သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်အဖွဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်

မြန်မာလူငယ်အဖွဲ့ First Global စက်ရုပ်ပြိုင်ပွဲ မှာ စတင်ယှဉ်ပြိုင် (First Global Team Myanmar)
မြန်မာလူငယ်အဖွဲ့ First Global စက်ရုပ်ပြိုင်ပွဲ မှာ စတင်ယှဉ်ပြိုင် (First Global Team Myanmar)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာကျင်းပနေတဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက တနင်္လာနေ့မှာ ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့တာမှာ ၂ ပွဲနိုင် ၁ ပွဲရှုံးခဲ့ပါတယ်။ ၃ နိုင်ငံ ၁ ဖွဲ့ပေါင်းပြီး ပြိုင်ဖက်အဖွဲ့ စက်ရုပ်တွေကို ပြိုင်ဆိုင်ရတာကြောင့် ကိုယ့်မဟာမိတ်နိုင်ငံအသင်းတွေနဲ့ ကြိုတင် ညှိနှိုင်းပြင်ဆင်မှုက အရေးကြီးတယ်လို့ မြန်မာအသင်းခေါင်းဆောင်က ပြောပါတယ်။ ဒီကနေ့ ဆက်ပြိုင်ရမယ့် ပြိုင်ပွဲတွေအပါအဝင် စုစုပေါင်းပြိုင်ပွဲအမှတ်တွေ အားလုံးပေါင်းပြီး ဆုပေးမှာဖြစ်တဲ့အတွက် ဆက်လက်ပြိုင်ဖို့ မြန်မာအသင်းပြင်ဆင်နေပုံကို မစုမြတ်မွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာလူငယ်အဖွဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင် (သတင်းဓါတ်ပုံ)

1/6
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာကျင်းပနေတဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက တနင်္လာနေ့မှာ ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
2/6
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာကျင်းပနေတဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက တနင်္လာနေ့မှာ ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
3/6
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာကျင်းပနေတဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက တနင်္လာနေ့မှာ ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
4/6
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာကျင်းပနေတဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက တနင်္လာနေ့မှာ ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
5/6
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာကျင်းပနေတဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက တနင်္လာနေ့မှာ ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
6/6
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာကျင်းပနေတဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက တနင်္လာနေ့မှာ ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
Previous slide
Next slide

အခုကြားခဲ့ရတာကတော့ ဝါရှင်တန်မြို့တော်မှာ ၂ ရက်ကျင်းပနေတဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းပါတဲ့ ပြိုင်ပွဲကအသံတွေဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၆၃ နိုင်ငံက ၁၈ နှစ်အောက် ကျောင်းသားလူငယ်တွေ ယှဉ်ပြိုင်ကြတဲ့ စက်ရုပ်ပြိုင်ပွဲမှာ အဖွဲ့ဝင် ၉ ယောက်ပါတဲ့ မြန်မာအသင်းက July ၁၇ ရက်၊ တနင်္လာနေ့မှာ စုစုပေါင်း ၃ ပွဲယှဉ်ပြိုင်ခဲ့ပါတယ်။ တပွဲစီမှာ နိုင်ငံ ၆ နိုင်ငံပါဝင်ယှဉ်ပြိုင်ကြရပါတယ်။ ၃ နိုင်ငံ ၁ ဖွဲ့ခွဲပြီး ပြိုင်ဘက် ၂ ဖွဲ့ရဲ့ စက်ရုပ်တွေက ဘောလုံးလေးတွေကို ကောက်ပြီး သတ်မှတ်နေရာရောက်အောင် ပို့ပေးကြရတာဖြစ်ပါတယ်။ ပြိုင်ပွဲ ၁ ပွဲကို ၂ မိနစ်ခွဲပဲ အချိန်ကြာပါတယ်။ အဲဒီအချိန်အတွင်း သတ်မှတ်နေရာတွေဆီ ဘောလုံးတွေ အများဆုံးပို့ပေးနိုင်တဲ့ အဖွဲ့က စုစုပေါင်းအမှတ်နဲ့ နိုင်ပါတယ်။ တနင်္လာနေ့က ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအသင်းက ပထမ ၂ ပွဲမှာ အနိုင်ရခဲ့ပေမဲ့ ၁ ပွဲမှာတော့ ရှုံးပြီး စုစုပေါင်း ၂၂၉ မှတ်ရထားပါတယ်။ တခြားနိုင်ငံအသင်းတွေနဲ့ ပူးပေါင်းယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲတွေမှာ အခက်အခဲတချို့တွေ့ခဲ့ရပေမဲ့ ကျော်လွှားနိုင်ခဲ့ပါတယ်လို့ မြန်မာအသင်းခေါင်းဆောင် ကိုကြည်ဇော်ဝင်းက VOA မြန်မာပိုင်းကို ခုလိုရှင်းပြပါတယ်။

“Technical ပိုင်းမှာ ကျနော်တို့ ဒုတိယပိုင်းမှာ နည်းနည်းလေး ဖြစ်ခဲ့ပါတယ်။ Robot ဆိုတာ တခါတလေတော့mechanism တွေ ညှက်တာတို့ ပြုတာတို့ရှိတဲ့အခါကျတော့ နည်းနည်းလေး ဖြစ်သွားပါတယ်။ ဒါပေမယ့် ကျနော်တို့က တခြားအသင်းတွေနည်း collaborate ကောင်းကောင်းလုပ်နိုင်တဲ့အခါကျတော့ အဲလောက်ကြီးဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ပါဘူး။”

ထိုင်ဝမ်။ စင်္ကာပူ။ ယူဂန်ဒါ။ Yemen။ ဆားဘီးယားစတဲ့ အသင်းတွေနဲ့ မြန်မာအသင်း ပူးပေါင်း ပြိုင်ဆိုင်ခဲ့ရတာပါ။ ကိုယ့်အဖွဲ့ထဲမှာ ဘယ်နိုင်ငံက အသင်းတွေပါမယ်ဆိုတာ ကြိုသိမထားပေမဲ့ နိုင်ငံတကာအသင်းတွေနဲ့ အတူယှဉ်တွဲပြိုင်ဆိုင်နိုင်ဖို့ မြန်မာအသင်းဖက်က ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့ Team ကအစောကြီးကတည်းက ပြင်ဆင်ထားတယ်။ contact တွေယူထားတယ်။ ဒီနေ့မနက် စောစော ၅ နာရီကတည်းက list ထွက်ကတည်းက စောစော Text တွေပို့တယ် အချင်းချင်းဘယ်လိုပြိုင်ကြမယ်ပေါ့နော်။ ပြိုင်တဲ့အခါကျရင်ဘယ်လိုဆိုတာ တယောက်နဲ့တယောက် တာဝန်ခွဲဝေထားတာပေါ့နော်။ ဘယ်သူကတော့ ဘယ်လိုလုပ်မယ်ဆိုတဲ့ဟာကို အစောကြီးကတည်းက ပြင်ပြင်ဆင်ဆင်လုပ်ထားတယ်။ ပွဲမစခင်လည်း ၁ နာရီလောက်ကတည်းကနေစပြီးတော့ တွေ့တယ်၊ မျက်နှာချင်းဆိုင်ဆွေးနွေးတယ်၊ တယောက်နဲ့တယောက်က Robot တခုနဲ့တခုရဲ့ အားသာချက် အားနည်းချက် တွေကို ၊ တယောက်နဲ့တယောက်အားသာချက် အားနည်းချက်တွေကို ဖြည့်ပြီးတော့ ဘယ်လိုပူးပေါင်းပြီးလုပ်မယ်ဆိုတာကို အစောကတည်းက Meeting တွေထိုင်ပြီးတော့လုပ်ကြပါတယ်ခင်ဗျ။”

မြန်မာအသင်းထဲက လူငယ်တွေကလည်း သူတို့ရဲ့ ထင်မြင်အကြံပေးချက်တွေကို ရဲရဲဝင့်ဝင့်ပြောပြညှိနှိုင်းနိုင်တဲ့အတွက် အခက်အခဲမရှိဘူးလို့ ဆိုပါတယ်။ ဒီကနေ့ အင်္ဂါနေ့ ပွဲတွေထဲက မြန်မာအသင်းပြိုင်ဆိုင်ရမယ့်အသင်းတွေထဲမှာ အိမ်ရှင်အမေရိကန်အသင်းလည်းပါဝင်ပါတယ်။ နည်းပညာပိုင်းရှေ့ပြေးနေတဲ့ အမေရိကန်အသင်းရဲ့ စက်ရုပ်တွေကို အနိုင်ရနိုင်ဖို့ ဘယ်လိုပြင်ဆင်ထားသလဲဆိုတာကိုလည်း မြန်မာအသင်းခေါင်းဆောင်ကို မေးကြည့်ပါတယ်။

“ဒီ Game က သုံးရတဲ့ပစ္စည်းတွေက ဒီပစ္စည်းတွေကိုပဲ သုံးတဲ့အတွက်ကြောင့် ကျနေ်ာတို့အနေနဲ့ နည်းပညာပိုင်းမှာ တခြားအသင်းတွေထက် အရမ်းကြီးနိမ့်ကျတာမရှိပါဘူး။ဒီကနေ့ ကျနော်တို့ ပြိုင်ရင်းပြိုင်ရင်းနဲ့ ဒီပြိုင်ပွဲကို သုံးသပ်မိတာကတော့ ဒီပြိုင်ပွဲမှာ အရေးကြီးတာက တဖက်အသင်းကို နိုင်ဖို့ဆိုရင် ကိုယ့်ဘက်အခြမ်းမှာ မဟာမိတ်ဖွဲ့ထားတဲ့ ၃ သင်းက အတွဲညီညီလုပ်တာက တော်တော်အရေးကြီးတယ်ခင်ဗျ။ ဒီနိုင်သွားတဲ့ ဂိမ်းတွေတော်တော်များများကိုကြည့်ရင် အဲလိုလုပ်နိုင်တဲ့သူက အမှတ်အများဆုံးရတာတွေ့ရတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ တဖွဲ့ချင်းကြိုတင်ပြင်ဆင်တာထက်စာရင် ၃ သင်းလုံး ဘယ်လိုတွဲဖက်ညီအောင် လုပ်နိုင်အောင်ပြင်ဆင်တာက ကျနော်တို့အကောင်းဆုံးပြင်ဆင်တာပါခင်ဗျ။ အဲဒီအတွက်ကျနော်တို့ ဒီနောက်လာမယ့် ဂိမ်းတွေကို ကျနော်တို့ အာရုံစိုက်ပြီးတော့ ပြင်ဆင်မှာပါ။ ဟိုဘက်အသင်းက ဘယ်သူဆိုတာထက် ဒီဘက်လက်ရှိ မဟာမိတ်အသင်းတွေအချင်းချင်း ဘယ်လိုပူးပေါင်းတယ်ဆိုတာ ပိုအရေးကြီးပါတယ်။”

မြန်မာအသင်းနဲ့ အတူတွဲရမယ့် အသင်းတွေထဲမှာ အီတလီနဲ့ တရုတ်လို စက်ရုပ်ပညာပိုင်းမှာ အားကောင်းတဲ့အသင်းတွေပါတယ်လို့လည်း မြန်မာအသင်းခေါင်းဆောင် ကိုကြည်ဇော်ဝင်းက ပြောပါတယ်။ ပြိုင်ပွဲတွေကို အင်္ဂါနေ့ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းအချိန် ညနေ ၅ နာရီအထိကျင်းပမှာဖြစ်ပါတယ်။

နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲ ပိတ်ပွဲကို ညနေ ၅ နာရီခွဲမှာစတင်မှာဖြစ်ပြီး နောက်ဆုံးအမှတ်အများဆုံးနဲ့ အနိုင်ရအသင်းတွေကို ဆုပေးသွားမှာဖြစ်ပါတယ်။ သိပ္ပံ၊ နည်းပညာ၊ သချာၤနဲ့ အင်ဂျင်နီယာ ပညာရပ်တွေကို ကမ္ဘာတဝန်းက လူငယ်တွေပိုပြီး စိတ်ဝင်စားလာအောင် First Global ပရဟိတအဖွဲ့က နှစ်စဉ်စက်ရုပ်ပြိုင်ပွဲကျင်းပပေးနေတာပါ။ ဒီနှစ်ပြိုင်ပွဲကတော့ ကမ္ဘာတဝန်းမှာ သောက်သုံးရေသန့် မရရှိသူ သန်းထောင်နဲ့ချီရှိနေတဲ့ ပြဿနာကို မီးမောင်းထိုးပြတဲ့အနေနဲ့ ရေသန့်ကို ကိုယ်စားပြုတဲ့ အပြာရောင် ဘောလုံးနဲ့ ညစ်ညမ်းရေကို ကိုယ်စားပြုတဲ့ လိမ္မော်ရောင် ဘောလုံးလေးတွေကို စက်ရုပ်တွေက ရွေးချယ်ခွဲခြားပြီး သတ်မှတ်နေရာရောက်အောင် ပို့ပေးကြရတာဖြစ်ပါတယ်။

မြန်မာလူငယ်အဖွဲ့ First Global စက်ရုပ်ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်
please wait

No media source currently available

0:00 0:04:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG