သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ျပည္ေထာင္စုအတြင္း ပထမဆံုး Omicron ကူးစက္မႈေတြ႕ရွိ


Dr. Anthony Fauci က အေမရိကန္မွာ Omicron ကိုဗစ္ကပ္ေရာဂါပိုးသစ္ ကူးစက္မႈ ေၾကညာ

အေမရိကန္ျပည္ေထာင္စုအတြင္း ပထမဆံုး Omicron ကူးစက္မႈေတြ႕ရွိ

{{Zawgyi/Unicode}}

အေမရိကန္ ျပည္ေထာင္စုမွာ ပထမဆုံး Omicron ကိုဗစ္ပိုးသစ္ ကူးစက္မႈကို ကယ္လီဖိုးနီးယား ျပည္နယ္မွာ စစ္ေဆးေတြ႕ရွိေၾကာင္း က်န္းမာေရး တာ၀န္ရွိသူေတြက ေျပာပါတယ္။

“ႏို၀င္ဘာလ ၂၂ ရက္ေန႔မွာ ေတာင္အာဖရိကႏိုင္ငံကေန ျပန္လာသူျဖစ္ၿပီး၊ ႏို၀င္ဘာလ ၂၉ ရက္ေန႔မွာ ကူးစက္မႈကို အတည္ျပဳခဲ့ပါတယ္။” လို႔ အေမရိကန္သမၼတရဲ႕ ေဆးဖက္ဆိုင္ရာ အၾကံေပးအရာရွိခ်ဳပ္ Dr. Anthony Fauci က ဗုဒၶဟူးေန႔ အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပဲြမွာ ေျပာလိ္ုကတာပါ။

ေရာဂါကူးစက္ခံရသူဟာ ကာကြယ္ေဆး အျပည့္ထိုးထားသူျဖစ္ၿပီး၊ ေရာဂါလကၡဏာ မျပင္းထန္ေၾကာင္းနဲ႔ သီးသန္႔ခဲြထားၿပီး စမ္းသပ္စစ္ေဆးမႈေတြ လုပ္ေနတယ္လို႔လည္း ေျပာပါတယ္။

Omicron ပိုးသစ္ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ဖို႔ အေမရိကန္ကိုလာမယ့္ ႏိုင္ငံတကာ ခရီးသြားေတြအေပၚ စမ္းသပ္စစ္ေဆးမႈေတြ တိုးျမႇင့္ဖို႔ အေမရိကန္အစိုးရက ျပင္ဆင္ေနေၾကာင္း သတင္းေတြ ထြက္ေပၚေနခ်ိန္မွာပဲ ေရာဂါပိုးသစ္ ကူးစက္မႈ အတည္ျပဳခဲ့တာပါ။

အေမရိကန္ သတင္းေတြမွာေတာ့ အေမရိကန္ကိုလာမယ့္ ခရီးသြားေတြကို ကာကြယ္ေဆး၊ ထိုးသည္ျဖစ္ေစ မထိုးသည္ျဖစ္ေစ ကိုဗစ္ေရာဂါပိုးရွိ၊ မရွိ ခရီးမထြက္ခင္ ၁ ရက္အလိုမွာ စစ္ေဆးဖို႔ စီစဥ္ေနေၾကာင္း ေဖာ္ျပေနၾကပါတယ္။

ခရီးသြားေတြအေနနဲ႔ အေမရိကန္ကို ေရာက္လာၿပီး သီတင္းတပတ္ၾကာ ကိုယ့္ဖာသာသီးသန္႔ခဲြ ေနထိုင္ဖို႔နဲ႔၃ ရက္ကေန ၅ ရက္အတြင္း ေနာက္ထပ္စစ္ေဆးမႈခံယူဖို႔ စည္းကမ္းသစ္ထုတ္ျပန္သင့္၊ မသင့္ ဆိုတာကိုလည္း တာ၀န္ရွိသူေတြ ေဆြးေႏြးေနတယ္လို႔ ဆိုပါတယ္။

ေဆြးေႏြးေနဆဲျဖစ္တဲ့ စည္းကမ္းသစ္ဟာ ျပည္ပကေန အေမရိကန္ကို ျပန္လာတဲ့ ခရီးသြားေတြလည္း အက်ဳံး၀င္မွာ ျဖစ္ပါတယ္။

အစီအစဥ္သစ္ကိုေတာ့ သမၼတ Joe Biden ၾကာသပေတးေန႔မွာ ေၾကညာမယ္လို႔လည္း ခန္႔မွန္းေနၾကပါတယ္။

...................................................

တိုက္႐ိုက္ လင့္ခ္


အမေရိကန်ပြည်ထောင်စုအတွင်း ပထမဆုံး Omicron ကူးစက်မှုတွေ့ရှိ

{{Unicode}}

အမေရိကန် ပြည်ထောင်စုမှာ ပထမဆုံး Omicron ကိုဗစ်ပိုးသစ် ကူးစက်မှုကို ကယ်လီဖိုးနီးယား ပြည်နယ်မှာ စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

“နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တောင်အာဖရိကနိုင်ငံကနေ ပြန်လာသူဖြစ်ပြီး၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကူးစက်မှုကို အတည်ပြုခဲ့ပါတယ်။” လို့ အမေရိကန်သမ္မတရဲ့ ဆေးဖက်ဆိုင်ရာ အကြံပေးအရာရှိချုပ် Dr. Anthony Fauci က ဗုဒ္ဓဟူးနေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုကတာပါ။

ရောဂါကူးစက်ခံရသူဟာ ကာကွယ်ဆေး အပြည့်ထိုးထားသူဖြစ်ပြီး၊ ရောဂါလက္ခဏာ မပြင်းထန်ကြောင်းနဲ့ သီးသန့်ခွဲထားပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။

Omicron ပိုးသစ် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အမေရိကန်ကိုလာမယ့် နိုင်ငံတကာ ခရီးသွားတွေအပေါ် စမ်းသပ်စစ်ဆေးမှုတွေ တိုးမြှင့်ဖို့ အမေရိကန်အစိုးရက ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ရောဂါပိုးသစ် ကူးစက်မှု အတည်ပြုခဲ့တာပါ။

အမေရိကန် သတင်းတွေမှာတော့ အမေရိကန်ကိုလာမယ့် ခရီးသွားတွေကို ကာကွယ်ဆေး၊ ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ ကိုဗစ်ရောဂါပိုးရှိ၊ မရှိ ခရီးမထွက်ခင် ၁ ရက်အလိုမှာ စစ်ဆေးဖို့ စီစဉ်နေကြောင်း ဖော်ပြနေကြပါတယ်။

ခရီးသွားတွေအနေနဲ့ အမေရိကန်ကို ရောက်လာပြီး သီတင်းတပတ်ကြာ ကိုယ့်ဖာသာသီးသန့်ခွဲ နေထိုင်ဖို့နဲ့၃ ရက်ကနေ ၅ ရက်အတွင်း နောက်ထပ်စစ်ဆေးမှုခံယူဖို့ စည်းကမ်းသစ်ထုတ်ပြန်သင့်၊ မသင့် ဆိုတာကိုလည်း တာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ဆွေးနွေးနေဆဲဖြစ်တဲ့ စည်းကမ်းသစ်ဟာ ပြည်ပကနေ အမေရိကန်ကို ပြန်လာတဲ့ ခရီးသွားတွေလည်း အကျုံးဝင်မှာ ဖြစ်ပါတယ်။

အစီအစဉ်သစ်ကိုတော့ သမ္မတ Joe Biden ကြာသပတေးနေ့မှာ ကြေညာမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG