက်ပိုင်း (၇) ဖွဲ့တွေ့ဆုံ နိုင်ခြေရှိကြောင်း သူကပြောပါတယ်။ ဒါပေမဲ့ တွေ့ဆုံနိုင်မဲ့ ရက်အတိအကျကိုတော့ သူကမပြောခဲ့ပါဘူး။

"မှန်ပါတယ်၊ ကျနော်တို့ FPNCC အနေနဲ့ တွေ့ဆုံ၊ ဆွေးနွေးတယ်ဆိုတာ မှန်ပါတယ်။ အဲဒါပဲ ကျနော်ပြောလို့ရပါတယ်။ ခါတိုင်းဆိုရင်တော့ သူတို့ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဒီတခေါက်ကတော့ ကျနော်တို့လည်း မပြောတတ်သေးဘူး။"

အဲဒီနောက် ရက်ပိုင်းထဲမှာပဲ မြောက်ပိုင်းလက်နက်ကိုင် ၇ဖွဲ့နဲ့ တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီဂျွမ်းတို့ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံလိမ့်မယ်ဆိုတာ ကြားသိထားကြောင်း သူကပြောပါတယ်။

လွန်ခဲ့တဲ့ ၄ လ၊ ၂၀၂၂ ဒီဇင်ဘာထဲမှာလည်း မြောက်ပိုင်းလက်နက်ကိုင် (၇) ဖွဲ့နဲ့ မစ္စတာ တိန့်ရှီဂျွမ်းဟာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ရဲ့ အစီအစဉ်တရပ်အနေနဲ့ ယူနန်ပြည်နယ်၊ Simao ခရိုင်ထဲမှာ တွေ့ဆုံခဲ့ကြောင်း ရှမ်းသတင်းဌာနတချို့က ဖော်ပြပါတယ်။ တွေ့ဆုံပွဲတိုင်းရဲ့ ရလဒ်တွေကိုတော့ နှစ်ဖက်စလုံးက နှုတ်ဆိတ်နေခဲ့ကြတာပါ။

အဲဒီနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်မှာ ထပ်ပြီးတွေ့ဆုံခဲ့ပါတယ်။ မစ္စတာ တိန့်ရှီဂျွမ်းဟာ အခု မတ်လ၆ရက်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာစစ်တပ်အပါအဝင် နိုင်ငံမြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ ခပ်စိပ်စိပ်တွေ့လာတဲ့ တရုတ်အစိုးရဟာ တွေ့ဆုံဆွေးနွေးမှုတွေကနေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွက် အဖြေတခု ဆွဲထုတ်ချင်ပုံရကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။ ကမ္ဘာ့နိုင်ငံတွေကြားမှာ သံခင်းတမန်ခင်း ကျဆုံးနေတဲ့ စစ်ကောင်စီဘက်ကလိုက်ပြီး တရုတ်နိုင်ငံက တဖက်သတ် ရပ်တည်မလား၊ မတည်ဘူးလားဆိုတာ အကျိုးစီးပွားအခြေခံပြီး စဉ်းစားမှုတွေရှိကြောင်း သူကပြောပါတယ်။

"သူက အကောင်းဆုံးပေါ့၊ မြောက်ပိုင်းမဟာမိတ်ကြားနဲ့ စစ်ကောင်စီအစိုးရကြားမှာ အကောင်းဆုံး အနေအထားတခုကို ဖန်တီးချင်ပုံရပါတယ်။ သူ့အနေနဲ့ ပျားလည်းစွဲသာ၊ ရှဉ့်လည်းလျှောက်သာ မျိုးပေါ့။ အဲလိုအခြေအနေမျိုးကို ဖန်တီးချင်တဲ့အတွက် အခု ခပ်စိပ်စိပ်မှာပေါ့ ဒီဘက်က သဘောထားတွေကိုမေးတယ်၊ ဒီဘက်ကလည်း နိုင်ငံတကာရဲ့ ဂယက်ရိုက်ခတ်မှုက တရုတ်အစိုးရရဲ့ သဘောထားတွေပေါ် မူတည်ပြီး ဒီဘက်မှာလည်း ခပ်စိပ်စိပ် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတာပေါ့နော်။ သူတို့အချင်းချင်းလည်း ဘယ်လိုရှေ့ဆက်ပြီး ရပ်တည်သွားကြမယ်၊ ဒီအရေးအခင်းမှာ တရုတ်ပြည်ရဲ့ သဘောထား နိုင်ငံတော်ရဲ့သဘောထားမှာ သူတို့ဘယ်လို ရပ်တည်သွားမယ်ဆိုတဲ့ အကြောင်းအရင်း ရှိမှာပေါ့နော်။ တရုတ်ပြည်ရဲ့ အကျိုးစီးပွားနဲ့ မလွှဲမရှောင်သာ ပက်သက်နေရတဲ့အခါမှာ အဲဒါတွေအပေါ် အခြေခံပြီးတော့ သူတို့ပိုပြီးတော့ ဆွေးနွေးပွဲတွေဟာ လက်ပေါက်စိပ်လာတယ်၊ အသေးစိတ်ဆန်လာတယ်လို့ သုံးသပ်မိပါတယ်။"

မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တချို့ဟာ တရုတ်အကျိုးစီးပွားနဲ့ မလွှဲမရှောင်ဟာ ပတ်သက်နေတာကြောင့် ဒါတွေအပေါ် အခြေခံပြီး ဆွေးနွေးပွဲတွေဟာ ခပ်စိပ်စိပ်နဲ့ အသေးစိတ်ဆန်လာကြောင်း နိုင်ငံရေးလေ့လာသူတချိုက မြင်ပါတယ်။ မကြာခင်မှာ တရုတ်ဘက်က ရပ်တည်မှုတခုခု၊ ဒါမှမဟုတ် ကြေညာချက်တခုခုကို မြင်ရနိုင်ခြေရှိကြောင်းလည်း အကဲဖြတ်ကြပါတယ်။

ဝ၊ မိုင်းလား၊ SSPP ၊ TNLA ၊ ကိုးကန့်၊ AA၊ KIA ပါဝင်တဲ့ FPNCC အစုအဖွဲ့ထဲက တချို့ဟာ စစ်ကောင်စီကို ဆန့်ကျင် တိုက်ခိုက်နေသလို PDF အဖွဲ့တွေကိုလည်း ထောက်ပံ့ ကူညီပေးနေတာတွေ ရှိပါတယ်။ ဒီရက်ပိုင်းထဲမှာပဲ ကိုးကန့်အဖွဲ့ MNDAA ဟာ သူ့ရဲ့ တပ်မဟာ (၆၁၁)ရဲ့ သင်တန်းဆင်းပွဲတခုမှာ တပ်သား ၁,၂၀၀ ကျော်ကို လက်နက်တပ်ဆင် ပေးခဲ့ပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း MNDAA တည်ထောင်တဲ့ ၃၄နှစ်မြောက်အတွက် သဝဏ်လွှာပေးပို့ခဲ့ပြီး ပူးပေါင်းတိုက်ပွဲဝင်သွားဖို့ ဆန္ဒရှိကြောင်း ရေးသားထားပါတယ်။

တရုတ်-မြန်မာဆက်ဆံရေးဟာ ပြီးခဲ့တဲ့ အရပ်သားအစိုးရ အာဏာယူတဲ့ကာလမှာ အတိုးတက်ဆုံး ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က ပြောပါတယ်။ တချို့ကတော့ တရုတ်အစိုးရဟာ အာဏာရအစိုးရတိုင်းနဲ့ ဆက်ဆံချင်တဲ့ ပုံစံရှိသလို တဖက်မှာလည်း အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ မီးစတဖက်၊ ရေမှုတ်တဖက် ပုံစံကို တောက်လျှောက် ကျင့်သုံးလာကြောင်း ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူ့ရဲ့ ရေရှည်အကျိုးစီးပွားအတွက် သေချာတဲ့ အခြေအနေကိုပဲ တရုတ်အစိုးရက ဖန်တီးရလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောနေကြပါတယ်။

XS
SM
MD
LG