သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တအာင္းပေလာင္ အမ်ဳိးသားေရး


TNLA THE PALAUNG STATE LIBERATION FRONT (PSLF)-

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

လြန္ခဲ့တဲ့ ငါးႏွစ္က ‘ဝ’ျပည္နယ္မွာ လက္နက္အဖြဲ႕ (၇) ဖြဲ႕က ဖြဲ႕စည္းလိုက္တဲ့ ‘ဖယ္ဒရယ္ ႏိုင္ငံေရး ညႇိႏႈိင္းမႈ အတိုင္ပင္ခံေကာ္မတီ - FPNCC’ မွာ ‘တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္’ လည္း ပါဝင္ပါတယ္။ အျခားတပ္ဖြဲ႕ေတြကေတာ့ ရခိုင္တပ္၊ ကခ်င္တပ္၊ ကိုးကန႔္တပ္၊ မိုင္းလားတပ္၊ ရွမ္းတိုးတက္ေရးတပ္နဲ႔ ‘ဝ’တပ္ေတြ ျဖစ္ပါတယ္။ စစ္ေကာင္စီ အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာ တအာင္းတပ္ဟာ စစ္အင္အား ပိုမိုႀကီးထြားလာၿပီး တိုက္ပြဲေတြ ဆင္ႏႊဲႏိုင္ပုံကို လြန္ခဲ့တဲ့ မတ္လ (၂၆) ရက္ေန႔ထုတ္ ေ႐ႊဖီေျမသတင္းမွာ ‘မိုင္းအႏိုင္’ ဆိုသူက အေသးစိတ္ေဖာ္ျပထားပါတယ္။

တအာင္းတပ္နဲ႔ ရွမ္းတိုးတက္ေရးတပ္ ပါဝင္တဲ့ မဟာမိတ္အဖြဲ႕ကို ‘ဝ’တပ္ဖြဲ႕က လက္နက္ပစၥည္း အကူအညီေပးတာေၾကာင့္ ရွမ္းထူေထာင္ေရးတပ္ေတြကို ေျမာက္ပိုင္းက တိုက္ထုတ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ လက္နက္ႀကီးသုံးတဲ့ နည္းပညာကို ‘ဝ’ေတြဆီက ရပါတယ္။ ရွမ္းထူေထာင္ေရးတပ္နဲ႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲအေရအတြက္ဟာ စစ္ေကာင္စီတပ္နဲ႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြထက္ ပိုမ်ားတယ္လို႔ ဆိုပါတယ္။ နယ္ေျမအျငင္းပြားမႈေၾကာင့္ တအာင္းတပ္နဲ႔ ရွမ္းထူေထာင္ေရးတပ္ကို ၂၀၁၅ ကတည္းက တိုက္ခိုက္ခဲ့ၾကတာမို႔ (၇) ႏွစ္ၾကာေတာ့မွ တအာင္းတပ္ရဲ႕ ထိန္းခ်ဳပ္နယ္ေျမ တိုးပြားလာတာ ျဖစ္ပုံရပါတယ္။

တအာင္းတပ္ဟာ ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္က ေပါက္ဖြားလာတာ ျဖစ္ပါတယ္။ ၁၉၆၃ ကတည္းကရွိခဲ့တဲ့ ပေလာင္လက္နက္ကိုင္အဖြဲ႕ဟာ အတက္အက်မ်ားပါတယ္။ ၁၉၉၁ မွာ နဝတစစ္အစိုးရနဲ႔ အပစ္ရပ္ၿပီး ပေလာင္အထူးေဒသ (၇) ျဖစ္လာပါတယ္။ ၂၀၀၅ ေရာက္ေတာ့ စစ္အစိုးရကို လက္နက္အပ္လိုက္ရလို႔ ပေလာင္လြတ္ေျမာက္ေရးတပ္လည္း ကြယ္ေျပာက္သြားပါတယ္။ ဒါေပမဲ့ ထိုင္း-ျမန္မာနယ္စပ္ေရာက္ ပေလာင္စစ္သည္ေတြကေတာ့ အညံ့မခံဘဲဆက္ၿပီး လႈပ္ရွားပါတယ္။ ၂၀၀၉ ေအာက္တိုဘာလမွာ လက္က်န္ပေလာင္စစ္သည္ေတြက ညီလာခံက်င္းပၿပီး တအာင္းလြတ္ေျမာက္ေရးတပ္ကို တည္ေထာင္လိုက္ပါတယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ အျပည့္အဝရရွိေရး၊ ဒီမိုကေရစီ က်င့္သုံးေရး၊ စစ္အာဏာရွင္ဆန႔္က်င္ေရး၊ ဖယ္ဒရယ္ႏိုင္ငံ တည္ေဆာက္ေရး စတာေတြကို ရည္႐ြယ္ပါတယ္။

၂၀၀၈ အေျခခံဥပေဒ ေရးဆြဲၿပီး ေ႐ြးေကာက္ပြဲနဲ႔ လႊတ္ေတာ္စနစ္ က်င့္သုံးတဲ့အခါ တအာင္း ပေလာင္အမ်ိဳးသားပါတီ ထြက္ေပၚလာပါတယ္။ ၂၀၁၀ ေဖေဖၚဝါရီလ (၉) ရက္ေန႔မွာ ထုတ္ျပန္တဲ့ ပါတီအေျခခံဥပေဒပါ ႏိုင္ငံေရးဦးတည္ခ်က္ေတြဟာ တအားတပ္ တည္ေထာင္စဥ္က ေၾကညာတာေတြနဲ႔ ဆင္ပါတယ္။ ၂၀၀၈ အေျခခံဥပေဒအရ ကိုးကန႔္ေဒသ အေနာက္ေျမာက္မွာရွိတဲ့ မန္တုံနဲ႔ နမ့္ဆန္ၿမိဳ႕နယ္ေတြဟာ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသ ျဖစ္လာပါတယ္။ တပ္မေတာ္ကိုယ္စားလွယ္နဲ႔ ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္တို႔ ပါဝင္တဲ့ ဆယ္ဦးေကာ္မတီဟာ ပေလာင္အုပ္ခ်ဳပ္ေရးအဖြဲ႕ ျဖစ္ပါတယ္။ အခုေတာ့ ဒါေတြအားလုံးကို ဖ်က္သိမ္းလိုက္ၿပီး တအာင္းေဒသ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ကို ဖြဲ႕စည္းလိုက္ေၾကာင္း လြန္ခဲ့တဲ့ ဧၿပီလ (၁) ရက္ေန႔က ထုတ္ျပန္ေၾကညာပါတယ္။

၂၀၀၈ အေျခခံဥပေဒ ဖ်က္သိမ္းေၾကာင္း လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ေၾကညာတာကို အျပည့္အဝ ေထာက္ခံတယ္လို႔ တအာင္း ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က ဆိုပါတယ္။ ကိုယ္စားျပဳေကာ္မတီ လမ္းၫႊန္ခ်က္ေတြနဲ႔အညီ စစ္အာဏာရွင္ က်ဆုံးေရးအတြက္ တတ္ႏိုင္တဲ့ဘက္က ပူးေပါင္းေဆာင္႐ြက္ရမယ္လို႔ ဆိုပါတယ္။ တအာင္းေဒသ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕မွာ တအာင္းအမ်ိဳးသားပါတီ၊ တအာင္းဥပေဒပညာရွင္မ်ား၊ တအာင္းလူငယ္မ်ားနဲ႔ ရပ္မိရပ္ဖေတြ ပါဝင္တယ္လို႔ သိရပါတယ္။ စစ္အာဏာရွင္ လက္ပါးေစနဲ႔ စစ္အာဏာရွင္နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနသူေတြကို အျပင္းအထန္ အေရးယူသြားမယ္လို႔လည္း ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တဦးက ေျပာပါတယ္။ CDM မွာမပါတဲ့ ဌာနဆိုင္ရာဝန္ထမ္းေတြ ဇာတိေနရပ္ ျပန္ၾကဖို႔၊ လုံၿခဳံေရးမွာ တစုံတရာ ျဖစ္လာရင္ တာဝန္မယူဘူးလို႔ ဇြန္လ (၁၁) ရက္ေန႔က ထုတ္ျပန္ပါတယ္။

တအာင္းတပ္နဲ႔ ရခိုင္တပ္ေတြ လက္ရွိအေျခအေန ေရာက္လာေအာင္ KIA ကခ်င္တပ္က ကူညီခဲ့ပါတယ္။ ဦးဖုန္ၾကားရွင္အုပ္စု ကိုးကန႔္ေဒသကို ၂၀၁၅ မွာ ဝင္ေရာက္တိုက္ခိုက္စဥ္ကလည္း တအာင္းနဲ႔ ရခိုင္စစ္သည္ေတြက ကူညီခဲ့ပါတယ္။ ႏိုင္ငံေရးနဲ႔ စစ္ေရးမွာ တအာင္း၊ ရခိုင္နဲ႔ ကိုးကန႔္တပ္ေတြ ပါဝင္တဲ့ သုံးညီေနာင္မဟာမိတ္အဖြဲ႕ဟာ ကခ်င္နဲ႔ လက္တြဲလိုပါတယ္။ စစ္အာဏာရွင္စနစ္ကို ေခ်မႈန္းဖို႔အတြက္ တိုင္းရင္းသားလက္နက္ကိုင္အားလုံး ပန္းတိုင္တခုတည္းကို ဦးတည္ၿပီး၊ အတူတကြ လုပ္ေဆာင္ၾကဖို႔ KIO ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးအင္ဘန္လ က ကခ်င္ေတာ္လွန္ေရးေန႔မွာ ေျပာၾကားပါတယ္။

တအာင္းလြတ္ေျမာက္ေရး လႈပ္ရွားမႈကို ကခ်င္တပ္ဖြဲ႕က ႏွစ္ေပါင္းမ်ားစြာ ကူညီခဲ့တဲ့ အစဥ္အလာ ရွိပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ကခ်င္နဲ႔ တအာင္းပေလာင္ေတြ ယွဥ္တြဲေနထိုင္လာခဲ့ၾကတာ ၾကာလွပါၿပီ။ ပေလာင္တပ္ဖြဲ႕ဟာ ၂၀၁၅ မွာ စစ္အစိုးရကို လက္နက္ပုံအပ္ၿပီး အညံ့ခံခဲ့တဲ့ အစဥ္အလာ ရွိတာေၾကာင့္ တအာင္းတပ္ဖြဲ႕အျဖစ္ အသြင္ေျပာင္းတဲ့အခါမွာ မဟာမိတ္အဖြဲ႕ေတြနဲ႔ ပူးေပါင္းရပ္တည္တဲ့ မဟာဗ်ဴဟာ က်င့္သုံးလာတာ ျဖစ္ပုံရပါတယ္။ အေသးစိတ္တပ္ဖြဲ႕ေတြဟာ ေရရွည္မွာ သီးျခားရပ္တည္ႏိုင္ဖို႔ ခက္ခဲ့တဲ့အတြက္ စစ္အစိုးရ လွည့္တာကို ခံရၿပီး၊ ျပည္သူ႔စစ္နဲ႔ နယ္ျခားေစာင့္တပ္ ျဖစ္ကုန္ၾကပါတယ္။

==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ ငါးနှစ်က ‘ဝ’ပြည်နယ်မှာ လက်နက်အဖွဲ့ (၇) ဖွဲ့က ဖွဲ့စည်းလိုက်တဲ့ ‘ဖယ်ဒရယ် နိုင်ငံရေး ညှိနှိုင်းမှု အတိုင်ပင်ခံကော်မတီ - FPNCC’ မှာ ‘တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်’ လည်း ပါဝင်ပါတယ်။ အခြားတပ်ဖွဲ့တွေကတော့ ရခိုင်တပ်၊ ကချင်တပ်၊ ကိုးကန့်တပ်၊ မိုင်းလားတပ်၊ ရှမ်းတိုးတက်ရေးတပ်နဲ့ ‘ဝ’တပ်တွေ ဖြစ်ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာ တအာင်းတပ်ဟာ စစ်အင်အား ပိုမိုကြီးထွားလာပြီး တိုက်ပွဲတွေ ဆင်နွှဲနိုင်ပုံကို လွန်ခဲ့တဲ့ မတ်လ (၂၆) ရက်နေ့ထုတ် ရွှေဖီမြေသတင်းမှာ ‘မိုင်းအနိုင်’ ဆိုသူက အသေးစိတ်ဖော်ပြထားပါတယ်။

တအာင်းတပ်နဲ့ ရှမ်းတိုးတက်ရေးတပ် ပါဝင်တဲ့ မဟာမိတ်အဖွဲ့ကို ‘ဝ’တပ်ဖွဲ့က လက်နက်ပစ္စည်း အကူအညီပေးတာကြောင့် ရှမ်းထူထောင်ရေးတပ်တွေကို မြောက်ပိုင်းက တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးသုံးတဲ့ နည်းပညာကို ‘ဝ’တွေဆီက ရပါတယ်။ ရှမ်းထူထောင်ရေးတပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအရေအတွက်ဟာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထက် ပိုများတယ်လို့ ဆိုပါတယ်။ နယ်မြေအငြင်းပွားမှုကြောင့် တအာင်းတပ်နဲ့ ရှမ်းထူထောင်ရေးတပ်ကို ၂၀၁၅ ကတည်းက တိုက်ခိုက်ခဲ့ကြတာမို့ (၇) နှစ်ကြာတော့မှ တအာင်းတပ်ရဲ့ ထိန်းချုပ်နယ်မြေ တိုးပွားလာတာ ဖြစ်ပုံရပါတယ်။

တအာင်းတပ်ဟာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်က ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ၁၉၆၃ ကတည်းကရှိခဲ့တဲ့ ပလောင်လက်နက်ကိုင်အဖွဲ့ဟာ အတက်အကျများပါတယ်။ ၁၉၉၁ မှာ နဝတစစ်အစိုးရနဲ့ အပစ်ရပ်ပြီး ပလောင်အထူးဒေသ (၇) ဖြစ်လာပါတယ်။ ၂၀၀၅ ရောက်တော့ စစ်အစိုးရကို လက်နက်အပ်လိုက်ရလို့ ပလောင်လွတ်မြောက်ရေးတပ်လည်း ကွယ်ပြောက်သွားပါတယ်။ ဒါပေမဲ့ ထိုင်း-မြန်မာနယ်စပ်ရောက် ပလောင်စစ်သည်တွေကတော့ အညံ့မခံဘဲဆက်ပြီး လှုပ်ရှားပါတယ်။ ၂၀၀၉ အောက်တိုဘာလမှာ လက်ကျန်ပလောင်စစ်သည်တွေက ညီလာခံကျင်းပပြီး တအာင်းလွတ်မြောက်ရေးတပ်ကို တည်ထောင်လိုက်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရရှိရေး၊ ဒီမိုကရေစီ ကျင့်သုံးရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖယ်ဒရယ်နိုင်ငံ တည်ဆောက်ရေး စတာတွေကို ရည်ရွယ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေ ရေးဆွဲပြီး ရွေးကောက်ပွဲနဲ့ လွှတ်တော်စနစ် ကျင့်သုံးတဲ့အခါ တအာင်း ပလောင်အမျိုးသားပါတီ ထွက်ပေါ်လာပါတယ်။ ၂၀၁၀ ဖေဖေါ်ဝါရီလ (၉) ရက်နေ့မှာ ထုတ်ပြန်တဲ့ ပါတီအခြေခံဥပဒေပါ နိုင်ငံရေးဦးတည်ချက်တွေဟာ တအားတပ် တည်ထောင်စဉ်က ကြေညာတာတွေနဲ့ ဆင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ ကိုးကန့်ဒေသ အနောက်မြောက်မှာရှိတဲ့ မန်တုံနဲ့ နမ့်ဆန်မြို့နယ်တွေဟာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဖြစ်လာပါတယ်။ တပ်မတော်ကိုယ်စားလှယ်နဲ့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့ ပါဝင်တဲ့ ဆယ်ဦးကော်မတီဟာ ပလောင်အုပ်ချုပ်ရေးအဖွဲ့ ဖြစ်ပါတယ်။ အခုတော့ ဒါတွေအားလုံးကို ဖျက်သိမ်းလိုက်ပြီး တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း လွန်ခဲ့တဲ့ ဧပြီလ (၁) ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းကြောင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ကြေညာတာကို အပြည့်အဝ ထောက်ခံတယ်လို့ တအာင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။ ကိုယ်စားပြုကော်မတီ လမ်းညွှန်ချက်တွေနဲ့အညီ စစ်အာဏာရှင် ကျဆုံးရေးအတွက် တတ်နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ တအာင်းအမျိုးသားပါတီ၊ တအာင်းဥပဒေပညာရှင်များ၊ တအာင်းလူငယ်များနဲ့ ရပ်မိရပ်ဖတွေ ပါဝင်တယ်လို့ သိရပါတယ်။ စစ်အာဏာရှင် လက်ပါးစေနဲ့ စစ်အာဏာရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေသူတွေကို အပြင်းအထန် အရေးယူသွားမယ်လို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ CDM မှာမပါတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဇာတိနေရပ် ပြန်ကြဖို့၊ လုံခြုံရေးမှာ တစုံတရာ ဖြစ်လာရင် တာဝန်မယူဘူးလို့ ဇွန်လ (၁၁) ရက်နေ့က ထုတ်ပြန်ပါတယ်။

တအာင်းတပ်နဲ့ ရခိုင်တပ်တွေ လက်ရှိအခြေအနေ ရောက်လာအောင် KIA ကချင်တပ်က ကူညီခဲ့ပါတယ်။ ဦးဖုန်ကြားရှင်အုပ်စု ကိုးကန့်ဒေသကို ၂၀၁၅ မှာ ဝင်ရောက်တိုက်ခိုက်စဉ်ကလည်း တအာင်းနဲ့ ရခိုင်စစ်သည်တွေက ကူညီခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေးမှာ တအာင်း၊ ရခိုင်နဲ့ ကိုးကန့်တပ်တွေ ပါဝင်တဲ့ သုံးညီနောင်မဟာမိတ်အဖွဲ့ဟာ ကချင်နဲ့ လက်တွဲလိုပါတယ်။ စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပန်းတိုင်တခုတည်းကို ဦးတည်ပြီး၊ အတူတကွ လုပ်ဆောင်ကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က ကချင်တော်လှန်ရေးနေ့မှာ ပြောကြားပါတယ်။

တအာင်းလွတ်မြောက်ရေး လှုပ်ရှားမှုကို ကချင်တပ်ဖွဲ့က နှစ်ပေါင်းများစွာ ကူညီခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်နဲ့ တအာင်းပလောင်တွေ ယှဉ်တွဲနေထိုင်လာခဲ့ကြတာ ကြာလှပါပြီ။ ပလောင်တပ်ဖွဲ့ဟာ ၂၀၁၅ မှာ စစ်အစိုးရကို လက်နက်ပုံအပ်ပြီး အညံ့ခံခဲ့တဲ့ အစဉ်အလာ ရှိတာကြောင့် တအာင်းတပ်ဖွဲ့အဖြစ် အသွင်ပြောင်းတဲ့အခါမှာ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းရပ်တည်တဲ့ မဟာဗျူဟာ ကျင့်သုံးလာတာ ဖြစ်ပုံရပါတယ်။ အသေးစိတ်တပ်ဖွဲ့တွေဟာ ရေရှည်မှာ သီးခြားရပ်တည်နိုင်ဖို့ ခက်ခဲ့တဲ့အတွက် စစ်အစိုးရ လှည့်တာကို ခံရပြီး၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် ဖြစ်ကုန်ကြပါတယ်။

XS
SM
MD
LG