သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

AA အေနနဲ႔ အာဏာသိမ္း စစ္ေကာင္စီနဲ႔ ႏိုင္ငံေရးေဆြးေႏြးဖို႔မရွိ


ရကၡိဳင့္တပ္မေတာ္ AA ဗိုလ္သင္တန္းဆင္းပဲြ အခမ္းအနား။ (ဓာတ္ပံု- AA Info Desk)

(Zawgyi / Unicode)

AA ရခိုင္တပ္ဖြဲ႔အေနနဲ႔ အာဏာသိမ္း စစ္ေကာင္စီနဲ႔ ႏိုင္ငံေရးေဆြးေႏြးသြားမွာ မဟုတ္သလို ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) နဲ႔လည္း တရားဝင္ လုပ္ေဆာင္ေနတာမ်ိဳး မရွိဘူးလို႔ ေျပာပါတယ္။ ဒါေပမယ့္လည္း စစ္ေကာင္စီနဲ႔ တိုက္ပြဲေတြျဖစ္ေနတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြကိုေတာ့ အသိအမွတ္ျပဳ ခ်ီးက်ဴးတယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ဒီကေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔လာတဲ့သတင္း ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

အာဏာသိမ္း စစ္ေကာင္စီနဲ႔ AA ရခိုင္တပ္ဖြဲ႔အၾကား နားလည္မႈနဲ႔ အပစ္ရပ္ထားတဲ့ ရခိုင္ျပည္နယ္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အေနနဲ႔ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းေတြကို ဦးစားေပးလုပ္ေဆာင္ေနသလို တဖက္မွာလည္း ပစ္ခတ္တိုက္ခိုက္ေရးထက္ ႏိုင္ငံေရးေဆြးေႏြးေရးပိုင္းေတြကို ပိုၿပီးေတာ့ ဦးစားေပးလာပါတယ္။

ဒါေပမယ့္လည္း တရားဝင္အစုိးရမဟုတ္တဲ့ အာဏာသိမ္းစစ္ေကာင္စီနဲ႔ ႏိုင္ငံေရးေဆြးေႏြးလို႔ ရမွာမဟုတ္ဘူးလို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ULA/AA ရဲ႕ Online ကေန ပထမဆုံးအႀကိမ္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

“ၿငိမ္းခ်မ္းေရး ေဆြးေႏြးတယ္ဆိုတာနဲ႔ ႏိုင္ငံေရး ေဆြးေႏြးတယ္ ဆုိတာကေတာ့ မတူပါ။ ႏိုင္ငံေရး ေဆြးေႏြးမယ္ ဆုိရင္ေတာ့ က်ေနာ္တို႔လိုခ်င္တဲ့ အခင္းအက်င္း မဟုတ္ရင္ ေဆြးေႏြးရင္လည္း အဆင္ေျပခ်င္မွ ေျပမွာပါ။ အေျခအေနေပၚမွာ မူတည္ပါတယ္။ ၿငိမ္းခ်မ္းေရးဆိုတာက အပစ္အခတ္ရပ္စဲဖို႔ ျဖစ္တယ္၊ ႏိုင္ငံေရး ေဆြးေႏြးတယ္ ဆုိတာက ႏိုင္ငံေရးအေပးအယူကို ေဆြးေႏြးတာ ျဖစ္ပါတယ္။ ႏိုင္ငံေရးအေပးအယူကို ေဆြးေႏြးမယ္ဆိုရင္ တရားဝင္အစိုးရနဲ႔ ေဆြးေႏြးမွသာ က်ေနာ္တို႔ အဆင္ေျပမွာပါ။ ဆိုေတာ့ တရားဝင္အစိုးရ ဆိုတာက ျပည္သူက ေရြးခ်ယ္ထားတဲ့ အေျခခံဥပေဒနဲ႔အညီ အုပ္ခ်ဳပ္ေနတဲ့ အစိုးရကိုမွ တရားဝင္အစိုးရလို႔ သတ္မွတ္လို႔ရတယ္။ ေလာေလာဆယ္မွာေတာ့ အာဏာသိမ္းထားတဲ့ အစိုးရနဲ႔ ႏိုင္ငံေရးေဆြးေႏြးလို႔ေတာ့ မရႏိုင္ပါ။”

ဒါ့အျပင္ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အေနနဲ႔ ရကၡိတလမ္းစဥ္အတိုင္း တဆင့္ခ်င္း သြားေနသလို အာဏာသိမ္းၿပီးေနာက္ပိုင္း အသစ္ဖြဲ႔စည္းထားတဲ့ NUG အစိုးရနဲ႔လည္း တရားဝင္ အဆက္အသြယ္ မရွိဘူးလို႔လည္း AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

NUG ရဲ႕ လုပ္ငန္းစဥ္ေတြမွာ ပူးေပါင္းလုပ္ေဆာင္တာ မရွိေပမယ့္ အဖိႏွိပ္ခံေနရတဲ့ ျပည္သူေတြကို ကိုယ္ခ်င္းစာတယ္လို႔လည္း ခိုင္သုခက ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ရခိုင္လို ေျပာဆိုခဲ့ပါတယ္။

“NUG နဲ႔ကေတာ့ က်ေနာ္တို႔ တရားဝင္ အဆက္အသြယ္ကေတာ့ မရွိပါ။ သူတို႔ကေတာ့ ေႏြဦးေတာ္လွန္ေရးမွာ ရပ္တည္တယ္။ က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔ ရကၡိတလမ္းစဥ္အတိုင္း ရပ္တည္ၿပီးေတာ့ ခ်ီတက္ေနတာ ျဖစ္ပါတယ္။ ဆိုေတာ့ က်ေနာ္တို႔က ပိုၿပီးေတာ့ ရွင္းေအာင္ေျပာရရင္ ULA/AA အေနနဲ႔ က်ေနာ္တို႔က NUG အဖြဲ႔ဝင္လည္းမဟုတ္၊ NUCC အဖြဲ႔ဝင္လည္းမဟုတ္၊ ဘာမွမဟုတ္ဘူး။ က်ေနာ္တို႔ဟာ FPNCC ရဲ႕ အဖြဲ႔ဝင္သာျဖစ္တယ္။ အဲဒါေၾကာင့္ NUG ရဲ႕ လုပ္ငန္းေတြမွာ တရားဝင္ တစံုတရာ ဆက္သြယ္လုပ္ေဆာင္တာေတြေတာ့ မရွိပါ။ ဒါေပမယ့္ က်ေနာ္တို႔က NUG လုပ္ငန္းစဥ္ေတြမွာ မပါလို႔ ျမန္မာျပည္မထဲက ျပည္သူေတြ ဖိႏွိပ္ခံေနရတာေတြကို မစာနာဆိုတာ လုံးဝမဟုတ္ပါ။ က်ေနာ္တို႔က ျမန္မာျပည္မထဲက သူေတြကို အမ်ားႀကီး ကိုယ္ခ်င္းစာပါတယ္။ သူတို႔ရဲ႕ ဖိႏွိပ္ခံရမႈက လြတ္ေျမာက္လိုတဲ့ ဆႏၵနဲ႔ ႀကိဳးစားေနတာကိုလည္း ေလးစားအသိအမွတ္ျပဳတယ္ ဆုိတာကို အႀကိမ္ႀကိမ္ ထုတ္ေျပာခဲ့ၿပီး ျဖစ္ပါတယ္။”

လက္ရွိ ျမန္မာျပည္အႏွံ႔ဆိုသလို အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္တိုက္ခိုက္ေနတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ PDF ေတြကိုလည္း အသိအမွတ္ျပဳ ေလးစားတယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့ပါတယ္။

“ဒီေလာက္ ဘာမွမရွိတဲ့ အေနအထားနဲ႔ လုပ္ရဲတဲ့ သတၱိကိုေတာ့ က်ေနာ္တို႔ မခ်ီးက်ဴးဘဲ မေနႏိုင္ပါဘူးလို႔ ေျပာခ်င္ပါတယ္။ ဒါေပမယ့္လည္း PDF ေတြအေနနဲ႔ စည္းကမ္းပိုင္းနဲ႔ စုစည္းညီၫြတ္ေရးပိုင္းေတြကို အခုထက္ပိုၿပီး ေသေသခ်ာခ်ာ စနစ္တက် ထိန္းသိမ္း လုပ္မယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့ ေကာင္းမယ္လို႔ က်ေနာ္ျမင္ပါတယ္။”

လက္ရွိမွာေတာ့ AA အဖြဲ႔အေနနဲ႔ စစ္ေကာင္စီနဲ႔ အပစ္ရပ္ထားေပမယ့္ စိတ္ခ်ရတဲ့ အေနအထားတခု မဟုတ္သလို အခ်ိန္မေရြး တိုက္ပြဲျဖစ္လာႏိုင္တယ္လို႔လည္း ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ အေစာပိုင္းကလည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ စစ္ေကာင္စီၾကား ရခိုင္ေျမာက္ပိုင္း ေမာင္ေတာၿမိဳ႕နယ္ဘက္မွာ ႏွစ္ဖက္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ထိခိုက္ေသဆုံးသူေတြလည္း ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

AA အနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးဖို့မရှိ

AA ရခိုင်တပ်ဖွဲ့အနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးသွားမှာ မဟုတ်သလို ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့လည်း တရားဝင် လုပ်ဆောင်နေတာမျိုး မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုတော့ အသိအမှတ်ပြု ချီးကျူးတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်း ကိုသားညွန့်ဦး ပြောပြမှာပါ။

အာဏာသိမ်း စစ်ကောင်စီနဲ့ AA ရခိုင်တပ်ဖွဲ့အကြား နားလည်မှုနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို ဦးစားပေးလုပ်ဆောင်နေသလို တဖက်မှာလည်း ပစ်ခတ်တိုက်ခိုက်ရေးထက် နိုင်ငံရေးဆွေးနွေးရေးပိုင်းတွေကို ပိုပြီးတော့ ဦးစားပေးလာပါတယ်။

ဒါပေမယ့်လည်း တရားဝင်အစိုးရမဟုတ်တဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးလို့ ရမှာမဟုတ်ဘူးလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ULA/AA ရဲ့ Online ကနေ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတာနဲ့ နိုင်ငံရေး ဆွေးနွေးတယ် ဆိုတာကတော့ မတူပါ။ နိုင်ငံရေး ဆွေးနွေးမယ် ဆိုရင်တော့ ကျနော်တို့လိုချင်တဲ့ အခင်းအကျင်း မဟုတ်ရင် ဆွေးနွေးရင်လည်း အဆင်ပြေချင်မှ ပြေမှာပါ။ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာက အပစ်အခတ်ရပ်စဲဖို့ ဖြစ်တယ်၊ နိုင်ငံရေး ဆွေးနွေးတယ် ဆိုတာက နိုင်ငံရေးအပေးအယူကို ဆွေးနွေးတာ ဖြစ်ပါတယ်။ နိုင်ငံရေးအပေးအယူကို ဆွေးနွေးမယ်ဆိုရင် တရားဝင်အစိုးရနဲ့ ဆွေးနွေးမှသာ ကျနော်တို့ အဆင်ပြေမှာပါ။ ဆိုတော့ တရားဝင်အစိုးရ ဆိုတာက ပြည်သူက ရွေးချယ်ထားတဲ့ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်နေတဲ့ အစိုးရကိုမှ တရားဝင်အစိုးရလို့ သတ်မှတ်လို့ရတယ်။ လောလောဆယ်မှာတော့ အာဏာသိမ်းထားတဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးလို့တော့ မရနိုင်ပါ။”

ဒါ့အပြင် ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ရက္ခိတလမ်းစဉ်အတိုင်း တဆင့်ချင်း သွားနေသလို အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ဖွဲ့စည်းထားတဲ့ NUG အစိုးရနဲ့လည်း တရားဝင် အဆက်အသွယ် မရှိဘူးလို့လည်း AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

NUG ရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းလုပ်ဆောင်တာ မရှိပေမယ့် အဖိနှိပ်ခံနေရတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာတယ်လို့လည်း ခိုင်သုခက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်လို ပြောဆိုခဲ့ပါတယ်။

“NUG နဲ့ကတော့ ကျနော်တို့ တရားဝင် အဆက်အသွယ်ကတော့ မရှိပါ။ သူတို့ကတော့ နွေဦးတော်လှန်ရေးမှာ ရပ်တည်တယ်။ ကျနော်တို့ကတော့ ကျနော်တို့ ရက္ခိတလမ်းစဉ်အတိုင်း ရပ်တည်ပြီးတော့ ချီတက်နေတာ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့က ပိုပြီးတော့ ရှင်းအောင်ပြောရရင် ULA/AA အနေနဲ့ ကျနော်တို့က NUG အဖွဲ့ဝင်လည်းမဟုတ်၊ NUCC အဖွဲ့ဝင်လည်းမဟုတ်၊ ဘာမှမဟုတ်ဘူး။ ကျနော်တို့ဟာ FPNCC ရဲ့ အဖွဲ့ဝင်သာဖြစ်တယ်။ အဲဒါကြောင့် NUG ရဲ့ လုပ်ငန်းတွေမှာ တရားဝင် တစုံတရာ ဆက်သွယ်လုပ်ဆောင်တာတွေတော့ မရှိပါ။ ဒါပေမယ့် ကျနော်တို့က NUG လုပ်ငန်းစဉ်တွေမှာ မပါလို့ မြန်မာပြည်မထဲက ပြည်သူတွေ ဖိနှိပ်ခံနေရတာတွေကို မစာနာဆိုတာ လုံးဝမဟုတ်ပါ။ ကျနော်တို့က မြန်မာပြည်မထဲက သူတွေကို အများကြီး ကိုယ်ချင်းစာပါတယ်။ သူတို့ရဲ့ ဖိနှိပ်ခံရမှုက လွတ်မြောက်လိုတဲ့ ဆန္ဒနဲ့ ကြိုးစားနေတာကိုလည်း လေးစားအသိအမှတ်ပြုတယ် ဆိုတာကို အကြိမ်ကြိမ် ထုတ်ပြောခဲ့ပြီး ဖြစ်ပါတယ်။”

လက်ရှိ မြန်မာပြည်အနှံ့ဆိုသလို အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုလည်း အသိအမှတ်ပြု လေးစားတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

“ဒီလောက် ဘာမှမရှိတဲ့ အနေအထားနဲ့ လုပ်ရဲတဲ့ သတ္တိကိုတော့ ကျနော်တို့ မချီးကျူးဘဲ မနေနိုင်ပါဘူးလို့ ပြောချင်ပါတယ်။ ဒါပေမယ့်လည်း PDF တွေအနေနဲ့ စည်းကမ်းပိုင်းနဲ့ စုစည်းညီညွတ်ရေးပိုင်းတွေကို အခုထက်ပိုပြီး သေသေချာချာ စနစ်တကျ ထိန်းသိမ်း လုပ်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်မြင်ပါတယ်။”

လက်ရှိမှာတော့ AA အဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်ထားပေမယ့် စိတ်ချရတဲ့ အနေအထားတခု မဟုတ်သလို အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းကလည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်ဘက်မှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG