သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပအိုဝ္းျပည္သူ႔စစ္အဖြဲ႔က သူတို႔အဖြဲ႔ဝင္ ၅ ဦးကို သတ္ျဖတ္ခံေၾကာင္း PNLO ေျပာ


PNLO/PNLA ရဲ႕ သတင္းထုတ္ျပန္​ေၾကညာခ်က္။ (ဓာတ္ပံု - PNLO Info)

ရွမ္းျပည္နယ္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္အတြင္းမွာ ဗိုလ္မွဴးၾကီးခြန္ဥကၠာ နာယကအျဖစ္ ေဆာင္႐ြက္ေနတဲ့ ပအိုဝ္း အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLO က အဖြဲ႕၀င္ ၅ ေယာက္ကို တျခား ပအို၀္းတိုင္းရင္းသား အဖြဲ႕တခုျဖစ္တဲ့ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ PNO ျပည္သူ႔စစ္အဖြဲ႕က သတ္ျဖတ္ခဲ့တယ္ဆိုၿပီး PLNO က စြပ္စြဲထားပါတယ္။ ဒီသတ္ျဖတ္မႈကို ကန္႔ကြက္တဲ့အေၾကာင္းနဲ႔ ေျဖရွင္းေပးဖို႔ ေတာင္းဆိုထားၿပီး စုံစမ္းစစ္ေဆးသြားမယ္လို႔လည္း PNLO အဖြဲ႕က တုံ႔ျပန္ထားပါတယ္။ ဒီသတင္းကို ကိုစံေက်ာ္က တင္ျပထားပါတယ္။

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္ ပင္မြန္းေက်း႐ြာအုပ္စု၊ ဝါးၿပဳံးေက်း႐ြာမွာ ဒီလ ၁၄ ရက္ေန႔က ပအိုဝ္း အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLO က လူ ၅ ေယာက္ သတ္ျဖတ္ခံခဲ့ရတာပါ။ PNLO အဖြဲ႕ရဲ႕ တြဲဖက္အေထြေထြအတြင္းေရးမွဴး ၁ ခြန္မင္းသိန္းက VOA ကို အခုလို ေျပာပါတယ္။

“သူတို႔ ပင္ေလာင္းေဒသခံေတြပါပဲ။ ပင္ေလာင္းေဒသခံ က်ေနာ္တို႔ ကေလးေတြပါ။ သူတို႔ ပင္ေလာင္းဘက္ ျပန္ေတာ့ အဲဒီဝါးျပဳန္း႐ြာမွာ အဲဒီ PNO လာၿပီးေတာ့ ဖမ္းသြားတာေပါ့။ ဖမ္းၿပီးေတာ့မွ ပစ္သတ္လိုက္တယ္လို႔ပဲ ၾကားရတာေပါ့။ ဘယ္သူမဆို ဖမ္းၿပီးမွ ပစ္ခတ္သတ္ျဖတ္တယ္ဆိုတာေတာ့ မျဖစ္သင့္ဘူးေလ ေနာ္။ ဒါေတာ့ မလုပ္သင့္ဘူး။ ႏိုင္ငံတကာရဲ႕ ဥပေဒအရေရာ၊ ဘာအရေရာ ဘယ္ရႈ႕ေဒါင့္က ၾကည့္ၾကည့္ ဒါေတာ့ မျဖစ္သင့္တဲ့ ကိစၥေပါ့ေနာ္။ က်ေနာ္တို႔ကေတာ့ ရရွိလာတဲ့ သတင္းအခ်က္အလက္အေပၚမွာေတာ့ သူတို႔ကို ဆက္သြယ္ လိုက္တဲ့အခါ သူတို႔က လက္လြန္ ေျခလြန္ျဖစ္သြားတယ္ဆိုတဲ့အေၾကာင္း ျပန္ၿပီးေတာ့ ေျပာျပလာတာ ရွိပါတယ္။”

PNLO/PNLA ရဲ႕ သတင္းထုတ္ျပန္​ေၾကညာခ်က္။ (ဓာတ္ပံု - PNLO Info)
PNLO/PNLA ရဲ႕ သတင္းထုတ္ျပန္​ေၾကညာခ်က္။ (ဓာတ္ပံု - PNLO Info)

ဒီသတ္ျဖတ္မႈအေပၚ ကန႔္ကြက္ရႈတ္ခ်ေၾကာင္းနဲ႔ ဒီကိစၥကို ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းသြားမွာျဖစ္ေၾကာင္းလည္း ပအိုဝ္း အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLO အဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

သတ္ျဖတ္မႈ က်ဳးလြန္တယ္လို႔ စြပ္စြဲခံထားရတဲ့ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ PNO အဖြဲ႕ဟာ ဦးေအာင္ခမ္းထီေခါင္းေဆာင္တဲ့ ပအို၀္း တိုင္းရင္းသားအဖြဲ႕ ျဖစ္ပါတယ္။

PNO အဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခြန္သန္းႂကြယ္ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး စုံစမ္းေနဆဲျဖစ္ေၾကာင္းနဲ႔ က်ဴးလြန္တာမွန္ကန္ရင္ ေျပလည္ေအာင္ေျဖရွင္းသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

“က်ေနာ္ လိုက္စုံစမ္းေနတယ္။ ေလာေလာဆယ္ က်ေနာ္ တပ္မွဴးေတြ လိုက္ေမးေနတယ္။ ဒီေန႔ကလည္း က်ေနာ္တို႔ သင္တန္းဖြင့္ပြဲႀကီးျဖစ္ေနတာကို၊ သင္တန္းအမွတ္စဥ္ ၄။ ဆိုက္ေခါင္ဘက္မွာ ေရာက္ေနလို႔ေလ က်ေနာ္။ တကယ္လို႔ ျဖစ္မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ေျဖရွင္းၾကမွာေပါ့ဗ်ာ။ က်ေနာ္တို႔လည္း အတတ္ႏိုင္ဆုံးေတာ့ အဆင္ေျပေအာင္။ ေျပလည္ေအာင္ေတာ့ လုပ္ရမွာေပါ့ဗ်ာ။ ”

ဦးေအာင္ခမ္းထီေခါင္းေဆာင္တဲ့ PNO/PNA အဖြဲ႕ဟာ ၁၉၉၁ ခုႏွစ္မွာ ျမန္မာစစ္တပ္နဲ႔ အပစ္အခတ္ရပ္စဲခဲ့ပါတယ္။ ႏိုင္ငံေရးပါတီအျဖစ္ ရပ္တည္ထားတဲ့အဖြဲ႕ျဖစ္သလို ျပည္သူ႔စစ္အျဖစ္ တပ္သားစုေဆာင္းတာေတြလည္း တိုးျမႇင့္လုပ္ေဆာင္ေနပါတယ္။

ဗိုလ္မွဴးႀကီးခြန္ဥကၠာ နာယကအျဖစ္ ေဆာင္႐ြက္တဲ့ PNLO/PNLA အဖြဲ႕ကေတာ့ ၂၀၁၅ ခုႏွစ္မွာ NCA ေခၚ အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားၿပီး လက္ရွိမွာ စစ္ေကာင္စီနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးေနတဲ့ အဖြဲ႕ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပအိုဝ်းပြည်သူ့စစ်အဖွဲ့က သူတို့အဖွဲ့ဝင် ၅ ဦးကို သတ်ဖြတ်ခံကြောင်း PNLO ပြော

ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းမှာ ဗိုလ်မှူးကြီးခွန်ဥက္ကာ နာယကအဖြစ် ဆောင်ရွက်နေတဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က အဖွဲ့ဝင် ၅ ယောက်ကို တခြား ပအိုဝ်းတိုင်းရင်းသား အဖွဲ့တခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်ခဲ့တယ်ဆိုပြီး PLNO က စွပ်စွဲထားပါတယ်။ ဒီသတ်ဖြတ်မှုကို ကန့်ကွက်တဲ့အကြောင်းနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုထားပြီး စုံစမ်းစစ်ဆေးသွားမယ်လို့လည်း PNLO အဖွဲ့က တုံ့ပြန်ထားပါတယ်။ ဒီသတင်းကို ကိုစံကျော်က တင်ပြထားပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာမှာ ဒီလ ၁၄ ရက်နေ့က ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က လူ ၅ ယောက် သတ်ဖြတ်ခံခဲ့ရတာပါ။ PNLO အဖွဲ့ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ခွန်မင်းသိန်းက VOA ကို အခုလို ပြောပါတယ်။

“သူတို့ ပင်လောင်းဒေသခံတွေပါပဲ။ ပင်လောင်းဒေသခံ ကျနော်တို့ ကလေးတွေပါ။ သူတို့ ပင်လောင်းဘက် ပြန်တော့ အဲဒီဝါးပြုန်းရွာမှာ အဲဒီ PNO လာပြီးတော့ ဖမ်းသွားတာပေါ့။ ဖမ်းပြီးတော့မှ ပစ်သတ်လိုက်တယ်လို့ပဲ ကြားရတာပေါ့။ ဘယ်သူမဆို ဖမ်းပြီးမှ ပစ်ခတ်သတ်ဖြတ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူးလေ နော်။ ဒါတော့ မလုပ်သင့်ဘူး။ နိုင်ငံတကာရဲ့ ဥပဒေအရရော၊ ဘာအရရော ဘယ်ရှု့ဒေါင့်က ကြည့်ကြည့် ဒါတော့ မဖြစ်သင့်တဲ့ ကိစ္စပေါ့နော်။ ကျနော်တို့ကတော့ ရရှိလာတဲ့ သတင်းအချက်အလက်အပေါ်မှာတော့ သူတို့ကို ဆက်သွယ် လိုက်တဲ့အခါ သူတို့က လက်လွန် ခြေလွန်ဖြစ်သွားတယ်ဆိုတဲ့အကြောင်း ပြန်ပြီးတော့ ပြောပြလာတာ ရှိပါတယ်။”

ဒီသတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဒီကိစ္စကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းသွားမှာဖြစ်ကြောင်းလည်း ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သတ်ဖြတ်မှု ကျုးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO အဖွဲ့ဟာ ဦးအောင်ခမ်းထီခေါင်းဆောင်တဲ့ ပအိုဝ်း တိုင်းရင်းသားအဖွဲ့ ဖြစ်ပါတယ်။

PNO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်သန်းကြွယ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်းနဲ့ ကျူးလွန်တာမှန်ကန်ရင် ပြေလည်အောင်ဖြေရှင်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“ကျနော် လိုက်စုံစမ်းနေတယ်။ လောလောဆယ် ကျနော် တပ်မှူးတွေ လိုက်မေးနေတယ်။ ဒီနေ့ကလည်း ကျနော်တို့ သင်တန်းဖွင့်ပွဲကြီးဖြစ်နေတာကို၊ သင်တန်းအမှတ်စဉ် ၄။ ဆိုက်ခေါင်ဘက်မှာ ရောက်နေလို့လေ ကျနော်။ တကယ်လို့ ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ ဖြေရှင်းကြမှာပေါ့ဗျာ။ ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ အဆင်ပြေအောင်။ ပြေလည်အောင်တော့ လုပ်ရမှာပေါ့ဗျာ။ ”

ဦးအောင်ခမ်းထီခေါင်းဆောင်တဲ့ PNO/PNA အဖွဲ့ဟာ ၁၉၉၁ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ထားတဲ့အဖွဲ့ဖြစ်သလို ပြည်သူ့စစ်အဖြစ် တပ်သားစုဆောင်းတာတွေလည်း တိုးမြှင့်လုပ်ဆောင်နေပါတယ်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ နာယကအဖြစ် ဆောင်ရွက်တဲ့ PNLO/PNLA အဖွဲ့ကတော့ ၂၀၁၅ ခုနှစ်မှာ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး လက်ရှိမှာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

XS
SM
MD
LG