သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အလုပ္အကိုင္ မက္လုံးေပးလိမ္လည္မႈနဲ႔ မသကၤာသူ ေဟာင္ေကာင္သားတခ်ဳိ႕ ဖမ္းဆီးခံရ


(Zawgyi/ Unicode)


ျမန္မာႏုိင္ငံ အပါအ၀င္ အေရွ႕ေတာင္ အာရွ ႏုိင္ငံေတြမွာ အဓမၼ ထိန္းသိမ္းခိုင္းေစခံရတဲ႔ လိမ္လည္တဲ႔ အလုပ္ေတြ တည္ေထာင္မႈ စြပ္စြဲခ်က္နဲ႔ ေဟာင္ေကာင္သား ၅ ဦးကို ဖမ္းဆီးလိုက္ေၾကာင္း ရဲတပ္ဖြဲ႔က တနဂၤေႏြေန႔မွာ ထုတ္ျပန္ပါတယ္။

ျမန္မာ၊ ကေမၻားဒီးယား၊ ထိုင္းနဲ႔ လာအိုတို႔လို ႏုိင္ငံေတြမွာ ၀င္ေငြေကာင္းတဲ႔ အလုပ္အကိုင္ေတြနဲ႔ မက္လံုးေပး ေခၚယူၿပီး ျပန္ခြင့္ မေပးဘဲ အဓမၼ ခိုင္းေစခံရေၾကာင္း ခိုင္းေစခံရသူေတြက ဒီ လပိုင္းေတြ အတြင္းမွာဘဲ ေျပာဆိုၾကတာပါ။

ဒီလို လိမ္ညာ ခုိင္းေစမႈမွာ လူကုန္ကူးခံရသူေတြကို ကယ္တင္ေရး အတြက္ ေဟာင္ေကာင္မွာ ၿပီးခဲ႔တဲ႔ ၾကာသပေတးေန႔က အထူးအဖြဲ႔တခုကို အာဏာပိုင္တို႔ ဖြဲ႔စည္းခဲ႔တာပါ။ ရဲထံ အကူအညီ ေတာင္းခံမႈ ၃၆ ခု စလံုး နီးပါးဟာ အလိမ္အညာ အလုပ္ေတြနဲ႔ ဆက္စပ္ေၾကာင္း ေဟာင္ေကာင္ ရဲတပ္ဖြဲ႔ရဲ႕ ရာဇ၀တ္ဂိုဏ္းမ်ားဆိုင္ရာ ဗ်ဴရို အႀကီးတန္း ရဲမွဴး Tony Ho က ေျပာပါတယ္။ ျပည္ပမွာ ျဖစ္ႏုိင္ေျခ မရွိတဲ႔ အလုပ္ေတြကို လက္ခံလာေစေရး ေဟာင္ေကာင္ ေဒသခံေတြကို လိမ္လည္ေနသူလို႔ သံသယနဲ႔ အမ်ိဳးသား ၃ ဦးနဲ႔ အမ်ိဳးသမီး ၂ ဦးကို ဖမ္းဆီးထားေၾကာင္းလည္း ရဲမွဴး Ho က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ျမန္မာနဲ႔ ကေမၻားဒီယား ႏုိင္ငံတို႔မွာ လိမ္ညာ ခံရသူ ၂၂ ဦး ရွိေနဆဲျဖစ္ေၾကာင္း ယံုၾကည္ထားေၾကာင္းနဲ႔ ဒီထဲက ၉ ဦးကေတာ့ သူတို႔ မိသားစုေတြ ဒါမွမဟုတ္လည္း ေဟာင္ေကာင္ ရဲကို ဆက္သြယ္မႈ မရွိဘူးလို႔လည္း ရဲမွဴး Ho က ေျပာပါတယ္။ လွည့္ဖ်ား ခံရသူေတြကို ေလယာဥ္လက္မွတ္ေပး ျပည္ပကို ေခၚယူၿပီး ေလဆိပ္ ေရာက္ခ်ိန္မွာ သူတို႔ထဲက အမ်ားစုရဲ႕ ႏုိင္ငံကူး လက္မွတ္ေတြကို သိမ္းယူေၾကာင္း၊ ဒီေနာက္မွာေတာ့ တျခားလူေတြကို လိမ္ညာတဲ႔ လုပ္ငန္းေတြမွာ အဓမၼ ခိုင္းေစခံရေၾကာင္း သူက ေျပာပါတယ္။

ျမန္မာႏုိင္ငံ ကရင္ ျပည္နယ္ထဲမွာ ေဟာင္ေကာင္ တဦး တလေလာက္ ပိတ္မိေနခဲ႔ၿပီး သူ႔မိသားစုက အကူအညီ ေတာင္းခံခဲ႔ေၾကာင္းလည္း ေဟာင္ေကာင္ DAB ပါတီက ႏုိင္ငံေရး သမားေတြက တနဂၤေႏြေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အလုပ်အကိုင် မက်လုံးပေးလိမ်လည်မှုနဲ့ မသင်္ကာသူ ဟောင်ကောင်သားတချို့ ဖမ်းဆီးခံရ


မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံတွေမှာ အဓမ္မ ထိန်းသိမ်းခိုင်းစေခံရတဲ့ လိမ်လည်တဲ့ အလုပ်တွေ တည်ထောင်မှု စွပ်စွဲချက်နဲ့ ဟောင်ကောင်သား ၅ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။ မြန်မာ၊ ကမ္ဘေားဒီးယား၊ ထိုင်းနဲ့ လာအိုတို့လို နိုင်ငံတွေမှာ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေနဲ့ မက်လုံးပေး ခေါ်ယူပြီး ပြန်ခွင့် မပေးဘဲ အဓမ္မ ခိုင်းစေခံရကြောင်း ခိုင်းစေခံရသူတွေက ဒီ လပိုင်းတွေ အတွင်းမှာဘဲ ပြောဆိုကြတာပါ။

ဒီလို လိမ်ညာ ခိုင်းစေမှုမှာ လူကုန်ကူးခံရသူတွေကို ကယ်တင်ရေး အတွက် ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အထူးအဖွဲ့တခုကို အာဏာပိုင်တို့ ဖွဲ့စည်းခဲ့တာပါ။ ရဲထံ အကူအညီ တောင်းခံမှု ၃၆ ခု စလုံး နီးပါးဟာ အလိမ်အညာ အလုပ်တွေနဲ့ ဆက်စပ်ကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့ရဲ့ ရာဇဝတ်ဂိုဏ်းများဆိုင်ရာ ဗျူရို အကြီးတန်း ရဲမှူး Tony Ho က ပြောပါတယ်။ ပြည်ပမှာ ဖြစ်နိုင်ခြေ မရှိတဲ့ အလုပ်တွေကို လက်ခံလာစေရေး ဟောင်ကောင် ဒေသခံတွေကို လိမ်လည်နေသူလို့ သံသယနဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးထားကြောင်းလည်း ရဲမှူး Ho က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

မြန်မာနဲ့ ကမ္ဘေားဒီယား နိုင်ငံတို့မှာ လိမ်ညာ ခံရသူ ၂၂ ဦး ရှိနေဆဲဖြစ်ကြောင်း ယုံကြည်ထားကြောင်းနဲ့ ဒီထဲက ၉ ဦးကတော့ သူတို့ မိသားစုတွေ ဒါမှမဟုတ်လည်း ဟောင်ကောင် ရဲကို ဆက်သွယ်မှု မရှိဘူးလို့လည်း ရဲမှူး Ho က ပြောပါတယ်။ လှည့်ဖျား ခံရသူတွေကို လေယာဉ်လက်မှတ်ပေး ပြည်ပကို ခေါ်ယူပြီး လေဆိပ် ရောက်ချိန်မှာ သူတို့ထဲက အများစုရဲ့ နိုင်ငံကူး လက်မှတ်တွေကို သိမ်းယူကြောင်း၊ ဒီနောက်မှာတော့ တခြားလူတွေကို လိမ်ညာတဲ့ လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံရကြောင်း သူက ပြောပါတယ်။ မြန်မာနိုင်ငံ ကရင် ပြည်နယ်ထဲမှာ ဟောင်ကောင် တဦး တလလောက် ပိတ်မိနေခဲ့ပြီး သူ့မိသားစုက အကူအညီ တောင်းခံခဲ့ကြောင်းလည်း ဟောင်ကောင် DAB ပါတီက နိုင်ငံရေး သမားတွေက တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG