သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္ပိုးသစ္ ႏိုင္ငံ ၂၀ ခန္႔မွာေတြ႕ရွိ


နယ္သာလန္ ေလဆိပ္မွာ Covid-19 စစ္ဖို႔ ေစာင့္ေနတဲ႔ ခရီးသည္။

(Zawgyi / Unicode)

ကုိဗစ္မ်ိဳးကဲြသစ္ Omicron ကို ေတာင္အာဖရိကမွာ ေတြ႕ရွိေၾကာင္း တရား၀င္ အတည္မျပဳခင္ကတည္းက အေနာက္ဥေရာပမွာ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း အေထာက္အထားသစ္ေတြ ထြက္ေပၚလာပါတယ္။

နယ္သာလန္ႏိုင္ငံကို ေတာင္အာဖရိကကေန ေလေၾကာင္းက ေရာက္လာတဲ့ ခရီးသည္ေတြမွာ ေရာဂါပိုးသစ္ ကူးစက္မႈ ပထမဆုံး အတည္ျပဳခဲ့တဲ့ ၿပီးခဲ့တဲ့ ေသာၾကာေန႔ မတိုင္ခင္ သီတင္းတပတ္တိတိေစာတဲ့ ႏို၀င္ဘာလ ၁၉ ရက္ေန႔မွာ ကတည္းက ေရာဂါပိုးသစ္ကို ဓာတ္ခဲြနမူနာေတြမွာ ေတြ႕ရွိထားေၾကာင္း အဂၤါေန႔မွာပဲ တာ၀န္ရွိသူေတြ ေျပာဆိုခဲ့ၾကတာပါ။

ၿဗိတိန္၊ ကေနဒါ၊ စေကာ့တလန္၊ ၾသစေၾတးလ်၊ ၾသစႀတီးယား၊ စပိန္၊ ဆြီဒင္ႏိုင္ငံေတြမွာလည္း ေရာဂါပိုးသစ္ ေတြ႕ရွိမႈ အတည္ျပဳထားၿပီး ျပင္သစ္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ကလည္း ပထမဆုံး ကူးစက္မႈေတြကို အဂၤါေန႔က အတည္ျပဳလိုက္တာေၾကာင့္ အခုဆိုရင္ Omicron ပိုးသစ္ကူးစက္တဲ့ ႏိုင္ငံေပါင္း ၂၀ ေလာက္ ရွိေနပါၿပီ။

ေရာဂါပိုးသစ္ ကူးစက္မႈေတြ ပ်ံ႕ႏွံ႔လာေနခ်ိန္မွာပဲ လက္ရွိကုိဗစ္ကာကြယ္ေဆးေတြဟာ ထိေရာက္မႈ နည္းႏုိင္တယ္လုိ႔လည္း ကာကြယ္ေဆးထုတ္လုပ္တဲ့ Moderna ေဆးကုမၸဏီရဲ့ အႀကီးအကဲ Stephane Bancel က အဂၤါေန့မွာပဲ Financial Times သတင္းစာကို ေျပာလိုက္ပါတယ္။

AstraZeneca ကာကြယ္ေဆး ပူးတဲြ ထုတ္လုပ္တဲ့ ၿဗိတိန္ Oxford တကၠသိုလ္က သိပၸံပညာရွင္ေတြကေတာ့ လက္ရွိကာကြယ္ေဆးေတြဟာ ကုိဗစ္ေရာဂါပုိးေတြကုိ ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္တာ ေတြ႕ရၿပီး Omicron ပုိးသစ္ကို အကာအကြယ္ မေပးႏိုင္တဲ့ အေထာက္အထားမ်ဳိး မေတြ႕ရေသးဘူးလို႔ ေျပာပါတယ္။

Omicron ကိုဗစ္ပိုးသစ္ ႏိုင္ငံ ၂၀ ခန္႔မွာေတြ႕ရွိ
please wait

No media source currently available

0:00 0:01:20 0:00
တိုက္႐ိုက္ လင့္ခ္


(Unicode)

Omicron ကိုဗစ်ပိုးသစ် နိုင်ငံ ၂၀ ခန့်မှာတွေ့ရှိ

ကိုဗစ်မျိုးကွဲသစ် Omicron ကို တောင်အာဖရိကမှာ တွေ့ရှိကြောင်း တရားဝင် အတည်မပြုခင်ကတည်းက အနောက်ဥရောပမှာ ရောက်ရှိနေပြီဖြစ်ကြောင်း အထောက်အထားသစ်တွေ ထွက်ပေါ်လာပါတယ်။

နယ်သာလန်နိုင်ငံကို တောင်အာဖရိကကနေ လေကြောင်းက ရောက်လာတဲ့ ခရီးသည်တွေမှာ ရောဂါပိုးသစ် ကူးစက်မှု ပထမဆုံး အတည်ပြုခဲ့တဲ့ ပြီးခဲ့တဲ့ သောကြာနေ့ မတိုင်ခင် သီတင်းတပတ်တိတိစောတဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကတည်းက ရောဂါပိုးသစ်ကို ဓာတ်ခွဲနမူနာတွေမှာ တွေ့ရှိထားကြောင်း အင်္ဂါနေ့မှာပဲ တာဝန်ရှိသူတွေ ပြောဆိုခဲ့ကြတာပါ။

ဗြိတိန်၊ ကနေဒါ၊ စကော့တလန်၊ သြစတြေးလျ၊ သြစတြီးယား၊ စပိန်၊ ဆွီဒင်နိုင်ငံတွေမှာလည်း ရောဂါပိုးသစ် တွေ့ရှိမှု အတည်ပြုထားပြီး ပြင်သစ်နဲ့ ဂျပန်နိုင်ငံတို့ကလည်း ပထမဆုံး ကူးစက်မှုတွေကို အင်္ဂါနေ့က အတည်ပြုလိုက်တာကြောင့် အခုဆိုရင် Omicron ပိုးသစ်ကူးစက်တဲ့ နိုင်ငံပေါင်း ၂၀ လောက် ရှိနေပါပြီ။

ရောဂါပိုးသစ် ကူးစက်မှုတွေ ပျံ့နှံ့လာနေချိန်မှာပဲ လက်ရှိကိုဗစ်ကာကွယ်ဆေးတွေဟာ ထိရောက်မှု နည်းနိုင်တယ်လို့လည်း ကာကွယ်ဆေးထုတ်လုပ်တဲ့ Moderna ဆေးကုမ္ပဏီရဲ့ အကြီးအကဲ Stephane Bancel က အင်္ဂါနေ့မှာပဲ Financial Times သတင်းစာကို ပြောလိုက်ပါတယ်။

AstraZeneca ကာကွယ်ဆေး ပူးတွဲ ထုတ်လုပ်တဲ့ ဗြိတိန် Oxford တက္ကသိုလ်က သိပ္ပံပညာရှင်တွေကတော့ လက်ရှိကာကွယ်ဆေးတွေဟာ ကိုဗစ်ရောဂါပိုးတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်တာ တွေ့ရပြီး Omicron ပိုးသစ်ကို အကာအကွယ် မပေးနိုင်တဲ့ အထောက်အထားမျိုး မတွေ့ရသေးဘူးလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG