သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှတ်တမ်းဖြန့်ခဲ့သူ ဘော်စတွန်မြို့မှာ ရုံးထုတ်


 Jack Teixeira ကို ရုံးထုတ်မယ့် ဘော်စတွန်မြို့ တရားရုံး (ဧပြီ ၁၄၊ ၂၀၂၃)
Jack Teixeira ကို ရုံးထုတ်မယ့် ဘော်စတွန်မြို့ တရားရုံး (ဧပြီ ၁၄၊ ၂၀၂၃)

အမေရိကန်စစ်တပ်ရဲ့ ကန့်သတ်မှတ်တမ်းတွေကို ခွင့်ပြုချက်မရှိဘဲ ရယူ၊ ဖြန့်ဝေခဲ့မှု Massachusetts ပြည်နယ်မှာ ကြာသပတေးနေ့က ဖမ်းဆီးခံရတဲ့ အမေရိကန် လေတပ် အရန်တပ်ဖွဲ့ဝင် Jack Teixeira ကို ဘော်စတွန် (Boston) တရားရုံးမှာ ဒီနေ့ ရုံးထုတ်မှာဖြစ်ပါတယ်။ သူ့ကိုဖမ်းဆီးခဲ့တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် Merrick Garland ကခုလို ပြောကြားခဲ့ပါတယ်။

သက်ဆိုင်သူတွေသာ ဖတ်ခွင့်ရှိတဲ့ အမေရိကန်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်အချက်အလက်တွေကို ခွင်ပြုချက်မရဘဲ ဖယ်ရှား၊ ရယူ ဖြန့်ဝေမှုနဲ့ အမေရိကန် လေတပ်အရန်တပ်ဖွဲ့မှာတာဝန်ထမ်းနေသူ Jack Douglas Teixeira ကိုဖမ်းဆီးခဲ့တယ်လို့ ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားခဲ့တာပါ။ Massachusetts ပြည်နယ် Dighton မြို့က သူ့နေအိမ်မှာ Teixeira အသာတကြည် အဖမ်းခံခဲ့တယ်လို့ FBI ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၁နှစ်အရွယ် အမေရိကန် လေတပ် အရန်တပ်ဖွဲ့ဝင် Jack Teixeira ရဲ ဓါတ်ပုံ (ရိုက်ကူးခဲ့သောရက်စွဲကိုမသိရ)
၂၁နှစ်အရွယ် အမေရိကန် လေတပ် အရန်တပ်ဖွဲ့ဝင် Jack Teixeira ရဲ ဓါတ်ပုံ (ရိုက်ကူးခဲ့သောရက်စွဲကိုမသိရ)

ယူကရိန်းကိုအမေရိကန်တို့ပေးနေတဲ့ စစ်ရေးအကူအညီတွေအပါအဝင် စစ်တပ်ရဲ့ မှတ်တမ်းတချို့ ပြီးခဲ့တဲ့သီတင်းပါတ်က Twitter နဲ့ လူမှုကွန်ရက်တချို့မှာ ထွက်ပေါ်လာခဲ့တဲ့အတွက် အမေရိကန်အတွက် မျက်နှာပျက်စရာဖြစ်နေပါတယ်။ ယူကရိန်းရဲ့ စစ်ရေးစွမ်းရည်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ရုရှား စစ်ဌာနချုပ်နဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေးဆိုင်ရာ အချက်အလက် အထူး အရေးကြီးတဲ့ မှတ်တမ်းတွေ ပါဝင်တယ်လို့ Washington Post သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ဒီစစ်ရေးမှတ်တမ်းတွေကို Teixeira ဘယ်လိုနည်းနဲ့ ရယူ ဖြန့်ဝေခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး သင့်တော်တဲ့ အချိန်ကျရင် အချက်အလက်တွေ ထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားထားပါတယ်။

အသက် ၂၁ နှစ်အရွယ် Teixeira ဟာ Discord ဆိုတဲ့ လူမှုကွန်ရက်ပေါ်က ဂိမ်းဝါသနာပါသူတွေ သေနတ်အကြောင်းစိတ်ဝင်စားသူ လူငယ် ၂ ဒါဇင်လောက်ပါတဲ့ အွန်လိုင်းအုပ်စုလေးရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ အမေရိကန်သတင်း မီဒီယာတွေက ဖော်ပြကြပါတယ်။ OG လို့အဖွဲ့ဝင်တွေပြောကြသူဟာ အမေရိကန်အစိုးရအပေါ် မုန်းတီးသူ မဟုတ်ပေမဲ့ တရားဥပဒေစိုးမိုးရေးလုပ်နေသူတွေနဲ့ ထောက်လှမ်းရေးတွေဟာ နိုင်ငံသားတွေကို အမှောင်ချ ဖိနှိပ်ချင်သူတွေဖြစ်တယ်လို့ ဖော်ပြပြောတဲ့အကြောင်း Discord အဖွဲ့ဝင်တယောက်ပြောတာကို Washington Post သတင်းစာမှာ ကိုးကားဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG