သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းပေါက်ကြားမှု သံသယရှိသူကို ဖမ်းဆီး


FBI arrests U.S. Air Force National Guard employee over the leaks online of classified U.S. documents
FBI arrests U.S. Air Force National Guard employee over the leaks online of classified U.S. documents

=== [[ ZAWGYI ]] ===

ကန် ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းပေါက်ကြားမှု သံသယရှိသူကို ဖမ်းဆီး

စာမျက်နှာ ရာနဲ့ချီတဲ့ စစ်ထောက်လှမ်းရေး စာရွက်စာတမ်းတွေ ပေါက်ကြားမှုနဲ့ မက်ဆာချူးဆက် အမျိုးသား အစောင့်တပ်ဖွဲ့ လေတပ်က အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦးကို ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် မယ်ရစ်ဂါလန်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ဖမ်းခံရသူက Jack Teixeira ဆိုသူဖြစ်ပြီး သူ့ကို မက်ဆာချူးဆက်ခရိုင် တရားရုံးမှာ ကနဦး ရုံးထုတ်ဖို့ ရှိပါတယ်။

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေး စာရွက်စာတမ်း ပေါက်ကြားခဲ့မှု လက်သည်တရားခံကို စုံစမ်းစစ်ဆေးသူတွေက ဖော်ထုတ်နိုင်ဖို့ နီးစပ်နေပြီလို့ သမ္မတ ဂျိုးဘိုင်ဒန် က ကြာသပတေးနေ့ကပဲ ထုတ်ပြောခဲ့တာပါ။

အခု စာရွက်စာတမ်း ပေါက်ကြားမှုက အမေရိကန်အတွက် ဆယ်စုနှစ် တခုအတွင်းမှာ အဆိုးရွားဆုံး လုံခြုံရေး ပေါက်ကြားမှုအဖြစ် မှတ်ယူနိုင်ပေမယ့် သမ္မတ ဘိုင်ဒန် ကတော့ စိုးရိမ်ကြောင်းသာ ပြောပြီး တခြား ကြီးမားတဲ့ အကျိုးဆက်တွေ တပြိုင်တည်း ဖြစ်လာဖွယ် မရှိဘူးလို့ အိုင်ယာလန်ကို သုံးရက်ကြာ ခရီးထွက်နေတုန်းမှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။ ဒါဟာ အရင်အပတ်ကဖြစ်ခဲ့တဲ့ ပေါက်ကြားမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတအနေနဲ့ ပထမဆုံးအကြိမ် မှတ်ချက်ပြုတာလည်း ဖြစ်ပါတယ်။

ဒီစာရွက်စာတမ်းတွေမှာ ယူကရိန်းစစ်တပ်နဲ့ အခြား ထောက်လှမ်းရေးကိစ္စရပ် အချက်အလက်တွေ ပါဝင်ပါတယ်။ အမေရိကန်စစ်တပ် ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူရဲ့ မီဒီယာဖြေကြားချက်မှာတော့ ဒါဟာ “အမျိုးသားလုံခြုံရေးအတွက် အလွန်ဆိုးရွားတဲ့ အန္တရာယ်” လို့ ဆိုပါတယ်။

ကြာသပတေးနေ့က နယူးယောက်တိုင်းမ် သတင်းစာရဲ့ ရေးသားချက်မှာ အခု ဖမ်းဆီးခံရတဲ့ ဂျက်ဒေါက်ဂလပ်စ် ဟာ အွန်လိုင်းဂိမ်း စကားပြောအဖွဲ့တခုရဲ့ ဦးဆောင်သူဖြစ်ပြီး အဲဒီမှာ စာရွက်စာတမ်းတွေကို တင်ခဲ့တာလို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ပို့စ် သတင်းဖော်ပြချက်မှာတော့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်က Discord ဆိုတဲ့ အမည်နဲ့အဖွဲ့က အဖွဲ့ဝင်တဦးရဲ့ ပြောဆိုချက်အရ စစ်အခြေစိုက်စခန်းတခုမှာ အလုပ်လုပ်နေတဲ့ အခြားအဖွဲ့ဝင်တဦးကနေ ဒီစာရွက်တွေ ပေါက်ကြားလာတယ်လို့ ပြောပါတယ်။ သူက ပထမ စာရိုက်ထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကို စာဖိုင်အနေနဲ့ မျှဝေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စာရွက်စာတမ်းတွေကို ဓာတ်ပုံ ပုံစံနဲ့ ပြောင်းလဲ တင်ခဲ့တယ်လို့ ဆိုပါတယ်။

အဒီ အဖွဲ့ဝင်ရဲ့ပြောဆိုချက်အရ ပေါက်ကြားစေခဲ့သူက အမေရိကန်အစိုးရအပေါ် ရန်လိုတဲ့ သဘောထား မရှိဘဲ နိုင်ငံသားတွေကို ဖိနှိပ်ဖို့နဲ့ သတင်းအချက်အလက်တွေ ရယူဖို့ အမေရိကန် ဥပဒေစိုးမိုးရေးနဲ့ ထောက်လှမ်းရေး ဌာနတွေက လုပ်ဆောင်နေတယ်လို့သာ ပြောတယ်လို့ ဆိုပါတယ်။

တခြား Discord အဖွဲ့အသုံးပြုသူ တဦးက ဒီ စာရွက်စာတမ်း ဒါဇင်နဲ့ချီကို နောက်ထပ် Discord ဆာဗာတခုမှာ တင် လိုက်လို့ လူအများကြား ပိုပျံ့နှံ့ သွားခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာ မတ်လ လယ်လောက်မှာ သူက မျှဝေတာတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

ကန် ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းပေါက်ကြားမှု သံသယရှိသူကို ဖမ်းဆီး
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===










ကန်ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းပေါက်ကြားမှု သံသယရှိသူကို ဖမ်းဆီး
please wait

No media source currently available

0:00 0:00:57 0:00
XS
SM
MD
LG